Feed တွေကို Subscribe လုပ်ပြီး ဖတ်တဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဒီ Blog မှာ တခြား မြန်မာ Blog တွေက ကောင်းနိုးရာရာ လေးတွေကို Preview လုပ်ထားပါတယ်။ Blog ကို လာလည်ပြီး ဖတ်မယ်ဆို တစ်ထိုင်တည်းမှာ တခြား စိတ်ဝင်စားဖွယ်ရာ Post လေးတွေကိုပါ သွားလည်နိုင်ပါတယ်။ Comment တွေပါ ဖတ်လို့ ရတော့ တခြားသူတွေ ၀င်ရောက် အားပေး ဆွေးနွေးထားတာတွေ၊ အမှား ပြင်ပေးထားတာတွေပါ ဖတ်လို့ ရတယ့် အတွက် အလည်လာဖို့ ဖတ်ခေါ်ပါတယ်။
Feed တွေကို Subscribe လုပ်ပြီး ဖတ်တဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဒီ Blog မှာ တခြား မြန်မာ Blog တွေက ကောင်းနိုးရာရာ လေးတွေကို Preview လုပ်ထားပါတယ်။ Blog ကို လာလည်ပြီး ဖတ်မယ်ဆို တစ်ထိုင်တည်းမှာ တခြား စိတ်ဝင်စားဖွယ်ရာ Post လေးတွေကိုပါ သွားလည်နိုင်ပါတယ်။ Comment တွေပါ ဖတ်လို့ ရတော့ တခြားသူတွေ ၀င်ရောက် အားပေး ဆွေးနွေးထားတာတွေ၊ အမှား ပြင်ပေးထားတာတွေပါ ဖတ်လို့ ရတယ့် အတွက် အလည်လာဖို့ ဖတ်ခေါ်ပါတယ်။
ဇာတ်လမ်း(၁) - နင့်ကြောင့်
သြစတြေးလျကို ပြောင်းလာပြီးတဲ့နောက် ကျွန်တော့်ဘ၀ဟာ အင်မတန်ကို စိတ်ညစ်စရာ ကောင်းပါတယ်။ ပြောင်းလာကာစမို့ အဆင်မပြေရတဲ့ အထဲ အပြင်မှာ ကလေး တစ်ယောက် ဗိုက်ထဲမှာ ကလေး တစ်ယောက်နဲ့ အင်မတန် စိတ်ဖိစီးမှု များပါတယ်။ သြစတြေးလျလို နိုင်ငံခြားသားကို အလုပ်ခန့်ဖို့ ခက်ခဲတဲ့ နေရာမှာ အင်္ဂလိပ်စကား လည်လည်ဝယ်ဝယ် မပြောတတ်နဲ့ အလုပ်ကို ၃-၄လလောက် ရှာ၊ ရှာလို့ ရတော့လည်း အလုပ်မှာ အချိန်ပေးရနဲ့ မိန်းမနဲ့ ကလေးတွေအတွက် အချိန်ပေးဖို့ အတော်ခက်ပါတယ်။ နေမြေအသစ် အလုပ်အသစ် ပတ်ဝန်းကျင် အသစ်မှာ အတော်လေးကို ရုန်းကန်ရပါတယ်။
အပင်ပန်းဆုံး အချိန်တွေကတော့ ကျွန်တော့် မိန်းမက ကျွန်တော့်ကို နင့်ကြောင့် ဒီလို အဆင်မပြေဖြစ်ရတာ၊ စင်္ကာပူမှာ နေနေတာ အဆင်ပြေလျက်နဲ့ နင်ဒီကို ပြောင်းချင်လို့ လိုက်လာရတာ လို့ပြောတာတွေပါပဲ။ ဘာတစ်ခု အဆင်မပြေ မဖြစ်လိုက်နဲ့ နင့်ကြောင့် နင် ဒီကို ပြောင်းလာလို့ ဒီလို ဖြစ်ရတာလို့ပဲ ပြောတော့တယ်။ အစတော့ ကျွန်တော်လည်း ကိုယ့်ဘာသာကိုယ် Guilty ဖြစ်နေပါတယ်။ အင်း..စင်္ကာပူ မှာ နေရင် အကောင်းသား ပိုများ အဆင်ပြေမလား ဒီကို ပြောင်းလာပါတယ်။ အဆင်မပြေ စရာတွေချည်းပဲ ဆက်တိုက် ဖြစ်နေတော့တယ်။ ငါမှားတာ။ သူဒီလို ပြောတော့လည်း ဘယ်တတ်နိုင်မလဲ။ ကိုယ့် အမှား ပဲကိုးလို့ ပြောသမျှ ခေါင်းငုံ့ခံပြီး တတ်နိုင်သလောက် သူ အဆင်ပြေအောင် လုပ်ပေးပါတယ်။
ရောက်စက သူများ စိတ်ပြေလက်ပျောက် အလည် သွားမလားဆိုပြီး အပြင် ခေါ်တော့လည်း ရထားနဲ့ သွားရတာ စင်္ကာပူ မှာလို အဆင်မပြေ။ အပြင်မှာ ရင်ခွင်ပိုက် ကလေးငယ် တစ်ယောက်နဲ့ ဗိုက်ထဲမှာ နေ့စေ့လစေ့တော့မည့် ကိုယ်ဝန်နဲ့ သူပဲ ပင်ပန်းပြီး နောက်ဆုံးတော့ နင့်ကြောင့် ဒီလိုဖြစ်ရတာ ဆိုတာပဲ အဖတ်တင်ပါတယ်။ ကျွန်တော်ကလည်း သူပျော်ပါစေဆိုပြီး တခြားအရာတွေ စီစဉ်ပေးလည်း စင်္ကာပူမှာလို ထပ်တူထပ်မျှ မလုပ်နိုင်တော့ ကဲ ဘယ်နှယ့်ရှိစ သြော်ဇီ ဆရာကြီး ဆိုပြီး မျက်စောင်းထိုးရင်တောင် ကျွန်တော်က ၀မ်းသာနေရပါသေးတယ်။
ဒီမှာနေရတာ ဆွေမရှိ မျိုးမရှိ အဖော်အပေါင်း ရှားရှားပါးပါးနဲ့ မို့ ကျွန်တော် အလုပ်သွားတဲ့ အချိန်တွေဆို အိမ်မှာ သူနဲ့ ကလေးတစ်ယောက်နဲ့ပဲ ကျန်ခဲ့တော့ သူလည်း အထီးကျန်တာရော နယ်မြေသစ် အိမ်အသစ်မှာ ကြောက်တာနဲ့ရော စိတ်ထောင်းကိုယ်ကြေ ဖြစ်သမျှတွေက အလုပ်က ပြန်လာတဲ့ ကျွန်တော်ကို ဆီးကြိုနေပါတယ်။ အလုပ်မှာ ပင်ပန်းခဲ့တာတွေကို အမြန်မေ့ထား မိန်းမ စိတ်မငြိုငြင်အောင် အရင် လုပ်ရပါတယ်။
အစမှာတော့ ကျွန်တော်လည်း ကိုယ့်အမှားဆိုပြီး ခေါင်းငုံ့ခံ ဖြေရှင်းပါတယ်။ နောက်တော့ ကျွန်တော်လည်း ယောက်ျားပဲ။ ယောက်ျားမာနတွေက ထောင်းကနဲ ထောင်းကနဲ့ ထလာပါတယ်။ ငါက ကောင်းစေချင်လို့ ဒီကို ပြောင်းလာတာ မင်းက ၀ိုင်းမကူတဲ့ အပြင် အားအားရှိ ငါ့ကိုပဲ အပြစ်တင်နေတယ်။ ရေပြောင်း မြေပြောင်း မှာ ဒီလောက်တော့ အခက်အခဲ ဆိုတာ ရှိမှာပေါ့ နည်းနည်းတော့ သည်းခံ ၀ိုင်းလုပ်မှပေါ့ ဆိုပြီး မြင်လာ ပြောလာပါတယ်။
အလုပ်ကလည်း အသစ်ဆိုတော့ ပင်ပန်းတော့ မိန်းမက စိတ်မပျော်လို့ မှိုင်နေရင်တော့ ကျွန်တော်ကို့ သုန်မှုန်တယ် ထင်လာပါတယ်။ ကလေးနဲ့ အိမ်ကိစ္စနဲ့ ပင်ပန်းလို့ မိန်းမ အိပ်ရာ စောစောဝင်ရင်တောင် ကျွန်တော်နဲ့ မျက်နှာချင်း မဆိုင်ချင်တယ် ထင်ပြီး နေချင်သလိုနေ ငါလည်း နေချင်သလို နေမယ် ဆိုပြီး အရက်ကလေး တစ်ခွက် ၀ိုင်လေး တစ်ခွက်နဲ့ နေနေပါတော့တယ်။ နင့်ကြောင့်လို အပြောမခံရအောင် သူ့ကိုလည်း ဘယ်မှ မခေါ်သွားတော့ဘူး။ နေ့စဉ် လုပ်နေကျတွေကလွဲရင် အမှား မပါအောင် အပို မလုပ်တော့ဘူး။ ၀တ်ကျေတန်းကျေပဲ လုပ်ပေးတော့တယ်။ ပိုလုပ်လည်း အပြစ်ပဲ အပြောခံရမှာ ဆိုတော့ မလုပ်တာပဲ ကောင်းတော့တယ် တွေးပြီး နေနေတော့တယ်။
ကိုယ်က ဒီလိုပဲ ခပ်တန်းတန်း နေပေမယ့် ဗိုက်ထဲက ကလေးကတော့ အချိန်တန် အပြင်ကို ထွက်လာပြီး ကျွန်တော်တို့ အတွက် အလုပ်တွေပို ပြဿနာတွေပို ရန်ဖြစ်စရာတွေပဲ ပိုလာပါတော့တယ်။ ကလေး ၂ ယောက်မွေးပြီး အလုပ်နဲ့ ဝေးနေ ကိုယ်ပိုင် ၀င်ငွေမရှိတော့ သူက စိတ်ဓါတ်ကျလာရာကနေ စိတ်တွေပျက်လာပြီး စိတ်တွေတိုလာပါတော့တယ်။ စင်္ကာပူမှာဆို ကလေး ၂ ယောက်နဲ့လည်း ကိစ္စမရှိ မြန်မာပြည်က အမျိုးတွေ ခေါ်လို့ရတယ်။ အခု နင့်ကြောင့် ငါတစ်ယောက်တည်း သိမ်းကျုံးလုပ်နေရပြီ။ အလုပ် ထွက်လုပ်ဖို့ နေနေသာသာ ကိုယ့်ကလေး ၂ ယောက်ကိုတောင် ဘယ်လို နိုင်အောင် ထိန်းရမလဲဆိုပြီး နောက်ဆုံး ကျွန်တော်ပဲ လက်ညှိုးထိုးခံရပါတယ်။
ကျွန်တော်ကလည်း သူ အလုပ်နဲ့ ဝေးနေတာ စာဖတ်ဖို့ အချိန်မရတာတွေ မမြင်တော့ဘူး နင့်ဘာနင် အလုပ်မရတာ နင်အသုံးမကျလို့ နင်ကြောင့်ဆိုပြီး ပြန်ပြီး လက်ညှိုး ၂ ချောင်းနဲ့ ပြန်ထိုးတတ်လာပါတယ်။ နင်ဘာနင် အသုံးကျရင် အလုပ်ရှာပါလား ဆိုပြီး မှတ်လောက် သားလောက်အောင် ပစ်ထားလိုက်ပါတယ်။ သူ့ဘာသူ ဆိုတာ့ ဘယ်မှာ အလုပ်က ရပါလိမ့်မယ်။ သူကလည်း ငါ့ဘာငါ စင်္ကာပူမှာဆိုရင် အလုပ်က ရနေတာ ကြာပြီ နင့်ကြောင့် နင်ဒီကို ခေါ်လာလို့ အလုပ်မရတာ ဆိုပြီးတော့ပဲ ပြန်ပြောတယ်။ ကျွန်တော်ကလည်း ဘယ်ခံတော့မလဲ နင်အလုပ်မရတာ နင့်ကြောင့်ပဲ ပြန်ပြောလိုက်တာပေါ့။ ဒီလို မိန်းမ ဘာမှ အလုပ် ၀ိုင်းရှာပေးမနေတော့ဘူးဆိုပြီး မှတ်လောက် သားလောက် ရှိအောင် ပစ်ထားလိုက်တာ အချိန်အတော်ကြာမှ အလုပ်ရသွားတယ်။
အလုပ်ရသွားတော့ ပြဿနာက မအေးသွားတဲ့ အပြင် ပိုတက်တယ်။ အလုပ်မှာ သူပင်ပန်းလာသမျှဟာ “နင့်ကြောင့်”တွေပဲ ဖြစ်သွားတယ်။ ကျွန်တော်ကလည်း မခံတော့ဘူး။ နင့်ကြောင့် ဖြစ်ရတာဆိုပြီး ပြန်ပြောတတ်လာတယ်။ နှစ်ယောက်စလုံးက အလုပ်မှာ ပင်ပန်းသမျှကို လင်မယား ရန်ဖြစ်ပြီး အိမ်မှာ ပေါက်ကွဲကြတယ်။ ရန်ပွဲတွေရဲ့ အစကလည်း နင့်ကြောင့်ကနေ စတာချည်းပါပဲ။ တစ်ယောက်ကို တစ်ယောက်လည်း သည်းမခံနိုင်တော့သလို သည်းခံစရာလည်း မရှိတော့ပါဘူး။ ရန်ဖြစ်နေတဲ့ အချိန်မှာ ကလေးတွေ ဘယ်လို နေမယ်လဲ တွေးနေဖို့လည်း အချိန်မရှိတော့ပါဘူး။ သူတို့ဘာသူတို့ ချောင်တချောင်ချောင်မှာ ကုပ်ပြီး မိဘတွေကို ကြည့်နေကြရင်လည်း ကြည့်နေမည်။ အခန်းထဲ အသာလေး ၀င်သွားရင်လည်း ၀င်သွားကြမည်။
ဒီလိုနဲ့ နှစ်ယောက် စလုံး နင့်ကြောင့်လိုက်တာ နောက်ဆုံးတော့ ဘယ်လိုမှ အတူတူ မနေနိုင်တော့ဘဲ သူလည်း သူပျော်ရာ စင်္ကာပူမှာ ပြန်သွားပြီး အလုပ်သွားလုပ်နေပြီး ကျွန်တော်ကတော့ သြစတြေးလျမှာ ကျန်ခဲ့ပါတယ်။ ကလေးတွေကိုတော့ အဘိုးအဘွားတွေ ရှိရာ မြန်မာပြည်ကို ပို့ထားလိုက်ပါတော့တယ်။ ဒီလို ဖြစ်ရတာကိုလည်း ကျွန်တော်တို့ ၂ ယောက်စလုံးက နင့်ကြောင့်လို့ အပြန်အလှန် စွပ်စွဲကြရုံကလွဲလို့ ဖြေရှင်းစရာ နည်းလမ်းလည်း မတွေ့တော့ပါဘူး။
ဇာတ်လမ်း(၂) - ငါ့ကြောင့်
စင်္ကာပူကနေ သြစတြေးလျကို ပြောင်းလာနိုင်တာနဲ့ ပက်သတ်ပြီး ကျွန်တော် အလွန်ဂုဏ်ယူပါတယ်။ စင်္ကာပူလို အနီးအပါး နိုင်ငံစုံက လူအပေါင်းလာနေတဲ့ နိုင်ငံကနေ သြစတြေးလျလို လာဖို့ ခက်ခဲတဲ နိုင်ငံကို ပြောင်းလာရလို့ပါ။ အထူးသဖြင့် ကျွန်တော့် မိန်းမရှေ့မှာ ဆို မကြာခဏ ၀င့်ကြွားလေ့ရှိပါတယ်။ ငါ့ကြောင့် မင်း သြော်ဇီမှာ နေရတာ ဆိုတာမျိုးပေါ့။ မိန်းမကလည်း “ဟုတ်ပါပြီတော်” ဆိုပြီး ခပ်ပြုံးပြုံး နေလေ့ရှိပါတယ်။
ရောက်စက မြင်မြင်သမျှက ဘိုအသုံးဆောင်တွေ ဘိုအစားအစာတွေ ဆိုတာ့ ဘယ်သွားသွား ဘာစားစား ငါ့ကြောင့် မင်းဒီလို ဖြစ်ရတာ ဆိုပြီး မိန့်မိန့်ကြီး ကြည့်တဲ့ အခါကြည့်။ မနေနိုင်လို့ ပါးစပ်က ထွက်သွားပြီး ငါ့ကြောင့် မင်းဒီလို အဆင့်အတန်းနဲ့ နေရတာ ဆိုပြီး ပြောလည်း မိန်းမက “ကျေးဇူးပါတဲ့..ရှင်” ပြောတဲ့ အခါလည်း ပြောပေါ့။ သူ ဒီမှာ ပစ္စည်းလေး တစ်ခု ၀ယ်ပြီး ကြည်နူးနေရင်ဖြစ်ဖြစ် ပျော်ရွှင်နေရင် ဖြစ်ဖြစ် ကျွန်တော်ကတော့ ငါ့ကြောင့်သူ ဒီလို ပျော်ရွှင်ရတာ ဆိုပြီး ကြံဖန် ကြည်နူးတတ်ပါသေးတယ်။ ဆစ်ဒနီလို လူတိုင်းသိတဲ့ လူတိုင်းအလည် လာချင်တဲ့ မြို့မှာ ကမ္ဘာပေါ်မှာ Icon တစ်ခုအနေနဲ့ ကျော်ကြားတဲ့ Opera House နဲ့ Darling Harbour ကို အလည်သွားနိုင်တာလည်း မင်း ငါနဲ့သာမို့ ပေါ့လို့ ခပ်တည်တည်နဲ့ ပြောတတ်ပါသေးတယ်။
“မင်း စင်္ကာပူမှာဆို ကားစီးနိုင်မှာ မဟုတ်ဘူး။ အခု ငါဒီကို ပြောင်းလာလို့ အိမ်နဲ့ ကားနဲ့ နေရတာ” ပြောရင်လည်း မိန်းမက “ဟုတ်တယ်နော် စင်္ကာပူမှာဆို ချမ်းသာမှ ကားစီနိုင်တာ..” ဆိုပြီး ကျွန်တော်ပျော်အောင် ပြန်ပြောတတ်ပါတယ်။ ကျွန်တော်က ဒီမှာ ကလေးနှစ်ယောက်နဲ့ အိမ်နဲ့ ကားနဲ့ တင့်တောင်း တင့်တယ် ထားနိုင်တာ ငါလို ယောက်ျားနဲ့မို့ လို့လည်း တွေးတတ်ပါတယ်။ ထုတ်ပြောမိတာလည်း ဘယ်နှစ်ခါမှန်းကို မရေတွက်နိုင်တော့ပါဘူး။
သူ့သူငယ်ချင်းထဲက တစ်ယောက်ယောက်ကို မြန်မာပြည်မှာ ကျန်နေတာများ မတွေ့လိုက်နဲ့ တွေ့လိုက်တာနဲ့ “See .. မင်း ကိုယ့်ကြောင့် ဒီလိုနေရာမှာ ဒီလိုနေရတာ။ သူများတွေ ဘယ်လို နေနေရတယ်တွေ့လား” ဆိုလိုက်ရင်.. တခါတလေလည်း “သူတို့က နိုင်ငံခြား မထွက်ချင်လို့ပါ” ပြန်ပြောရင်ပြော .. တခါတလေလည်း “ဟုတ်..ကျေးဇူး” ဆိုပြီး ပြန်ပြောရင်ပြောတတ်ပါတယ်။
အဆိုးဆုံးကတော့ သူ ကျွန်တော်နဲ့ ယူလိုက်လို့ ဒီလို ဘ၀မျိုး ရောက်နေရတာလို့ ကျွန်တော် ဒီလိုပဲ မကြာခဏ စိတ်ကြီး ၀င်တတ်တာပါပဲ။ မင်း ငါနဲ့သာ မယူဘဲ ဟိုအကောင်နဲ့ ယူလိုက်ရင် မင်းဘ၀က ဘယ်လို ဖြစ်နေမှာ ။ မင်းအခုဆို ဘယ်လို ရုန်းကန်နေရမှာ။ မင်းငါနဲ့ ယူလိုက်လို့ မင်းဒီလို တင့်တောင်းတင့်တယ် နေရတာ ပြောတတ်ပါသေးတယ်။
ကျွန်တော် ဒီလို “ငါ့ကြောင့်”လို့ အခြောက်တိုက် ဘ၀င်မြင့်သမျှကို သူကတော့ ဘယ်တော့မှ ကာပြန်မပြောပါဘူး။ မကြားချင်ယောင် ဆောင်လိုက်တာမျိုး၊ ပြုံးပြတာမျိုး၊ နှုတ်ကနေ ပြန်ပြောတာမျိုးနဲ့ပဲ ကျွန်တော်ကို ပြန်တုန့်ပြန်ပါတယ်။ သူ့အတွေးထဲမှာ ဘယ်လိုရှိမလဲ၊ သူတကယ်ပဲ ကျွန်တော်ကြောင့် ဘ၀က ပြောင်းလဲသွားတာလား၊ ကျွန်တော်နဲ့ မတွေ့ဘဲ တခြားတစ်ယောက်နဲ့ တွေ့လို့ ဘ၀က တကယ်တမ်း ဒီထက် အများကြီး ပိုကောင်းနေမလား ကျွန်တော် မတွေးမိပါဘူး။ ဒါမှဟုတ် ကျွန်တော် လုပ်ပေးရင်ပြီးရော ကျွန်တော့် ၀သီ “ငါ့ကြောင့်” ပြောတတ်တာလေးတော့ သည်းငြီးခံ နေလိုက်မည် စိတ်ကူးထားလားလည်း ကျွန်တော် ဘယ်တုန်းက မစဉ်းစားမိပါဘူး။ ကျွန်တော်ကတော့ ဘာလေးပဲ ဖြစ်ဖြစ် ငါ့ကြောင့် လို့တော့ နာမည်ယူလိုက်ရမှ အာသာပြေနေပါတော့တယ်။
ဇာတ်လမ်း (၃) - နင့်ကြောင့် ငါကြောင့်
အိမ်ထောင် ကျပြီးနောက် လင်ရယ် မယားရယ် ဖြစ်လာရင် ဘ၀တွေဟာ ပိုပြီး ပီပြင်လာပါတယ်။ အထူးသဖြင့် အနာဂတ် အတွက် ပိုပြီး တွေးလာရပါတယ်။ တကိုယ်တည်း သမား ဘ၀မှာ ကောင်းကျိုး၊ ဆိုးကျိုးမှန်သမျှ ကိုယ်လုပ်သမျှ ကိုယ်ကိုယ်တိုင်ပဲ ခံစားရတဲ့ အတွက် ကောင်းသည် ဆိုးသည် မသိသာလှပါဘူး။ တခြားသူ တစ်ယောက်ဟာ ကိုယ့်ဘ၀ရဲ့ အစိတ်အပိုင်း ဖြစ်လာပြီး ကိုယ့်ရဲ့ အကောင်း အဆိုးတွေကို ကိုယ်နဲ့ အတူ ခံစားရလာတဲ့ အခါမှာတော့ အကောင်း အဆိုးတွေဟာ သိသာလာပါတယ်။ ရုန်းကန်ရတဲ့ အချိန်တွေမှာ ကြုံတွေ့ရမည့် အခက်အခဲတွေ၊ အောင်မြင်လာချိန်မှာ စံစားရမည့် အကျိုးအမြတ်တွေကို ဝေမျှ ခံစားတတ်ပြီး တစ်ဦးကို တစ်ဦး နားလည် အကူအညီ ပေးမှသာ ဘ၀ကို အဖော်ကောင်း တစ်ယောက်နဲ့ ဖြတ်သန်းရသလို ဖြစ်မှာပါ။
နိုင်ငံ တစ်နိုင်ငံကနေ တစ်နိုင်ငံ ပြောင်းတဲ့အခါ ကြုံတွေ့ရမည့် Stress တွေ Culrural Shock တွေ ဟာ မျှော်လင့်ထားတာထက် ပိုမို ခက်ခဲနိုင်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ သြစတြေးလျကို ပြောင်းလာတဲ့ အခါ အလျင်စလို မလုပ်ဘဲ စင်္ကာပူမှာ ပျော်သလောက် နေပါတယ်။ နောက်ဆုံး အချိန်တန်တော့မှ သူရော ကိုယ်ပါ ပြောင်းချင်တော့မှ ပြောင်းလာကြပါတယ်။ ဒီလို နိုင်ငံပြောင်းဖို့ နံပါတ်တစ် Tip ကတော့ လက်ရှိနေရာမှာ ပျော်သလောက်နေပါ၊ နောက်ဆုံး တကယ်ပြောင်းချင်တယ် ဆိုမှ ပြောင်းလာပါ။ ဒီရောက်ပြီးမှတော့ ဟိုမှာ ဘယ်ဟာ မလုပ်ခဲ့ရလို့ ဒီဟာ မလုပ်ခဲ့ရလို့ ဆိုတဲ့ နောင်တတွေ နည်းမှာပါ။ ဒါတောင် အနည်းနဲ့ အများ ရှိနိုင်ပါသေးတယ်။ ဥပမာ ကျွန်တော်တို စင်္ကာပူမှာ နေပြီး အနီးအနားက နိုင်ငံတွေ ဥပမာ ထိုင်းနဲ့ ဟောင်ကောင်ကို မလည်လိုက်ဖြစ်တာတွေ တွေးမိပြီး စိတ်မကောင်းပါဘူး။ အဲဒီတုန်းကလည်း ကိုယ့်ရဲ့ Priortiy က ညီအကို မောင်နှမတွေကို စင်္ကာပူ အရောက်ခေါ်ရေး ဆိုတော့ ဒီဟာတွေ နောက်ဆုတ်ထားပြီး အကောင်အထည် မဖော်ဖြစ်တော့ပါဘူး။ စင်္ကာပူလိုနိုင်ငံမှာ အမျိုးအစုံအလင်နဲ့ သားဦး သမီးဦးလေး မွေးလာဖြစ်လာတာကိုတော့ ကျေနပ်မိပါတယ်။
ကံကောင်းချင်တော့ ကျွန်တော် ဒီကို ပြောင်းလာတာ အလုပ်ပါ တစ်ခါတည်း ပါလာတာပါပဲ။ အရွယ်ကောင်း တစ်ယောက်အတွက် အလုပ်လက်မဲ့ ဖြစ်ရတာလောက် စိတ်ဖိစီးမှုများ တာ မရှိုနိုင်ပါဘူး။ မိသားစု ထဲမှာ အိမ်ထောင်ဦးစီး တစ်ယောက်အတွက်တော့ ပုံမှန် ၀င်ငွေ ရနေရေးဟာ ပထမ ဦးစားပေး တာဝန် ဖြစ်နေတော့တာပါပဲ။ အလုပ်ကို တပါတည်း မယူနိုင်ဘူးဆိုရင်တော့ အလုပ် ရနိုင်ရေးအတွက် လိုအပ်တဲ့ အရည်အချင်းတွေတော့ ပါလာရပါမည်။ ဘယ်လို အရည်အချင်းတွေ လိုအပ်တယ်၊ ဘယ်အလုပ်တွေဟာ ပိုကောင်းတယ်၊ အလုပ် ဘယ်မှာ ဘယ်လို ရှာရမည်။ အလုပ်ရှာ ဖို့အတွက် ဘာတွေ လိုသလဲ၊ အလုပ်ရှာလို့ ကောင်းတာ မကောင်းတာ ဘယ်အချိန်တွေလည်း (ဥပမာ ခရစ်စမတ်နဲ့ နှစ်ကူးကာလ ဆိုရင် မကောင်း) ဆိုတာကတော့ မရောက်ခင်ကတည်းက သိနေရပါမယ်။ တကိုယ်တည်း သမား စွန့်စွန့်စားစားနဲ့ အလုပ်လာရှာတာ ဆိုရင်တော့ အေးအေးဆေးဆေး နေလို့ ရပေမယ့် ကိုယ့်မှာ မိသားစု ရှိလာရင်တော့ အလွန်ဆုံး တောင့်ခံနိုင် ဘယ်နှစ်လ ဘယ်နှစ်ရက်လည်း ဆိုတာလည်း တွက်ထားရပါမယ်။ ဥပမာ ကိုယ့်မှာ ရှိတာ ဒေါ်လာ ၃သောင်း ဆို ဘယ်နှစ်လ အလုပ်မလောက်ဘဲ ဒီအတိုင်း စားနိုင်မလဲ ဆိုတာမျိုးပါ။
သြော်ဇီမှာ အိမ်ငှားတဲ့ အခါ စင်္ကာပူလို မလွယ်နိုင်ပါဘူး။ တစ်ကိုယ်တည်း သမား၊ လင်မယား ၂ ယောက်တည်းဆိုရင်တော့ အခန်း တစ်ခန်းတည်း ငှားနေလို့ ရပါတယ်။ စင်္ကာပူမှာလိုတော့ မြန်မာအိမ် အချင်ချင်း ငှားနေတာမျိုး မဖြစ်နိုင်ပါဘူး။ တစ်အိမ်လုံး ငှားမည် ဆိုရင်လည်း အိမ်ထောင် ပရိဘောဂတွေ မပါပါဘူး။ ပါတဲ့ အိမ်တွေကလည်း အတော် ဈေးကြီးပါတယ်။ အဲဒါကြောင့် ရောက်ရောက်ချင်း လိုအပ်တဲ့ အိမ်ထောင် ပရိဘောဂတွေ အကုန် ပြန်ဝယ်ရပါမည်။ စောင် ခေါင်းအုံး၊ ပန်းကန် ခွက်ယောက်ကနေ တီဗွီ ရေခဲသေတ္တာ၊ စားပွဲ ကုလားထိုင် အကုန် အကုန် ၀ယ်ရပါမည်။ အဲဒီအတွက်ရယ် အိမ်စပေါ်တွေ ဘာတွေအတွက်ရယ် ဒေါ်လာ ၁သောင်းလောက်က အသာလေး ရှောကနဲ့ ထွက်သွားနိုင်တယ် ဆိုတာလည်း သိထားရင် ကုန်သွားတော့မှ မျက်လုံးပြူး မျက်ဆန်ပြူး မဖြစ်ရတော့ပါဘူး။
သြော်ဇီလို မြန်မာ သိပ်မများသေးတဲ့ နေရာကိုလာရင် အထီးကျန် ဆန်တတ်တာကို အထူးသဖြင့် အိမ်မှာနေနေခဲ့ရမယ့် ဇနီး၊ မယားက ကြိုတင် သိထားပြီး အဲဒီ ဒဏ်တွေကို ခံနိုင်တယ် ဆိုမှ လာသင့်ပါတယ်။ သြော်ဇီမှ မဟုတ်ပါဘူး၊ အမေရိကားလို ကျယ်ပြန့်တဲ့ နိုင်ငံတွေမှာလည်း အိမ်ထောင်ရှင်မတွေက အိမ်မှာ ကျန်ခဲ့ရင် ဘယ်လို ခံစားရတယ်ဆိုတာ သူတို့ပဲ သိနိုင်ပါတယ်။ သတင်းခေတ်ကြီးမှာတော့ သူတို့ အတွက် တခြားသူတွေနဲ့ ဆက်သွယ်စရာ နည်းလမ်းတွေ ရှိနေတော့ အနည်းနဲ့ အများ သက်သာစေပါတယ်။ ဘလော်ဂ့်တွေ Web Site တွေ ဖတ်တာမျိုးကနေ Skype လိုမျိုး သူငယ်ချင်း အမျိုးတွေနဲ့ တစ်ဦးနဲ့ တစ်ဦးတွေ့ပြီး စကားပြောတာမျိုးတွေ လုပ်နိုင်အောင် ဖန်တီးပေးထားခြင်းဖြင့် အထီးကျန်ဆန်မှုတွေကို သက်သာစေနိုင်ပါတယ်။ ဒါအပြင် ယောက်ျား ဖြစ်သူက ရုံးမှ အနည်းဆုံး နေ့လည် ထမင်းစားချိန်လောက် ဖုန်းခေါ်ပေးခြင်းမျိုးတွေလည်း လုပ်မှ တစ်ဦးနဲ့ တစ်ဦး စိတ်ထဲမှာရော အပြင်မှာရော အပြတ်အတောက် မရှိတော့မှာပါ။ ဒီလို ဖုန်းခေါ်ပေးတာ Chat တာဟာ မိန်းမ အလုပ်ထဲ ရောက်သွားရင်တောင် လုပ်လို့ရတာမျိုးပါ။
ကျွန်တော်တို့ ရောက်စက သမီးက ၆လသားလေး ဆိုတော့ သူမလည်း ကလေးတစ်ဘက် အိမ်အလုပ် တစ်ဘက်နဲ့ အတော်လေး အလုပ်များပြီး Occupied ဖြစ်ပေမယ့် ကျွန်တော် အိမ်မှာ မရှိတဲ့ အချိန်ဟာ သူမအတွက်တော့ အတော်လေး အထီးကျန် နေပါသေးတယ်။ အဲဒါကြောင့် ခင်ပွန်းသည်က အလုပ်ထဲမှာ အခြေကျပြီး ၁လ-၂လ လောက်နေမှ ဇနီးဖြစ်သူကို အတူနေဖို့ ခေါ်တာ ခင်ပွန်းဖြစ်သူအတွက် နှစ်ဘက် ဗျာမများရသလို ဇနီးသည်ကိုလည်း ပိုပြီး ဂရုစိုက်နိုင်ပါတယ်။ ကျွန်တော်လာတုန်းက အရင် တစ်ယောက်တည်း လာပြီး အခြေကျမှ သူမကို ခေါ်လိုက်ပါတယ်။ အလုပ်ကတော့ စင်္ကာပူမှာ လုပ်ခဲ့တဲ့ အလုပ်ပဲမို့ အလုပ်ထဲမှာ အခြေကျဖို့ အချိန် သိပ်မစောင့်လိုက်ရပါဘူး။
အဲဒါကြောင့် သြော်ဇီ ပြောင်းခါစ လူတွေအနေနဲ့ လစာ များများ မမက်ဘဲ ကိုယ်နိုင်နိုင်တဲ့ အလုပ်ကို ပထမ ၆လ ၁ နှစ်လောက်တော့ လုပ်ရင် Stress ကို နည်းနည်း လျှော့နိုင်တယ် အကြံပေးလိုပါတယ်။ ၆လ ၁နှစ်တန်မှ Local Experience လည်းရပြီးမှ လစာလည်း များများ တာဝန်လည်း ပိုယူရမည့် အလုပ်ကို ပြောင်းလုပ်နိုင်ပါတယ်။ ကျွန်တော်တုန်းက စင်္ကာပူမှ တဆက်တည်း ရလာတဲ့ အလုပ်ကနေ ၆လ အကြာမှ ထွက်လိုက်ပြီး လစာ ပိုများတဲ့ အလုပ်ကို ပြောင်းလိုက်ပါတယ်။ အခုအချိန်မှာ သူမရော ကျွန်တော်ရော အလုပ်ပြောင်းမည်ဆို နောက်ထပ် တစ်နှစ် ၁ သောင်းလောက် ပိုရတဲ့ အလုပ်ကို ရနိုင်ပေမယ့် လက်ရှိ အလုပ်မှာပဲ အေးအေးဆေးဆေး နေကြပါတယ်။ ကလေး ၂ ယောက်နဲ့ ကိုယ်ခံနိုင်မည့် ၀န်ထုပ်ဝန်ပိုးကိုပဲ ကိုယ်ထမ်းပါတယ်။ ဘ၀ကို ကိုယ်တတ်နိုင်သလောက် အနေအထားနဲ့ပဲ ဖြတ်သန်းချင်ပါတယ်။ အလုပ်ပင်ပန်းတာကနေ အိမ်ထောင်ရေး ထိခိုက်တာမျိုးဆိုရင် မတန်ပါဘူး။
ယောက်ျားတွေဟာ မိန်းမတွေထက် ပိုပြီး စွန့်စားတတ်တာဟာ မွေးရာပါပဲ။ တစ်နေရာကနေ တစ်နေရာကို ပြောင်းမည် ဆိုရင် ယောက်ျားများ အတွက်က ဖောင်ဖျက်ပြီး သွားမှသာ ပိုပြီး အလုပ် ဖြစ်ပေမယ့် မိန်းမတွေ အတွက်ကတော့ ပိုပြီး အစိုးရိမ် ကြီးစရာပါ။ အဲဒါကြောင့် သူတို့ကို စိတ်လုံခြုံမှု ပေးဖို့အတွက် နေရာသစ်မှာ အဆင်မပြေရင် နေရာဟောင်းကို ပြန်သွားနိုင်သေးကြောင်း အထောက်အထား တစ်ခုခု ပြထားဖို့ လိုပါတယ်။ သြော်ဇီကို ပြောင်းလာခါနီးတော့ ကျွန်တော်တို့ စင်္ကာပူ PR ကို မရရအောင် လျှောက်လိုက်ပြီး အဲဒီ အခြေအနေကို ထိန်းသိမ်းထားလိုက်တော့ သူမအနေနဲ့ အစိုးရိမ်ကြီး မဖြစ်ရတော့တာဟာ နောင်ရေး လုံခြုံမှုသာမက နေ့စဉ် ဘ၀တွေမှာ ပါ မသိသာလိုက်ဘဲ အဆင်ပြေစေပါတယ်။
ယောက်ျားတွေ အတွက် မိဘမောင်ဘွားတွေကို သိပ်အတွယ်အတာ မများပေမယ့် မိန်းမဖြစ်သူတွေကတော့ အိမ်ထောင်ကျ ကလေးရနေသေးလည်း မိဘမောင်ဘွားတွေကို ခင်တွယ်နေပါသေးတယ်။ အဲဒါကြောင့် အနည်းဆုံး မိန်းမဖြစ်သူရဲ့ မိဘတွေကို အလည်ခေါ်ပေးနိုင်ဖို့လည်း မျှော်လင့်ထားရပါမည်။ သြစတြေးလျကို အလည်ခေါ်ရတာဟာ စင်္ကာပူလောက်တော့ ဗီဇာမလွယ်နိုင်သလို အကုန်အကျလည်း ပိုများနိုင်ပါတယ်။ အမျိုးသမီးများအတွက် အထူးသဖြင့်တော့ ကလေး မွေးချိန်လိုမျိုးမှာ မိဘတွေကို လိုအပ်တတ်တော့ ကြိုတင် ပြင်ဆင် သတင်းယူထားတာ အကောင်းဆုံးပါ။
အရေးကြီးတဲ့ နောက်အချက်ကလည်း ဇနီးဖြစ်သူ လုပ်ငန်းခွင် ပြန်ဝင်နိုင်ရေးပါ။ ဒီလို အလုပ်လုပ်တဲ့ အတွက် အပိုဝင်ငွေလည်း ပိုရသလို ဇနီးဖြစ်သူကလည်း အပြင် အသိုင်းအ၀ိုင်းနဲ့ ထိတွေ့ရတဲ့ အတွက် သူ့အတွက် ပိုကောင်းစေပါတယ်။ အဲဒီအတွက် ဇနီးသည်ရဲ့ လက်ရှိ အခြေအနေဟာ ကိုယ်သွားမယ့် နိုင်ငံနဲ့ အဆင်ပြေ မပြေ ကြည့်ရပါမယ်။ လိုအပ်မည် ထင်ရင် လုပ်လည်း လုပ်နိုင်မည်ဆိုရင် နိုင်ငံ မပြောင်းခင်ကတည်းက ကြိုတင် သင်တန်းတက်ထားနိုင်ပါတယ်။ နေရာသစ်ရောက်နေရင်တော့ အဲဒီနေရာမှာ လိုအပ်တာတွေအတွက် မွမ်းမံသင်တန်းလိုမျိုး ထပ်တက်သင့် တက်ရပါမည်။ ဇနီးသည် အလုပ်ရရေး အတွက် ခင်ပွန်းသည်က ကူညီတာ နှစ်ဦးစလုံး ကောင်းဖို့ပဲ ဖြစ်ရပါတယ်။ ကျွန်တော်တို့တုန်းက အကြောင်းတွေကိုတော့ “ကလေးအမေ လုပ်ငန်းခွင် ပြန်ဝင်သောအခါ” ပို့စ်မှာ ရေးပြီး ဖြစ်လို့ အဲဒီမှာ သွားဖတ်နိုင်ပါတယ်။
နှစ်ယောက်စလုံး အလုပ်လုပ်တဲ့ အခါ ကသီလင်တ နိုင်တာလေးတွေ ရှိနိုင်ပေမယ့် တစ်ဦးကို တစ်ဦး ကူညီမည် ဆိုရင်တော့ အိမ်အလုပ် ရုံးအလုပ်မျှသွားမှာပါ။ သြစတြေးလျဟာ စင်္ကာပူလို အကူ အိမ်ဖော် မခေါ်နိုင်တဲ့ နေရာဆိုတာလည်း သိထာပြီး လင်မယား ၂ ယောက်တည်းနဲ့ အိမ်အလုပ်တွေကို နိုင်နိုင်သလားလည်း မလာခင် စဉ်းစားထားရပါမည်။ အသိထဲမှာ စင်္ကာပူမှာ အိမ်ဖော်နဲ့ အဆင်ပြေ နေတဲ့သူကလည်း ဒီကို မလာချင်ဘူးလို့ ခပ်ရှင်းရှင်းပဲ ပြောပြပါတယ်။ (စင်္ကာပူမှာ အဆင်ပြေနေတာလည်း တခြား အဓိက အကြောင်းတစ်ခုပါ)။
ဒါတွေဟာ လက်ရှိ ကျွန်တော်တို့ ဘ၀ကို သြော်ဇီမှာ ဘယ်လို ဖြတ်သန်းခဲ့ရတယ် ဆိုတာ အကျဉ်းချုံးပဲ ရှိပါသေးတယ်။ တစ်ယောက်နဲ့ တစ်ယောက် ကြုံတွေ့ရမည့် အခက်အခဲတွေက မတူနိုင်ပေမည့် လက်နက် ပြည့်စုံမှ စစ်ထွက်သလို အစစ အရာရာ ပြင်ဆင်ပြီးမှ ထွက်ရင်တော့ အခက်အခဲတွေမှာ တော်ရုံ အထိမနာ အကျမနာတော့ပါဘူး။
အချုပ်
အပေါ်က ဇာတ်လမ်း ၁ လို ကျွန်တော်တို့ ဖြစ်ခဲသလားဆိုရင်တော့ ၉၅% မဖြစ်ခဲ့ဘူးလို့ ပြောရမှာပဲ။ ရောက်ရောက်ချင်းမှာ Cultural Shock ဖြစ်ပြီး ၂ ယောက်စလုံး အနည်းငယ် ခံစားခဲ့ရတာကိုတော့လည်း မငြင်းသာပါဘူး။ ဒါတောင် ၂ ယောက်စလုံးက သြော်ဇီမလာခင် တခြား အနောက်နိုင်ငံမှ ၂နှစ် ၃နှစ် နေထားဖူးသေးတယ်။ အဓိကကတော့ စင်္ကာပူလို အစစ အရာရာ အလွယ်တကူ မရနိုင်ခဲ့တာ (ဥပမာ Public Transport နဲ့ ကိုယ်လိုချင်တာတွေ ဘယ်မှာ ၀ယ်ရမှန်းမသိတာ တချို့ ၀ယ်လို့မရတာ)၊ ဆွေမျိုး သူငယ်ချင်း နည်းပါးတာ၊ ကလေး ငယ်လေး တစ်ယောက်နဲ့ နောက်ကလေး တစ်ယောက်ကို ကိုယ်ဝန်လွယ်ထားရတာ။ ဒီလို အခက်အခဲလေးတွေပဲ ရှိရုံ ရှိခဲ့တော့ အမှိုက်ကစ ပြဿဒ် မီးလောင်တာမျိုးတော့ မရှိခဲ့ပါဘူး။ ဒီလို ကံကောင်းရတာလည်း မိဘမောင်ဘွားကို ကျွေးမွေး စောင့်ရှောက်ခဲ့လို့ လို့ယုံကြည်ပါတယ်။ အပေါ်ကလို ရေးထားတာကတော့ နိုင်ငံ တစ်နိုင်ငံက တစ်နိုင်ငံ အပြောင်းမှာ အခက်အခဲတွေ ရှိတတ်ပြီး တစ်ဦးကို တစ်ဦး မကူညီဘဲ ပြစ်တင်နေမယ် ဆိုရင် အဲဒီလို အဖြစ်အပျက်မျိုးတွေ ကြုံနိုင်တယ်ဆိုတာ တစ်ဘက်လှည့် စဉ်းစားစေချင်လို့ပဲ။
အဲဒီလို အဆင်ပြေ လွန်းလို့ ဇာတ်လမ်း ၂ ထဲကလို ကျွန်တော်က လက်မထောင်နေပြီ ဆိုရင်လည်း ကျွန်တော်က ရေအိုင်ထဲက ဖားသူငယ် ဖြစ်တော့မှာပေါ့။ သြစတြေးလျဟာ နိဗ္ပာန်လည်း မဟုတ်သေးပါဘူး။ ပြောရမယ်ဆိုရင်တော့ သြစတြေးလျမှာ နေနေရတဲ့ ကျွန်တော်တို့ အနေအထားဟာ ရန်ကုန်မှာ ပညာနဲ့ လုပ်စားတဲ့ သူတွေ စိတ်မှန်းထားတဲ့ ပုံမှန် ဘ၀လောက်ပါပဲ။ ပုံမှန် လစာ ရှိတယ်၊ အိမ်(ခန်း)ရှိတယ်၊ ကား ရှိတယ်။ သားသမီးတွေကို ပြုစု ပျိုးထောင်နိုင်တယ်။ ဒီလောက်ပါပဲ။
မိန်းမကို တင့်တောင်းတင့်တယ် ထားနိုင်တာ ငါကြောင့်လို့ လက်မထောင်တဲ့ ယောက်ျားတွေ ရှိသလို ဒီလို ထားနိုင်လို့ ယောက်ျားကို ဘုရားလို ကိုးကွယ်နေတဲ့ သူတွေ ရှိတာလည်း ကြားဖူးပါတယ်။ တကယ်တော့ ဒီလို အောင်မြင်ခဲ့ရင် ဒါ နှစ်ယောက် ကံဆုံလို့ ကံကောင်းလို့ အောင်မြင်တယ်လို့ မှတ်ပါတယ်။ ဘယ်လောက်ပဲ အစွမ်းအစ ရှိရှိ စိတ်ထား မကောင်းတဲ့ မိန်းမ၊ အထိန်းအသိမ်း မကောင်းတဲ့ မိန်းမနဲ့ တွေ့ရင် အလကား ယောက်ျားပဲ ဖြစ်မှာပဲ။ မိန်းမကတော့ ကောင်းပါတယ်။ အိမ်ထောင်ကျပြီးမှ အကြောင်းကြောင်းကြောင့် စီပွားပျက်တာ ကျန်းမာရေး မကောင်းဖြစ်သွားတာတွေလည်း တွေ့နေရတာပဲ။
ယောက်ျားပဲ ဖြစ်ဖြစ် မိန်းမပဲ ဖြစ်ဖြစ် ကိုယ်နဲ့ အိမ်ထောင်မကျရင်လည်း အချိန်တန် သူ့ဟာသူ ကံပါရာနဲ့ အိမ်ထောင်ကျသွားမည်၊ ဒါမှမဟုတ် သူသွားချင်တဲ့ လမ်းကို သူ့ဘာသူ ဦးဆောင်သွားမှာပဲ။ တချို့ ကောင်လေးတွေ အိမ်ထောင် မကျခင်တော့ အရည်အချင်း မရှိသလိုပဲ။ အိမ်ထောင်ကျမှ ကြီးပွားသွားတာတွေလည်း ရှိပါတယ်။ ကံဆုံလို့ပေါ့။
သူမ ကျွန်တော်နဲ့ အိမ်ထောင်ကျလို့၊ ကျွန်တော် သူမနဲ့ အိမ်ထောင်ကျလို့ ဒီလို ကံကောင်းရတယ် ကံဆိုးရတယ် ဘယ်တုန်းကမှ မတွေးမိဘူး။ ဒီရထား စီးရင် ဒီဘူတာရောက်မယ် ဆိုတာ ၂ ယောက်စလုံး သိလို ဒီရထား စီးခဲ့တာ ဒီဘူတာကို ရောက်လို့လည်း ၀မ်းနည်း ၀မ်းသာကြီး အလွန်အကျွံ မဖြစ်ရပါဘူး။ မျှော်လင့်ထားတဲ့ ဘူတာကို ချောချောမောမော ရောက်လာလို့ ၀မ်းသာကြတာကတော့ ဓမ္မတာပါပဲ။
ယောက်ျားကလည်း ဒီလို အိမ်ထောင် ဖြစ်နေတာ ငါကြောင့်လို့ လက်မ မထောင်သင့်သလို့ မိန်းမကလည်း ကျွန်မ အထိန်းအသိမ်းကောင်းလို့ အခုလို စုဆောင်းမိတာ အခုလောက် ဖြစ်တာ ကျွန်မကြောင့်လို့ အလွန်အမင်း မပြောရပါဘူ။ တစ်ယောက်ကို တစ်ယောက်တော့ လိုသလောက်တော့ Appreciate လေး နှုတ်နဲ့ ပဲဖြစ်ဖြစ် တခြားနည်းနဲ့ပဲ ဖြစ်ဖြစ် တော့ လုပ်ပေးရင် ရပါပြီ။
လင်မယားတွေလည်း ဘ၀ရဲ့ အခက်အခဲဆုံး အချိန်တွေမှာ အတူတကွ အောင်အောင်မြင်မြင် ဖြတ်သန်းနိုင်ဖို့ ဆိုတာကတော့ ကျွန်တော်တို့ လင်မယား ၂ ယောက်တည်းသာ တောင်းတဲ့ ဆု မဟုတ်လောက်ပါဘူး။ ။
တခြားဖတ်ရန်
Feed တွေကို Subscribe လုပ်ပြီး ဖတ်တဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဒီ Blog မှာ တခြား မြန်မာ Blog တွေက ကောင်းနိုးရာရာ လေးတွေကို Preview လုပ်ထားပါတယ်။ Blog ကို လာလည်ပြီး ဖတ်မယ်ဆို တစ်ထိုင်တည်းမှာ တခြား စိတ်ဝင်စားဖွယ်ရာ Post လေးတွေကိုပါ သွားလည်နိုင်ပါတယ်။ Comment တွေပါ ဖတ်လို့ ရတော့ တခြားသူတွေ ၀င်ရောက် အားပေး ဆွေးနွေးထားတာတွေ၊ အမှား ပြင်ပေးထားတာတွေပါ ဖတ်လို့ ရတယ့် အတွက် အလည်လာဖို့ ဖတ်ခေါ်ပါတယ်။
ပုစွန် ကြာဆံပေါင်း ကို ပထမဆုံး ကြားဖူးတာ ယိုးဒယားက ပြန်လာတဲ့ အစ်ကို တစ်ယောက်ဆီက။ စင်္ကာပူမှာ ပုစွန်တုပ်ကြီးတွေ လတ်လတ်ဆတ်ဆတ် ရတုန်း သူက ပုစွန် ကြာဆံပေါင်းကို ယိုးဒယားမှာ စားလာတာ ကောင်းလို့ လုပ်စားမည် ဆိုပြီး ပဲကြာဆံ အထွေးလိုက် ပေါ်မှာ ပုစွန်တုပ်ကြီးတွေ တင်ပြီး ပေါင်း၊ ပြီးတော့ ပဲငံပြာရည် နည်းနည်းဖြန်းပြီး စားတာ။ အရသာက မလုံးဘဲ သိပ်စားလို့ မကောင်းလိုက်ဘူး။
နောက် အတော်ကြာမှ ဆစ်ဒနီမှာ Burwood ဆိုတဲ့ အရပ် (Suburb) ကို သွားတော့မှ ပြန်စားဖြစ်တယ်။ Burwood ဆိုတာလည်း ရန်ကုန်က တရုတ်တန်းလိုပဲ တရုတ်စာတွေ အတော်စုံ အတော်ကောင်းတဲ့ နေရာပါ။ အဲဒီက ဟောင်ကောင် ခေါက်ဆွဲ ဆိုင်တစ်ခုမှာ စားဖြစ်တာ။ သူတို့ကတော့ မီး အပူ တိုက်ထားတဲ့ စဉ့်အိုး (Hotpot) နဲ့ ပြင်ထားတာပါ။ မှာပြီးတော့ လင်မယား ၂ ယောက် ပုစွန်တွေကို လက်နဲ့ ခွာလိုက် စားလိုက် လုပ်ကြတာ လက်တွေကို ပေကျံနေတာပဲ။ ဂဏန်းတို့ ပုစွန်တို့များ အပြင်မှာ စားရတာ အဲဒီလိုပဲ နည်းနည်းတော့ "ကြိုက်မရှက်" ဖြစ်မှ။
Feed တွေကို Subscribe လုပ်ပြီး ဖတ်တဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဒီ Blog မှာ တခြား မြန်မာ Blog တွေက ကောင်းနိုးရာရာ လေးတွေကို Preview လုပ်ထားပါတယ်။ Blog ကို လာလည်ပြီး ဖတ်မယ်ဆို တစ်ထိုင်တည်းမှာ တခြား စိတ်ဝင်စားဖွယ်ရာ Post လေးတွေကိုပါ သွားလည်နိုင်ပါတယ်။ Comment တွေပါ ဖတ်လို့ ရတော့ တခြားသူတွေ ၀င်ရောက် အားပေး ဆွေးနွေးထားတာတွေ၊ အမှား ပြင်ပေးထားတာတွေပါ ဖတ်လို့ ရတယ့် အတွက် အလည်လာဖို့ ဖတ်ခေါ်ပါတယ်။
မဟနစံရဲ့ စီစဉ်ပေးမှုနဲ့ လောကအလှ Online Magazine နဲ့ အင်တာဗျူးလေး တစ်ခု လုပ်ဖြစ်ပါတယ်။ မေးခွန်းတွေကတော့
Feed တွေကို Subscribe လုပ်ပြီး ဖတ်တဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဒီ Blog မှာ တခြား မြန်မာ Blog တွေက ကောင်းနိုးရာရာ လေးတွေကို Preview လုပ်ထားပါတယ်။ Blog ကို လာလည်ပြီး ဖတ်မယ်ဆို တစ်ထိုင်တည်းမှာ တခြား စိတ်ဝင်စားဖွယ်ရာ Post လေးတွေကိုပါ သွားလည်နိုင်ပါတယ်။ Comment တွေပါ ဖတ်လို့ ရတော့ တခြားသူတွေ ၀င်ရောက် အားပေး ဆွေးနွေးထားတာတွေ၊ အမှား ပြင်ပေးထားတာတွေပါ ဖတ်လို့ ရတယ့် အတွက် အလည်လာဖို့ ဖတ်ခေါ်ပါတယ်။
ကိုပေါရဲ့2011 Wish List ထဲမှာ အလိုအလျောက် မီးပူ တိုက်တဲ့ စက်လည်း ပါရော အိမ်ရှင်မ စာဖတ်သူတွေ ခေါင်းတွေ ထောင်လာပြီး သူတို့ပါ လိုချင်တယ် လိုချင်တယ် ဖြစ်ကုန်ကြရော။ တကယ်လည်း စက်တွေက နေ့စဉ် ဘ၀တွေမှာ အတော်လေးကို အကူအညီ ပေးပါတယ်။ ခလုတ် နှိပ်လိုက်တာနဲ့ အခုချက်ချင်း မီးတောက်တဲ့ မီးဖို တွေ မရှိတုန်းက ခက်ခဲပါတယ်။ ဓါးတောင်ထဲက သံချောင်းတို့၊ Cast Away ထဲက Tom Hanks တို့ မီးဘယ်လို မွှေးတယ် အသာထား။ မှတ်မိသေးတယ်။ ငယ်ငယ်ကဆို အမေဈေးက ပြန်လာခါနီးဆို မီးမွှေး ပေးထားရတယ်။ ဒါတောင် မီးသွေးနဲ့ ထင်ရှုး အချောင်းလေးတွေနဲ့ မွှေးရတာ။ အနည်းဆုံး မိနစ် ၂၀လောက် အချိန်ပေးရတယ်။ ဒါမှ အမေပြန်လာရင် အဆင်သင့် ဖြစ်နေအောင်။ အခုများတော့ ခလုတ်တစ်ချက် နှိပ်လိုက်တာနဲ့ မီးကို ရနိုင်ပြီ။
မီးဖို ဆိုတာ အခုခေတ်မှာ ပါမွှား ပဲ။ အ၀တ်လျှော်စက် ၊ ပန်းကန်ဆေးစက် ၊ ဖုန်စုပ်စက် ၊ ရေခဲသေတ္တာ ၊ Oven ၊ Microwave Oven ၊ တို့များ မရှိရင် နေ့စဉ် Life Style က မတွေးဝံ့စရာပဲ။ အထူးသဖြင့် ဒီမှာ ကူဖော်လောက်ဖက် မရှိ ကလေး ၂ယောက်နဲ့ ကျွန်တော်တို့ မိသားစု အတွက်တော့ တကယ့်ကို မလွယ်ကြောပဲ။ အခုတော့ ဒီလို စက်တွေကြောင့် အိမ်ထောင် အလုပ် (Household chores) တွေဆိုတာ အမေတို့ ခေတ်တုန်းကလို ဒီလောက်ကြီး ပင်ပန်းတော့တာ မဟုတ်ဘူး။
တခြားဘက်က ပြန်ကြည့်တော့ မီးပူ တိုက်တဲ့ စက်အစား မီးပူ တိုက်စရာ မလိုတဲ့ အင်္ကျီ ဆိုရင်ရော မဖြစ်ဘူးလား။ မီးပူ တိုက်တဲ့ စက်ကို ဈေးပေါပေါ ရအောင် မထွင်နိုင် မရောင်းနိုင်သေးခင်မှာ မီးပူ တိုက်စရာ မလိုတဲ့ Wrinkle Free အင်္ကျီတွေ ဘောင်းဘီတွေဆိုတာ ၂၀-၃၀ ပိုပေးရင် ၀ယ်လို ရနေပါပြီ။ တီရှပ်တွေ ဂျင်းဘောင်းဘီတွေ ဆိုတာလည်း မီးပူ တိုက်စရာ မလိုတဲ့ အတွက် လူငယ်တွေ အကြိုက်ပဲ။ အခုနောက်ပိုင်းဆို အင်္ကျီတွေက မီးပူတိုက်စရာ မလိုတဲ့ Wrinkle Free တွေ အပြင် ချွေးမစုပ်တဲ့ အသားတို့ ပိန်းကြာရွက်လိုမျိုး မိုးရေ အလွယ်တကူ မစိုတဲ့ အင်္ကျီတွေအပြင် Nano Techonlogy နဲ့ လုပ်ထားတဲ့ ဘက်တီးရီးယား ရှင်းလင်းပေးတဲ့ ပိတ်စနဲ့ ချုပ်ထားတဲ့ အ၀တ်အစား တွေတောင် ၀ယ်လို့ ရနေပြီ ဆိုတော့ မီးပူတိုက်တဲ့ စက်ဆိုတာ ဒီလောက်ကြီး တောင့်တ ရတာ မဟုတ်တော့ပါဘူး။
မီးပူ တိုက်ပေးတဲ့ စက်အစား မီးပူတိုက်စရာ မလိုတဲ့ အ၀တ်အစားတွေ ပေါ်လာတော့လည်း ကျွန်တော်တို့ နေစဉ် ဘ၀တွေက အတော်အတန် အဆင်ပြေသွားပါတယ်။ တီထွင် ထုတ်လုပ်တဲ့ သူများကလည်း မီးပူတိုက်စက်ကို သည်းကြီးမည်းကြီး ထွင်မနေဘဲ မီးပူ တိုက်စရာ မလိုတဲ့ အ၀တ်အစားတွေ တီထွင် ရောင်းချတဲ့ အတွက် အမြတ်အစွန်းတွေ ရနိုင်ကြပါတယ်။ အနှစ် သဘောကတော့ တစ်ခုတည်း တစ်ယောက်တည်းက ဒိုင်ခံ လုပ်ပေးမည့်အစား တစ်ဘက်က အရာတွေက ကိုယ့်ဘာကိုယ် အဆင်ပြေအောင် လုပ်လို့လည်း ရသေးတယ် ဆိုတာပါပဲ။
ကွန်ပြူတာ လောကမှာတော့ ဒီလို တစ်ယောက်တည်း တစ်ခုတည်းက ဒိုင်ခံလုပ်ပေးတာကို Centralized System လို့ခေါ်တယ်။ ဟိုးအရင်ခေတ်က Main Frame လို စက်ကြီးတွေမှာ ကီးဘုတ်နဲ့ မော်နီတာပဲ ပါတဲ့ Dumb Terminal လိုစက်တွေက ချိတ်ထားပြီး အချက်အလက်တွေ ရိုက်ထည့်၊ အဲဒီ Server ကြီးက တွက်ချက်ပေးပြီး Terminal တွေမှာ ပြန်ပြ လုပ်တယ်။ နောက်ပိုင်း PC (Personal Computer) တွေက တွက်ချက်မှုအားတွေ သိုလှောင်နိုင်စွမ်းတွေ များလာတော့ PC တွေ ခေတ်စားလာပြီး ကိုယ့်စက်မှာ ကိုယ် သုံးလို့ရလာတယ်။ ကိုယ်စက်မှာကိုယ် သုံးနိုင်တဲ့ Microsoft Office လိုမျိုး Software တွေကနေ Distribute Computing တွေပါ လုပ်လာနိုင်တယ်။
SETI လို့ခေါ်တဲ့ ET တွေကို ထောက်လှမ်းတဲ့ အဖွဲ့တစ်ဖွဲ့ ရှိတယ်။ အရှည်ဆိုရင် Search for Extra-Terrestrial Intelligence ပါ။ သူတို့က စလောင်းတွေနဲ့ ဟိုး ကမ္ဘာအပြင်ဖက်က Electormeganitc Wave တွေကို ဖမ်းပြီး Analyze လုပ်ကြည့်တယ်။ အဲဒီလို ဖမ်းနားထောင်းတယ်ဆိုတာ အချိန်ပြည့် လုပ်နေတာဖြစ်ပြီး တစ်မိနစ် တစ်မိနစ်မှာ တွက်ချက်စရာ အချက်အလက်တွေ ဆိုတာလည်း အသိန်း အသန်းနဲ့။ အဲဒီတော့ သူတို့က စနစ်တခု ထွင်လိုက်တယ်။ သူတို့ အချက်အလက်တွေကို ကျွန်တော်တို့ စက်တွေမှာ အကူ တွက်ပေးနိုင်တဲ့ စနစ်မျိုး။ ကိုယ့်စက် အားနေတဲ့ အချိန်မှာ သူတို့က အချက်အလက်တွေ အလိုအလျှောက် ပို့ပေး ကျွန်တော်တို့ စက်တွေက တွက်ချက်ပြီး ပြန်ပို့ပေးတာ။ အဲဒီလို Volunteer လုပ်ပေးတဲ့ စက်တွေက သိန်းနဲ့ ချီ ရှိတာ ဆိုတော့ သူတို့ အတွက် အတော်လေး အဆင်ပြေသွားပါတယ်။ သဘောကတော့ ကွန်ပြူတာ အကြီးကြီးတစ်ခုတည်း ထွင်မယ့်အစား စက်အသေးလေးတွေမှာ ခွဲပြီး တွက်ချက်တာမျိုးပေါ့။
အိမ်ထောင် တစ်ခုမှာလည်း အရင်တုန်းကဆို အဖေ တစ်ယောက်တည်း ငွေရှာရင် လုံလောက်တယ်။ Breadwinners တစ်ယောက်တည်း၊ ငွေရှာစက်ကြီး တစ်ခုတည်းပေါ့။ အခုခေတ်မှာတော့ မရတော့ဘူး။ မလုံလောက်တော့ဘူ။ သားသမီးတွေကပါ အရွယ် နည်းနည်း ရောက်လာရင် ကိုယ့်မုန့်ဖိုး ကိုယ်ရှာ။ ကိုယ့်ကျောင်းစားရိတ် ကိုယ့်ဘာကိုယ် စုဆောင်းရတယ်။ သားသမီးက မလုပ်ရင်တောင် အနည်းဆုံး အဖေရော အမေရော အလုပ်လုပ်မှ အိမ်စားရိတ်ကို ကာမိမည်။ တစ်ယောက်တည်းက ရှာတာထက် အားလုံးက နည်းနည်း နည်းနည်း မျှဝေ ရှာဖွေမှ အလုပ် ဖြစ်တော့တယ်။
နိုင်ငံနဲ့ ချီပြီး ကြည့်မည်ဆိုရင် ဗမာတွေမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို မီးပူတိုက်တဲ့ စက်လို သဘောထားတဲ့ သူတွေ ရှိနေတယ်။ ပြည်သူ ပြည်သားတွေကို ဒီမိုကရေစီ ခေါက်ရိုး ကျိုးအောင် အချိန်တန် အမေပဲ မီးပူတိုက်ပေးမည် မျှော်လင့်နေကြပုံပဲ။ ကိုယ့်ဘာကိုယ် Wrinkle Free ဖြစ်အောင် လုပ်ပြီး ပြန့်ပြန့် ရှင်းရှင်း နေကြမည် စိတ်ကူးရမည်။ ဒေါ်စု ကိုယ်တိုင် လူတွေကို ကိုယ့်အား ကိုယ်ကိုးဖို့ ပြောထားတဲ့ စကားကို ပြန်လည် နားထောင်ကြည့်ရအောင်။
“ကျမ အထင် လူတွေက သူတို့လုပ်ချင် ဖြစ်ချင်တဲ့နေရာတွေကို သွားနိုင်ဖို့ ကျမကို ကူညီစေချင်ခဲ့တာပါ..ကျမ သူတို့ကို ကြိုးစား သင်ပေး နေတာကတော့ သူတို့ ကိုယ်တိုင်က ကူညီနိုင်တယ် ဆိုတဲ့ အချက်ပါပဲ... ကျမတို့ တူတူ လုပ်ကြမယ်.. သူတို့ ကျမ တစ်ယောက်တည်းကို အားကိုးလို့ မရဘူးလေ..တခြား ဘယ်သူ တစ်ဦး တစ်ယောက် ပါတီ အဖွဲ့အစည်း တစ်ခုကိုလည်း သူတို့ လိုချင်တာကို ရောက်ဖို့ အားကိုးလို့မရပါဘူး...”
ဒီစကားမှာ သူမက လူတိုင်း “Wrinkle Free” ဖြစ်ဖို့ ဆုံးမထားတာကို တွေ့ရမည်။ ခေါင်းဆောင်ကောင်း ဆိုတာ ဒီလိုပဲ။ ကိုယ့်လူတွေကို လုပ်နိုင် ကိုင်နိုင်အောင် နည်းပေး လမ်းပြ လုပ်ပေး၊ လုပ်ပိုင်ခွင့် အာဏာတွေ ပေးပြီး ကိုယ့်ရဲ့ တန်ခိုး အာဏာကို ပိုမို ကြီးထွားစေတာပဲ။ ဗမာပြည်မှာ ဒီမိုကရေစီ ထွန်းကားအောင် လုပ်ဖို့ သူမ တစ်ယောက်တည်း လုပ်မည့် အစား လူတိုင်း လုပ်နိုင်အောင် ဆုံးမ သွန်သင်ခြင်းကသာ သူမရဲ့ ကြိုးပမ်း လုပ်ဆောင်ချက်တွေကို ပိုမို အောင်မြင်စေမည် ဆိုတာ အသေအချာ သိထားလို့ပဲ။
အဲဒီတော့ မီးပူတိုက်စက်ဆိုတာ မလိုအပ်တော့ဘူးလား ဆိုရင်လည်း မဟုတ်သေးဘူး။ ဒိုဘီဆိုင် (Laundary Service) တွေ၊ ဟိုတယ်တွေမှာ လိုအပ်သေးတယ်။ Commercial တွေအတွက်ကတော့ လိုအပ်သေးတာပဲ။ သူတကယ် လိုအပ်တဲ့ နေရာတွေမှာ လိုအပ်နေတာပဲ။ ဗမာတွေ ကိုယ့်ဘာသာကိုယ် ဒီမိုကရေစီကို လေ့လာကြ၊ ထွန်းကားအောင် ကျင့်ကြံကြ။ ဒေါ်စုလို ခေါင်းဆောင်တွေကတော့ ခေါင်းဆောင် အချင်းချင်းတွေ့ဆုံဖို့လိုကနေ Vision တွေ ချမှတ်ဖို့ Policy တွေ ချမှတ်ဖို့ စသည် စသည် ခေါင်းဆောင်တွေ လုပ်ရမည့် အလုပ်မျိုးတွေ လုပ်ဖို့ အချိန်တွေ အများကြီး အကျိုးရှိရှိ သုံးရဦးမည်။
အသေးအမွှားပေမယ့် အခုလတ်တလော ဘလော့တွေမှာ တွေ့နေ ကြားနေရတာ တစ်ခုက ဖောင့် (Font) မသွင်းဘဲ စာဖတ်သူက ဖတ်လို့ ရအောင် ဘလော့ရှင်တွေကို ပူဆာလို့ ဘလော့ရှင်တွေက သူတို့ စာတွေကို မြင်ရအောင် နည်းမျိုးစုံနဲ့ ကြိုးစားသော်ငြား ဟို Browser မှာတော့ ရတယ် ဒီမှာတော့ မရဘူး အကန့်အသတ်တွေ။ ဟိုဖောင့်တော့ ရတယ် ဒီဖောင့်တော့ မရဘူး အခက်အခဲတွေကတော့ ရှိနေဆဲပါပဲ။ ကိုဇက်တီတို့ သူ့ဘလော့ကို ဖောင့်ပြောင်းတော့ ကျွန်တော့်မှာ သူ့စာ ဖတ်ချင်တော့ သူ့သုံးတဲ့ ဖောင့်ကို လိုက်သွင်းရတယ်။ သူစာတွေ အလိုအလျှောက် မြင်ရအောင် ကိုဇက်တီကြီးကို မီးပူတိုက်စက်လို သဘောထားရင် သူ့စာ မဖတ်ရရုံပဲ ရှိမှာပေါ့။ နည်းပညာလည်း မကျွမ်းကျင် သားကလည်း ဖောင့်မသွင်းပေးလို့ ဒေါ်ရင်ရင်တို့လို မဖတ်ရတော့ဘူး ဆိုရင်တော့ တစ်မျိုးပေါ့ (နောက်တာ ကိုTZA)။ ရုံးမှာ ကန့်သတ်ထားလို့ ဖောင့်သွင်းလို့ မရဘူး၊ Changhi လေဆိပ်မှာ အများသုံး ကွန်ပြူတာကနေ ကြည့်ချင်တယ် ဆိုရင်တော့လည်း ချွင်းချက် ထားပါတော့။ အဲဒီလိုမှ မဟုတ်ရင်တော့ စာဖတ်သူတွေက ကိုယ့်ဘာကိုယ် “Wrinkle Free” ဖြစ်အောင် ကိုယ့်စက်ကိုယ် ဖောင့်သွင်းနိုင်ပါတယ်။ ဘလော့ရှင်တွေ အနေနဲ့လည်း အနည်းဆုံး ကိုယ်ဘယ်ဖောင့်သုံးတယ်။ ဘယ်မှာ Download လုပ်လို့ရတယ် ပြောရပါတည်။
ဖောင့် သွင်းတာကနေ မိသားစု အရေး အလယ်၊ နိုင်ငံ့ အရေး အဆုံးမှာ ထားပြီး စာဖတ်သူကို မေးချင်တာ တစ်ခုကတော့ - “Are you a dumb terminal?”
တခြားဖတ်ရန် - The Weakest Link
Feed တွေကို Subscribe လုပ်ပြီး ဖတ်တဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဒီ Blog မှာ တခြား မြန်မာ Blog တွေက ကောင်းနိုးရာရာ လေးတွေကို Preview လုပ်ထားပါတယ်။ Blog ကို လာလည်ပြီး ဖတ်မယ်ဆို တစ်ထိုင်တည်းမှာ တခြား စိတ်ဝင်စားဖွယ်ရာ Post လေးတွေကိုပါ သွားလည်နိုင်ပါတယ်။ Comment တွေပါ ဖတ်လို့ ရတော့ တခြားသူတွေ ၀င်ရောက် အားပေး ဆွေးနွေးထားတာတွေ၊ အမှား ပြင်ပေးထားတာတွေပါ ဖတ်လို့ ရတယ့် အတွက် အလည်လာဖို့ ဖတ်ခေါ်ပါတယ်။
အခု စာရေးနေချိန်မှာ သားက ၃ နှစ်ပြည့်ဖို့ ၄လ လိုသေးတယ်။ ဒါပေမယ့် သားက ကြည့်စရာ အစ်မ တစ်ယောက် ရှေ့မှာ ရှိတာရော၊ ကလေးထိန်းကျောင်းကို ငယ်ကတည်းက ပို့တာရောကြောင့် အတော်လေးကို လူလားမြောက်နေပြီ။ ၃ နှစ် မပြည့်သေးဘူး Comic ဇာတ်ကောင်တွေကို ကြိုက်နေပြီ။ Super Hero တွေကို ကြိုက်နေပြီ။ Spidermanတို့ Batmanတို့ Ironmanတို့ကိုဆို အကုန်ကြည့်တယ်။ ကာတွန်းကားလည်း ကြည့်တယ်။ ဗီဒီယို ဇာတ်လမ်းလည်း ကြည့်တတ်တယ်။ တော်ရုံတန်ရုံ ဒီအရွယ် ကလေးတွေက ဗီဒီယိုကို ကာတွန်းလောက် မကြည့်တတ်သေးပါဘူး။ သားကတော့ ကြည့်တယ်။
ငယ်ငယ်တုန်းကတော့ Thomas ကိုကြိုက်တယ်။ Thomas ဆိုတာ ရထားလေး ဇာတ်လမ်း။ ၂ နှစ်မပြည့်ခင်လောက်ထိတော့ ဇာတ်လမ်းကို TVမှာ ကြည့်တယ်။ နောက်ပိုင်းတော့ သိပ်မကြည့်တော့ဘူး။ ရထားတွဲလေးတွေကတော့ ကစားစရာ ဆိုင်တစ်ခုမှာ စားပွဲလိုက် လမ်းတွေ ရထားတွေနဲ့ ဆင်ပေးထားတာ ၀င်ဝင်ဆော့တာနဲ့ ဟိုးတလောကပဲ One set ၀ယ်ပေးလိုက်ရတယ်။ သားက ရထားလမ်းတွေတော့ ကောင်းကောင်း မဆင်တတ်သေးလို့ သူ့အစ်မက ဆင်ပေးတယ်။ သူက မောင်းတယ်။ သမီးက အိမ်ဆောက်တုံး ဆက်တာတွေ၊ ရထားလမ်းဖောက်တာတွေဆို ကောင်းကောင်းရတယ်။
သား စပြီး ကြည့်ဖြစ်တဲ့ ကားက Toy Story 2။ အဲဒီမှာ Buzz Light ကိုကြိုက်တယ်။ Buzz Light ဆိုတာ အဲဒီ ရုပ်ရှင်ထဲက Space Ranger။ ပြီးတော့ Woody လို့ခေါ်တဲ့ Cow Boy ကို ကြိုက်တယ်။ ဇာတ်လမ်းထဲမှာ အဲဒီ အရုပ်ကလေးတွေကို ပိုင်တဲ့ ကောင်လေးက Andy ဆိုတော့ သူ့အဖေ နာမည်နဲ့ တူလို့ ပထမတော့ Woody ကို Andy ဆိုပြီး မှားနေသေးတယ်။ Woody ကလည်း သူ့အတွက် အသံထွက်ရတာ နည်းနည်း ခက်တယ်လေ။ Buzz Light အရုပ်တွေ ဆိုင်ပေါ်တင်တော့ ဈေးကလည်း ကြီးတာနဲ့ တော်တော်နဲ့ မရလိုက်ဘူး။ နောက်ပိုင်း ဈေးကျသွားတော့မှာ အလတ်တစ်ခု အသေးတစ်ခု ရလိုက်တယ်။ အတော်လေး ဆော့ပြီးတော့ ငြီးငွေ့သွားပြီး Batman ကို တွေ့သွားတယ်။
Batman ကို စွဲစွဲမြဲမြဲကြိုက်နေချိန်မှာပဲ McDonald’s က Happy Meal မှာ Batman အရုပ်ကလေး ပေးတော့ အတော်ပဲ ဖြစ်သွားတယ်။ လက်ထဲမှာ ကိုင်နိုင်ရုံ ပလတ်စတစ် အရုပ်ကလေးပါ။ ကြိုက်တော့ အမြဲတမ်း အဲဒီ အရုပ်ကလေးနဲ့ ဆော့တယ်။ အိပ်လည်း ယူသွားတယ်။ ဟိုသွား ဒီသွား ကားပေါ်မှာ ဆိုလည်း အဲဒီ အရုပ်နဲ့ပဲ။ ဖြစ်ချင်တော့ တစ်ရက်ကျတော့ အဲဒီ အရုပ်ကလေးက ပျောက်သွားရော။ Happy Meal ကလည်း အရုပ်တွေကို တစ်လ တစ်ခါ ပြောင်းတာဆိုတော့ ပြန်မရတော့ဘူး။ စတိုးဆိုင်တွေ အရုပ်ဆိုင်မှာလည်း Batman ကရှာလို့ မလွယ်ဘူး။ Batman ကိုပိုင်တဲ့ ရေးဆွဲတဲ့ DC Comics အုပ်စုက အရုပ်လုပ်ဖို့ လိုင်စင်ပဲ မချပေးလို့လား လိုင်စင်က ဈေးပဲ ကြီးလို့လားတော့ မသိဘူး Batman အရုပ်က အပြင်မှာ ရှာလို့ကို မရဘူး။ Spiderman တို့ Transformers တို့ Star Wars တို့ကတော့ ပေါမှပေါပဲ။ လူကြီးတွေမှာ အပြင် သွားရင် Mall အသစ်တစ်ခုခု ရောက်တိုင်း Batman ရှာရတယ်။ ကစားစရာဆိုင် တွေ့ရင် သေးသေး ကြီးကြီး Batman ရှိလား ၀င်ဝင်မေးရတယ်။ ဘယ်လိုမှ ရှာလို့ မရဘူး။ eBay မှာတော့ ရှိတယ်။ မ၀ယ်ဖြစ်လိုက်ပါဘူး။
ကံကောင်းချင်တော့ Iron Man ကို စိတ်ပြောင်းသွားတယ်။ Batman ကိုတော့ ကြုံရင် ကြုံသလို မေးတယ်။ အိပ်မက် ယောင်တယ်။ အိပ်ရာထ ထချင်း မေးသေးတယ်။ Iron Man 2 ကို ကြည့်ပြီးတော့ Red Iron Man၊ Black Iron Man ဖြစ်သွားရော။ Iron Man လက်က Repulsor နဲ့ တွန်းလိုက်တာကို သိပ်သဘောကျတာ။ အဲဒီ ရုပ်ရှင်ထဲမှာ Iron Man က Doughnut စားတဲ့ အခန်းက သူတို့ ၂ ယေက်စလုံး အကြိုက်ပဲ။ "Iron Man eat Doughnut" ဆိုပြီး ဘယ်လို စားတာ ဘာညာနဲ့ ပြီးတော့ Doughnut တောင်းစားကြရော။ Iron Man အလှည့်ရောက်တော့ အရုပ်တွေကတော့ ဆိုင်မှာ များပါတယ်။ သားလိုချင်တာ Dress-Up ။ ရောင်းတဲ့ လူတွေကလည်း ရောင်းတယ်လေ။ ခေါင်းစွပ်က တစ်ခု၊ လက်က Repulsor က တစ်ခု၊ အနီရောင် ၀တ်စုံက တစ်ခု၊ ရင်ဘတ်က ပါဝါထုတ်တဲ့ Chest Arc Reactor က တစ်ခု၊ တစ်ကိုယ်လုံး ပြည့်အောင် ဆိုရင် မနည်း ဆင်ရမှာ။ ပိုက်ဆံ 100$ ကျော်ဖိုး ၀ယ်ရင်တောင် အပြည့်အစုံ မရချင်သေးဘူး။ အဲဒါကြောင့် မသိချင်ယောင် ဆောင်နေရတယ်။အဲဒီတော့ ကိုထူးတို့က သူ့ဘာသူ ကြံပြီး Iron Man မဖြစ် ဖြစ်အောင် လုပ်တယ်။ ပထမဆုံး တွေ့သွားတာက အိမ်မှာ ဖုန်တွေ ဘာတွေ ရှင်းတဲ့ အခါ သုံးဖို့ ဖြစ်ဖြစ် ဆေးသုတ်တဲ့ အခါမျိုးမှာ သုံးဖို့ ဖြစ်ဖြစ် ၀ယ်ထားတဲ့ မျက်နှာဖုံးစွပ်ကို တွေ့သွားပြီး Iron Man Head ဆိုပြီး စွပ်ထားတယ်။ နောက်တော့ သူတို့ ကစားစရာထဲကပဲ လက်ဖျံမှာ စွပ်လို့ ရတဲ့ ပိုက်တစ်ခုကို လက်မှာ Repulsor ဆိုပြီး စွပ်စွပ်ထားပြီး လက်ဝါး ဖြန့်ထုတ်ပြီး “Boom ... Boom” ဆိုပြီး Iron Man လို လုပ်ပါရော။ Christmas ကာလမှာ စတိုးဆိုင်တစ်ခုမှာ Angel Winges ပုံစံ စက္ကူပြားနဲ့ လုပ်ထားတာတွေ ဝေတော့ သူ့အတွက် Wing တစ်ခု ရလိုက်တယ်။ အဲဒါတွေ အာလုံးပေါင်းလိုက်တော့ သူ့အတွက် Iron Man Dress-up တစ်ခု ဖြစ်သွားပါရော။ ၀တ်စုံပြည့် ၀တ်ပြီး သူ့အစ်မကို တဘွန်းဘွန်းနဲ့ လက်ဝါးဖြန့်ပြီး Iron Man ရဲ့ Repulsor လိုမျိုး လိုက်လုပ်ရင် မြတ်နိုးခမျာ ကြောက်လို့ ဆိုပြီး ထွက်ပြေးရင် သူက သဘောကျတယ်။ အဖေကပါ Iron Man လို ပျံလိုရအောင် လက်ပေါ်မှာ မှောက်ပြီး အမြင့်ကို ချီပေးရင်း အကြိုက်ပဲ။
သားက အဲဒီလိုပဲ ထွင်ပြီး သိပ်ဆော့တတ်တယ်။ သားက သမီးထက် ကစားစရာတွေ ပို ကြိုက်တတ်တယ်။ သမီးက အထွေ အထူး တောင်းတာ သိပ်မရှိဘူး။ စာဖတ်တယ်။ များသောအားဖြင့် သူ့အမေက ဖတ်ပြရတာပေါ့။ ဆေးခြယ်တယ်။ စာရေးတယ်။ သားကတော့ အမြဲတမ်း သူ့ Favourtie Character တစ်ခု ရှိတယ်။ အဲဒီ Character အတွက် အရုပ်တွေကလည်း ရတော့ သူ့စိတ်ကြိုက်ပဲ။ ကံကောင်းတယ်။ သူ့တို့ အလှည့်ကျတော့။ ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ ရွှေဘုံသာလမ်းက ၂ဆိုင်လား ၃ ဆိုင်လား ရှိတဲ့ ကစားစရာ ဆိုင်မှာ ငေးမောရတယ်။ သားကလည်း အဖေနဲ့ တူတာ ဖြစ်မည်။ ငယ်ငယ်တုန်းက ဒီလုံးတို့ ကိုပူစီတို့ ဖတ်ပြီး ဆော့သလို သူတို့ အလှည့်ကျတော့ Batman တို့ Iron Man တို့ Spider Manတို့ ဖြစ်သွားပြီ။
ဒီကြားထဲမှာ သားက Spider Man လည်း ကြည့်သေး ကြိုက်သေးတယ်။ Spider Man လို လက်ချောင်းတွေကို ကွေးပြီး “ဖျစ် ဖျစ် .. ဖျီး.. ဖျီး” နဲ့ ပင့်ကူမျှင်တွေ ထုတ်တတ်သေးတယ်။ Spider Man လက်ချောင်းတွေကို ဘယ်လို ကွေးတယ် ဆိုတာကို မောင်နှမ ၂ ယောက်က ငြင်းရသေးတယ်။ ကိုထူးကတော့ လက်ညှိုးနဲ့ လက်ခလယ်နဲ့ပဲ လုပ်တတ်တာကို မြတ်နိုးက Spiderman ပုံတွေ အရုပ်တွေ ကြည့်ပြီး မတူတူ အောင်လိုက်လုပ်ပြီး ဒီလို လုပ်ရတယ် ပြော။ ကိုထူးကလည်း မဟုတ်ဘူး။ သူလုပ်တဲ့ ပုံကမှ မှန်တာတဲ့။ မောင်နှမ ၂ ယောက်ကတော့။ Spider Man အရုပ်လေး Happy Meal က ရလိုက်တာ အတော် ဆော့လိုက်ရတယ်။ Daycare ကိုပါ ယူယူ သွားတာ သူ့သူငယ်ချင်းတွေက ပါ လိုချင်ပြီး သူတို့ မိဘတွေကို ပူဆာလားမသိဘူး နောက်ပိုင်း ၃-၄ယောက်က ကျောင်းကို အရုပ်တွေ ယူယူလာပြီး အတူဆော့ကြတယ်။ သူက ဆရာကြီးလေ။ ဒါတောင် Spider Man ကျောပိုးအိတ်၊ Spider Man ဖိနပ်တို့ ၀ယ်ပေးထားသေးတယ်။ Spiderman ကျောပိုးအိတ်တုန်းက မနည်း ရှာပြီး ၀ယ်ပေးလိုက်ရတာ။ အနားမှာ ရှိတဲ့ ဆိုင်က အိတ်တွေက သေးတာနဲ့ ပုံမကောင်းတာနဲ့ ဖြစ်နေတယ်။ ကလေးပစ္စည်းတွေကတော့ ပြောမနေနဲ့ ကလေးတွေ မြင်လိုက်တာနဲ့ လိုချင်အောင် လုပ်ထားတာ။
ဒီမှာကလည်း ကလေးတွေကို ၀ိုင်းထိန်းပေးမည့် ဆွေမျိုးတွေ ဘာတွေ ဗမာပြည်မှာလို မရှိဆိုတော့ ကလေးတွေကို တီဗွီကတော့ တစ်နေ့ကို ၁-၂ နာရီ တိုင်သည်တော့ ပေးကြည့် ဖြစ်တယ်။ အနည်းဆုံး မိဘတွေ ထမင်းချက် ဟင်းချက်နေချိန် Daycare က ပြန်လာ ချိန်မှာ တီဗွီ ဖွင့်ပေးထားမှ ထမင်း ကောင်းကောင်း ချက်လို့ ရတာ။ Daycare မှာလည်း တနေကုန် တနေခမ်း ဆော့ပြီးပြီ ဆိုတော့ အဲဒီ အချိန်လောက်တော့ ပေးကြည့်မှ။ သူတို့ ကြည့်ချင်တဲ့ အစီအစဉ်တွေ ကူးပေးထားရတယ်။ ဒီမှာလာတဲ့ Play School ဆိုတဲ့ အစီအစဉ်ကိုတော့ ကလေး ၂ ယောက်စလုံး ကြိုက်တယ်။ အခွေတွေ ၀ယ်ပေးထားရတယ်။ Toy Story 3 တို့ Despicable Me တို့ ဆိုတာ အခု နောက်ဆုံး ၀ယ်ပေးထားတာတွေ။ အဲဒါပြီးရင်တော့ မောင်နှမ ၂ ယောက်မို့ အဖော်ရလို့ တခြား ကစားနည်းတွေလည်း ကစားပါသေးတယ်။ နောက်တစ်ခေါက်မှာ သူတို့ ဘယ်လို ကစားတယ် ဆိုတာ ရေးဦးမယ်။ ။
Feed တွေကို Subscribe လုပ်ပြီး ဖတ်တဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဒီ Blog မှာ တခြား မြန်မာ Blog တွေက ကောင်းနိုးရာရာ လေးတွေကို Preview လုပ်ထားပါတယ်။ Blog ကို လာလည်ပြီး ဖတ်မယ်ဆို တစ်ထိုင်တည်းမှာ တခြား စိတ်ဝင်စားဖွယ်ရာ Post လေးတွေကိုပါ သွားလည်နိုင်ပါတယ်။ Comment တွေပါ ဖတ်လို့ ရတော့ တခြားသူတွေ ၀င်ရောက် အားပေး ဆွေးနွေးထားတာတွေ၊ အမှား ပြင်ပေးထားတာတွေပါ ဖတ်လို့ ရတယ့် အတွက် အလည်လာဖို့ ဖတ်ခေါ်ပါတယ်။
အင်္ဂလိပ်စာ အင်္ဂလိပ်စကားပြောဟာ လေ့လာ လေ့ကျင့်မှု ကောင်းကောင်းမရှိလျင် ကြားလို့ကောင်းအောင် အပြောမတတ်ရုံ သာမက မှန်အောင်ပင် မပြောနိုင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ Yes or No လိုမျိုးကိုတောင် မှန်အောင် မပြောတတ်တဲ့ အဖြစ်တွေ ကြုံရတတ်ပါတယ်။ ဥပမာ
“You don’t like spicy food, do you?” လို့ မေးတာကို ကိုယ်ကလည်း မကြိုက်လို့ ရှိလျှင်
“Yes, I don’t.” ဆိုပြီး ဖြေတတ်ပါတယ်။
“No, I don’t.” လို့ဖြေမှ မှန်ပါတယ်။
ဒီပို့စ်မှာ နေ့စဉ် ကြုံတွေ့နိုင်တဲ့ မေးခွန်းတွေကို Yes or No မပါဘဲ တိုတိုကျဉ်းကျဉ်း ဖြေပုံ ဖြေနည်းလေးတွေကို မှတ်မိသလောက် တင်ပြလိုက်ပါတယ်။
တစ်ခုခု မေးလာလို့ ကိုယ့်က ဟုတ်တယ် ဆိုပြီး အတိုင်းအတာနဲ့ ပြန်ဖြေတာမျိုးကတော့
Are you happy?
Very!
Do you like spicy food?
Verryy...
အရမ်းကြီး မဟုတ်လည်း “Rather” ကို တခါတလေ သုံးလည်း ရပါတယ်။
You are glad to be home, aren't you?
Rather!
Are you finished?
Almost..
Are you sure? လို့ မေးလာရင်
100% လို့ ဖြေသလို
I'm positive ပြန်ဖြေပါတယ်။ ဒီနေရာမှာ Positive ဆိုတာ "Sure" လိုပါပဲ။
စတိုးဆိုင်လိုမျိုးမှာ လျှောက်ကြည့်နေတုန်း ဆိုင်ဝန်ထမ်းတွေက အကူအညီ လိုသလား မေးလာလျင် မလိုပါဘူး ပြန်ဖြေတဲ့အခါ ဒီလိုလည်း ပြောနိုင်ပါတယ်။
Do you need any help?
I’m fine. Thanks. ဒါမှမဟုတ် I’m all right, thanks.
တစ်ဘက်လူက ကမ်းလှမ်းမေးလာတာကို No. လို ခပ်ပြတ်ပြတ် ပြန်ဖြေတာမျိုးထက် ဒီလို ပြန်ဖြေ တစ်ဘက်လူမှာ နားထောင်ရ ပိုအဆင်ပြေပါတယ်။
ကုန်စုံဆိုင် Check-out counter တွေမှာ ထည့်ဖို့ ပလက်စတစ်အိတ်လိုသလားမေးတာကို လိုပါတယ် ဒီလို ဖြေလည်း ရပါတယ်။
Do you want a bag?
Please.
“Yes, please.” ကို “Please” လို့ အတိုပြောလို့ ရပါတယ်။ တစ်ခုခု မေးလာတာ လိုချင်ရင် ဒီလို ပြန်ဖြေပါတယ်။
ကော်ဖီဆိုင်မှာ သကြားထည့်မလား မေးရင် ၂ထုပ် ၂ ဇွန်း ထည့်မည်လို့ ကိုယ်လိုချင်သလောက်ကို အတိအကျ ဒီလို ဖြေပါတယ်။
Do you want sugar?
2 Please.
အပေါ်မှာ ပြောခဲ့တဲ့ “Yes, I don’t.” လိုမျိုး မှားတတ်တာကတော့ ဒီလိုမျိုးပါ။ ဥပမာ စားသောက်ဆိုင်မှာ ထိုင်နေတုန်း ကိုယ့်စားပွဲက အလွတ်ခုံ တစ်လုံးကို လာတောင်းတဲ့ အခါ
Would you mind if I take it? လို့မေးတာကို
Yeah..yeah... ယူနိုင်ပါတယ် ဆိုပြီး ပြန်ဖြေတတ်တာပါ။ အဓိပ္ပါယ် ပြန်ကြည့်ရင်တော့ စိတ်ဆိုးမလား မေးတာကို စိတ်ဆိုးတယ် ပြန်ဖြေသလို ဖြစ်နေပါတယ်။ အဲဒီလို မေးလာရင်
“Not at all.” "လုံးဝ စိတ်မရှိပါ"လို့ ပြန်ဖြေပါတယ်။
“Of course not” "စိတ်ဆိုးစရာ အကြောင်းမရှိပါဘူး" လို့လည်း ပြောပါတယ်။
တစ်ခုခု မေးလာလို့ “သိပ်ဟုတ်တာတာပေါ့။ ဒါပေါ့” လို့ ဖြေတာကတော့ အောက်က နမူနာလိုမျိုးပါ။
Do you love your children?
Of course. လို့ ဖြေရင် ချစ်တာပေါ့လို့ မြန်မာလို ဖြေသလိုမျိုးပါပဲ။ (ချစ်ပါတယ်) Yes ထက် ပိုတဲ့ သဘောရှိပါတယ်။
Life in Australia is quite relaxing, isn’t it?
Indeed. လို့ ဆိုတာ (အဟုတ်ပဲ/ ဟုတ်ပ) လို့ ပြန်ဖြေသလိုမျိုးပါပဲ၊
Yes ပဲ ဖြေတာထက် ကိုယ့်ရဲ့ခံစားချက်ကိုလည်း ဖော်ပြနိုင်ပါတယ်။
Could you help me to ... ?
I’m glad to.
Can I visit your home this weekend?
That would be great.
“ကောင်းနေပြီ” “ရပြီ” ကို ဒီလို ဖြေလည်း ရပါတယ်။
Is the taste OK ?
Good enough (for me).
ကိုယ်အသေအချာ မသိတဲ့ အကြောင်း အခြေအနေ တစ်ခုခု ဟုတ်သလား မဟုတ်သလား မေးလာတာကို
Is that correct?
I believe so. ဆိုပြီး ကိုယ်ကတော့ မှန်တယ်ယူဆတယ် ပြန်ဖြေပါတယ်။
Will she call us?
Perhaps. ဆိုပြီး မသေချာရင် ဖြေပါတယ်။ ဒါမှမဟုတ် ကိုယ်ကလည်း ဖြစ်စေချင်တယ်ဆိုရင်
Hopefully... လိုမျိုး ဖြေလို့ ရတဲ့အခါ ဖြေပါတယ်။
ကိုယ့်ကို မေးလာတာကို အမေးလိုမျိုးနဲ့ ပြန်ဖြေတာမျိုးတွေလည်း ရှိပါတယ်။
Do you love shopping?
Who doesn’t!
အထက်မှ ရေးထားတာတွေကတော့ Yes or No မေးခွန်းတွေကို Yes ရော No ရော မပါပေမယ့် ပိုမိုကောင်းမွန် နားဝင်ချိုအောင် ပြောနည်းတွေကို မှတ်မိသလောက် စုစည်းထားတာပါ။ အလွယ်လေးတွေ ဖြစ်လို့ သိပြီးသား ဖြစ်နိုင်သလို မပြောမိရင်လည်း နှုတ်တိုက် လေ့ကျင့်ပြီး စမ်းကြည့်နိုင်ပါတယ်။
နောက်ပိုင်းမှာ ခေါင်းထဲ ပေါ်လာတာလေးတွေကိုလည်း ထပ်ဖြည့်သွားပါမည်။ စာဖတ်သူတွေထဲက ဒီလို ပြန်ဖြေတာမျိုးတွေကိုလည်း Contribute လုပ်သွားရင် ပိုမိုပြည့်စုံသွားပါမည်။
Feed တွေကို Subscribe လုပ်ပြီး ဖတ်တဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဒီ Blog မှာ တခြား မြန်မာ Blog တွေက ကောင်းနိုးရာရာ လေးတွေကို Preview လုပ်ထားပါတယ်။ Blog ကို လာလည်ပြီး ဖတ်မယ်ဆို တစ်ထိုင်တည်းမှာ တခြား စိတ်ဝင်စားဖွယ်ရာ Post လေးတွေကိုပါ သွားလည်နိုင်ပါတယ်။ Comment တွေပါ ဖတ်လို့ ရတော့ တခြားသူတွေ ၀င်ရောက် အားပေး ဆွေးနွေးထားတာတွေ၊ အမှား ပြင်ပေးထားတာတွေပါ ဖတ်လို့ ရတယ့် အတွက် အလည်လာဖို့ ဖတ်ခေါ်ပါတယ်။
ကျွန်တော့် ဘလော့က မြန်မာစာတွေကို ပြတဲ့အခါ ယူနီကုတ်စံ (Unicode Encoding Standard)မီတဲ့ ဖောင့် (Font) တစ်ခုခု ပြောင်းဖို့ချိန်နေတာ လွန်ခဲ့တဲ့ နှစ်ကတည်းကပါ။ ကွန်ပြူတာသမား တစ်ယောက်အနေနဲ့ ယူနီကုတ်ရဲ့တန်ဖိုးကို သိပေမယ့် ဒီလို ပြောင်းတာဟာ ကိုယ်တစ်ယောက်တည်းနဲ့ ပြီးတဲ့ ကိစ္စ မဟုတ်လို့ မပြောင်းဖြစ်ခဲ့ပါဘူး။ ကျွန်တော်က ဗမာပြည်သား ကွန်ပြူတာသမားဆိုပေမယ့် ဒီလို ဖောင့်တွေ မြန်မာစာ အက္ခရာတွေကို လေ့လာသူလည်း မဟုတ်၊ တီထွင်သူလည်း မဟုတ် စိတ်ဝင်စားသူလည်း မဟုတ်တဲ့ အတွက် ဘာဖောင့်ပဲဖြစ်ဖြစ် အစွဲမထားဘဲ သာမန်အသုံးပြုသူ တစ်ဦး (End User) တစ်ယောက် အနေနဲ့ပဲ သုံးပါတယ်။ ဆေးခန်းသွားတဲ့ အခါ ဆရာဝန်ပြောသမျှ နားထောင်သလိုပါပဲ။
ဘလော့ တစ်ခုလုံးရဲ့ ဖောင့်ပြောင်းရတာ နေ့စဉ် အလည်လာသူ (စာဖတ်သူ) ၃၀၀မှ ၁၀၀၀ကျော်ထိ ရှိတဲ့ ဘလော့ တစ်ခု၊ တခြား ဇော်ဂျီဖြင့် ရေးထားသော ဘလော့ အခု ၃၀ ခန့်ကို နေ့စဉ် Preview လုပ်ထားတဲ့ ဘလော့ တစ်ခု အနေနဲ့တော့ မလွယ်ပါဘူး။ ငါ့ဘလော့ဂ် ငါ ဖောင့် (Font) ပြောင်းတာ ငါ့စာဖတ်ချင်ရင် ငါရေးတဲ့ ဖောင့်နဲ့ လိုက်ဖတ်လို့ တင်းမခံနိုင်သေးပါဘူး။ ဒီလိုလုပ်ထားတာလို့ သူ့ဖောင့်သွင်းပြီး ဖတ်တာတောင် စာအကုန်လုံး ပီပီပြင်ပြင် မပေါ်လို့ မနည်းသည်းခံ ဖတ်ရတဲ့ ဘလော့တွေလည်း ရှိပါတယ်။ ပို့စ်လေးငါးခု ဖတ်ပြီးတော့မှ မျက်လုံးက အထာနပ်သွားလို့ ဖတ်နိုင်သွားတာပါ။ အစက ဘာရေးထားမှန်းကို မသိတာမျိုးတွေလည်း ရှိပါတယ်။
စာရိုက်တဲ့ အခါလည်း တခြား လက်ကွက်ကို ကျွန်တော့် အနေနဲ့ကတော့ ကျင့်လို့ရပါတယ်။ ဒါပေမယ့် တခါတလေမှ ရေးတဲ့သူတွေ အဖို့တော့ Comment ရေးချင်ရင်တော့ မလွယ်တာ အမှန်ပါ။ ဇော်ဂျီဖောင့် ခေတ်စားပြီးခါစကတောင် စာဖတ်သူတွေထဲမှာ ဇော်ဂျီ မရိုက်တတ်တဲ့ သူတွေ ရှိနေသလိုပါပဲ။ ဘလော့ရေးတဲ့ သူတွေကတော့ စာရေးနေကျဆိုတော့ ခဏနေ အဆင်ပြေသွားတာပါပဲ။ Comment ရေးသူတွေ အတွက်တော့ မလွယ်ပါဘူး။ ဘလော့ကို ပြောင်းတဲ့ အခါ ကိုယ်ရေးတဲ့ စာကိုပဲ ဖောင့်အသစ် (Keyboad Layout အသစ်) ပြောင်းလို့ရတာ မဟုတ်ပါဘူး။ တခြားသူတွေရေးတဲ့ Comment တွေကိုပါ ပြောင်းရပါဦးမည်။ Comment တွေကိုပါ ဖောင့်ပြောင်းပြီးမှ ရေးတဲ့သူက အရင် (ဇော်ဂျီ) လက်ကွက်နဲ့ပဲ ရေးဦးမည်ဆို အဲဒီစာတွေကို Convert မလုပ်မချင်း ဖတ်လို့ ရဦးမှာ မဟုတ်ပါဘူး။ သည်းညည်းခံပြီး စိတ်မှန်းနဲ့ ဖတ်ရင်တော့ ဖတ်လို့ရတာပေါ့။
အဓိက မပြောင်းဖြစ်ခဲ့တာကတော့ ဇော်ဂျီဖောင့်ကို အားကိုးတကြီး စောင့်နေခဲ့လို့ပါပဲ။ ဇော်ဂျီဖောင့် ယူနီကုတ် အနေနဲ့ ထွက်လာရင်တောင် ရေးထားတဲ့ စာတွေကို Convert လုပ်ရမည် ဆိုတာ သိထားပေမယ့် ဘလော့ရဲ့ အသွင်အပြင် စာလုံးအရွယ် စာလုံးအရောင် စာစီစာကျတွေကို ဇော်ဂျီနဲ့ ချိန်ပြီး လုပ်ထားလို့ တခြားဖောင့်ကို မပြောင်းချင်သေးပါဘူး။ ဇော်ဂျီက ထွက်လာပေမည့် ယူနီကုတ်စံ မမီဘူးဆိုတော့ လူလည်း အတော် စိတ်ပျက်သွားပါတယ်။ ဒီကြားထဲမှာလည်း သူ့စံ ကိုယ့်စံတွေကြောင့် အတော် မျက်စိလည်သွားပါတယ်။
နောက်တစ်ကြောင်းကတော့ "ယူနီကုတ်သမားတွေ" ပါပဲ။ ယူနီကုတ်သမားတွေဆိုတာ ယူနီကုတ် စံမီဖောင့် ထုတ်လုပ်သူတွေ မဟုတ်ပါဘူး။ ယူနီကုတ်ပြောင်းဖို့ အကူအညီ ပေးသူတွေလည်း မဟုတ်ပါဘူ။ ယူနီကုတ် မသုံးတာကိုပဲ ဟိုးမျိုးချစ်စိတ် နိုင်ငံရေးကနေ ပုဂွိုလ်ရေးရာအထိ လျှောက်ပြောတဲ့ သူတွေပါ။ ယူနီကုတ်မပြောင်းတာ မြန်မာစာကိုပဲ တန်ဖိုးမထားသလို Linguistic တွေလို မြန်မာ အက္ခရာတွေကိုပဲ မသိသလို ဖြစ်ရပါတယ်။
Amoxicillin သောက်ဖို့ကို သူ့ထဲမှာ ပါတဲ့ ဓါတ်တွေကဘာတွေ သောက်ပြီးရင် ကိုယ်တွင်းမှာ ဇီဝပြောင်းလဲမှု ဘာတွေ ဖြစ်မှာကို မသိဘဲ သောက်လို့ အပြစ်ပြောတဲ့ ဆရာဝန်လိုမျိုး ဖြစ်နေပါတယ်။ ဆရာဝန်က ဒီဆေးကို ဘယ်လိုသောက် ဘာနဲ့ မသောက်နဲ့ သောက်ပြီးရင် မူးဝေတတ်တယ်။ ဒီလောက်ပြောရင် လူနာကလည်း အဆင်ပြေ ဆရာဝန်လည်း အလုပ်မရှုပ်တော့ဘူးပေါ့။ အခုတော့ အဲဒီ ယူနီကုတ်သမားတွေ ခမျာ ဟိုး ကွန်ပြူတာ စံတွေ စနစ်တွေကနေ မြန်မာ အက္ခရာတွေအထိ လိုက်ရှင်းပြနေရတာ တစ်ခုခုတော့ လွဲချော်နေပါတယ်။ အဆိုးဆုံးကတော့ နိုင်ငံရေးကနေ လူမှုရေးအထိ ပါလာတာကတော့ အတော်လေး ပညာရှင်မပီသပါဘူး။
သူတို့ ဒီလိုဆိုတာ နားထဲဝင်ရ ခက်ပေမယ့် လူတွေခေါင်းထဲတော့ အနည်းနဲ့အများ ရောက်သွားပါတယ်။ Awareness အတော်လေးရလိုက်ပါတယ်။ ဟိုနားကလည်း ဆူဆူ၊ ဒီနားကလည်း ဆူဆူဆိုတော့ ဗမာ အင်တာနက်ရွာကြီးမှာ အတော်လည်း သတင်းလှုပ်သွားပါတယ်။ အဲဒီလိုဖြစ်သွားတာ ယူနီကုတ် ပြောင်းချင်သူများအတွက် အတော်ပါပဲ။ Domino Effect ယူဖို့ အချိန်ကောင်းပါပဲ။
ယူနီကုတ်ပြောင်းလို့ ဘာတွေဖြစ်မည်ဆိုတာ ဆရာသမားများက ပေရှည်ရှည် (တုတ်နဲ့ရွယ်ပြီး) ရှင်းပြထားလို့ အတော်လေး သိပြီး ဖြစ်မှာမို့ ဘာကြောင့် ပြောင်းသင့်တယ် ဆိုတာ မပြောတော့ပါဘူး။ ကျွန်တော့်လို "ကျွန်တော်" ကိုတောင် "ကျနော်" မရေးဘဲ "ကျွန်တော်" ရေးတဲ့သူတစ်ယောက်အနေနဲ့ စံတွေကို ဖြစ်နိုင်ရင် ပိုပြီး လိုက်နာချင်ပါတယ်။ စာဖတ်သူတွေလည်း ပြောင်းရမှာမို့လို့ အချိန်ကောင်းကို စောင့်နေခဲ့ပါတယ်။
ယူနီကုတ် ပြောင်းတဲ့အခါ Blogspot ဆိုရင် ပို့စ်တစ်ခုချင်းစီ ပြောင်းစရာ မလိုပါဘူး။ ပို့စ်ဘယ်လောက်များများ အများဆုံး ၂ နာရီကနေ ၃နာရီ အတွင်းပြောင်းလို့ ရပါတယ်။ ကျွန်တော် စမ်းကြည့်ပြီးပါပြီ။ Blogspot မှာ ဘလော့တစ်ခုလုံးကို File တစ်ခုထဲမှာ Export (Save) လုပ်လို့ရတာ ရှိပါတယ်။ အဲဒီ File ကို Myanmar NLP ကပဲဖြစ်ဖြစ် တခြား Converter နဲ့ပဲဖြစ်ဖြစ် ပြောင်းလိုက်ပြီး ဘလော့ထဲကို ပြန်ထည့် Import လုပ်လိုက်ရင် ဖြစ်နိုင်ပါတယ်။ ကိုယ့်စာတွေတင်မဟုတ် တခြား Comment တွေ ဘလော့ Template ထဲက စာတွေကိုပါ ပြောင်းသွားမှာပါ။ အစမ်းသပ်ခံ ဘလော့တစ်ခုမှာ Rehearsal လုပ်ကြည့်ပြီးမှ လုပ်မည်ဆိုရင် ပိုစိတ်ချရပါတယ်။ အစမ်းသပ်ခံ အတွက် ဘလော့အသစ်တစ်ခု Create လုပ် လက်ရှိဘလော့က Export လုပ်ထားတာကို အဲဒီဘလော့ထဲ Import လုပ်လိုက်ရင် ဘလော့တစ်ခု ထပ်ပွားလို့ ရပါတယ်။ ဒီလိုပွားပြီး အစမ်း လုပ်ကြည့်နိုင်ပါတယ်။
တကယ်တော့ ဖောင့်(Character Encoding/Keyboard Layout) ပြောင်းတာ ကိုယ်တစ်ယောက်တည်းနဲ့ မပြီးပါဘူး။ အာလုံးက လိုက်ပြောင်းမှာ ပိုတင့်တယ်တာမျိုးပါ။ ကိုယ်တစ်ယောက်တည်း ကန့်လန့်လည်း မဖြစ်တော့ဘူးပေါ့။ အများ စပါကလင် သောက်နေတဲ့ အချိန်မှာ ကိုယ်လည်း ဆော်ဒါခါး မသောက်ရတော့ဘူးပေါ့။ အဲဒါကြောင့် ယူနီကုတ်ပြောင်းဖို့ တခြားသူတွေကိုလည်း ဖိတ်ခေါ်ပြီးမှ ကျွန်တော့်ဘလော့ကို ပြောင်းချင်ပါတယ်။
အဲဒါကြောင့် ကျွန်တော့် ဘလော့ကို ယူနီကုတ် ပြောင်းဖို့ ဘယ်လို စဉ်းစားသလဲဆိုတော့ တခြား ယူနီကုတ်ပြောင်းမယ့် ဘလော့တွေက ပို့စ် ၇၅၀၀ ရတဲ့ အချိန်ကျရင် ပြောင်းပါမည်။ ဘယ်လိုတွက်သလဲ ဆိုတော့ (ဥပမာ) ပို့စ် ၁၅၀ စီရှိတဲ့ ဘလော့ဂ် ၅၀ ရရင် ပို့စ် ၇၅၀၀ ရပါပြီ။ အဲဒီအခါကျရင် အားလုံး ပြောင်းကြပါမည်။ ပို့စ် ၇၅၀၀ ဆိုတဲ့ စာနဲ့ ဒီစာတွေကို ဖတ်တဲ့သူတွေက မနည်းတဲ့ အတွက် (စာမရေးတောင်) စာပဲဖတ်တဲ့သူတွေကလည်း လိုက်ပြောင်းဖြစ်သွားမှာပါ။ ကိုယ် Unicode ပြောင်းလိုက်လို့ စာဖတ်တဲ့သူတွေ ကိုးလို့ကန့်လန့်ဖြစ်မှာလည်း အများကြီး မပူရတော့ပါဘူး။
အထူးအစီအစဉ်အနေနဲ့ကတော့ ဒီဘလော့ရဲ့ Feed Roll မှာ ၂၀၁၁ တစ်နှစ်တာလုံး အဲဒီလိုပြောင်းမယ့် ဘလော့တွေရဲ့ နောက်ဆုံး ပို့စ်တွေကို အော်တို တက်လာအောင် ဖော်ပြပေးပါမည်။ အခုလက်ရှိ အော်တိုတက်နေတဲ ဘလော့တွေကတော့ ကျွန်တော် ဘလော့ စရေးတုန်းကတည်းက ခင်မင်နှစ်သက်ခဲ့ရတာတွေပါ။ ဒီဘလော့ရဲ့ Feed Roll ကိုဖတ်သူ နေ့စဉ် အနည်းဆုံး ၃၀၀ ခန့် ရှိပြီး Link တစ်ခုကို စိတ်ဝင်စားရင် ၀င်စားသလို အနည်းဆုံး Hit ၁၀၀ လောက် တစ်ရက်အတွင်း ပို့ပေးတတ်ပါတယ်။ ဒီဘလော့မှာ ဖောင့်ပြောင်းပြီးသွားရင်တော့ အရင်ဖောင့် အဟောင်းသုံးနေသေးတဲ့ စာတွေက Feed Roll မှာ (အခု Unicode နဲ့ ရေးထားတဲ့ စာတွေလို) ကြည့်လို့ ကောင်းတော့မှာ မဟုတ်တော့ပါဘူး။
အဲဒါကြောင့် ယူနီကုတ် အတူတူပြောင်းဖို့ Comment နေရာမှာ မိမိဘလော့က လက်ရှိ ပို့စ်အရေအတွက်ကို ရေးပြီး Sign Up လုပ်သွားဖို့ တောင်းပန်ပါရစေ။ ပို့စ်အားလုံးပေါင်း ၇၅၀၀ ပြည့်သွားရင် ဘယ်လို ပြောင်းတယ်ဆိုတာ ပို့စ်တစ်ခုရေးပြီး အကြောင်းကြားပါဦးမည်။ ကျွန်တော့် ဘလော့လည်း ယူနီကုတ်တွေနဲ့ ထိုးထိုးထောင်ထောင် မဖြစ်တော့ဘဲ တခြား ဘလော့တွေနဲ့ အတူး လိုက်ပြောင်းရလို့ စာဖတ်သူတွေကို ဖောင့်အသစ်ထည့်စေဖို့ အားမနာရတော့ပါဘူး။ အဲဒီအတွက် အတူ လိုက်ပြောင်းမည့်သူတွေကို ကြိုတင် ကျေးဇူးဥပကာရ ဆိုပါရစေ။
နှစ်သစ်မှာ စိတ်ရော ကိုယ်ပါ ကျန်းမာ ချမ်းသာကြပါစေ။ [ယူနီကုတ်သမားများ အပါအ၀င် :) ]
Feed တွေကို Subscribe လုပ်ပြီး ဖတ်တဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဒီ Blog မှာ တခြား မြန်မာ Blog တွေက ကောင်းနိုးရာရာ လေးတွေကို Preview လုပ်ထားပါတယ်။ Blog ကို လာလည်ပြီး ဖတ်မယ်ဆို တစ်ထိုင်တည်းမှာ တခြား စိတ်ဝင်စားဖွယ်ရာ Post လေးတွေကိုပါ သွားလည်နိုင်ပါတယ်။ Comment တွေပါ ဖတ်လို့ ရတော့ တခြားသူတွေ ၀င်ရောက် အားပေး ဆွေးနွေးထားတာတွေ၊ အမှား ပြင်ပေးထားတာတွေပါ ဖတ်လို့ ရတယ့် အတွက် အလည်လာဖို့ ဖတ်ခေါ်ပါတယ်။
၂၀၁၀ ကနေ ၂၀၁၁ ကို ပြောင်းသွားမှာဟာ အားလုံးအတွက် ဆိုင်တဲ့ အပြောင်းအလဲ တစ်ခုဖြစ်ပါတယ်။ ဒီလိုပဲ အပြောင်းအလဲတွေဟာ အခွင့်အလမ်းလို ပုဂွလိက မဆန်ဘဲ အများဆိုင် ဖြစ်တတ်ပါတယ်။ ၂၀၁၁ ကို ပြောင်းလဲသွားမှာဟာ တစ်ဦး တစ်ယောက်တည်း အတွက် အခွင့်အလမ်း မဟုတ်ပါဘူး။ အများနဲ့ ဆိုင်တယ် ဆိုပေမယ့် ၂၀၁၁ အပြောင်းအလဲမှာ စီးမျောနိုင်သလား မနိုင်သလားဆိုတာကတော့ တစ်ဦး တစ်ယောက်ချင်းစီရဲ့ အရည်အချင်း ဖြစ်ပါတယ်။ ၂၀၁၀ မှာလည်း ဒီလိုပဲ ၂၀၁၁မှာလည်း ဒီလိုပဲ ဆိုရင်တော့ အဲဒီ အပြောင်းအလဲမှာ စီမျောခြင်း မရှိဘူးလို့ ဆိုရမှာပဲ။
အပြောင်းအလဲတွေဟာ အများနဲ့ ဆိုင်တဲ့ အတွက် သိပ်ကို မြင်သာသလို သိပ်ကို ရောချလွယ်ပါတယ်။ ကိုယ်ပိုင်ဘ၀ အပြောင်းအလဲတွေဟာလည်း အများဆိုင် အပြောင်းအလဲတွေရဲ့ ဂယက်ကြောင့် ဖြစ်လာရတယ် မြင်ပါတယ်။ ၂၀၁၀ ကနေ ၂၀၁၁ ပြောင်းသွားမှာ အများနဲ့အတူ ကိုယ်ကိုယ်တိုင်ပဲ အမှန်တကယ် ပါဝင်သလို ထင်ရပါတယ်။ ပါဝင်တယ် မ၀င်ဘူး တကယ်တန်း အဆုံးအဖြတ် ပေးမှာကတော့ ၂၀၁၁ အတွက် ကိုယ်ကိုယ်တိုင် ပြင်ဆင်ထားသလားပါပဲ။ အပြောင်းအလဲ အတော်များများဟာ ကိုယ့်ကြောင့် ကိုယ်စတင်လို့ ဖြစ်လာတာ မဟုတ်ပေမယ့် အဲဒီအပြောင်းအလဲတွေမှာ ပါဝင်ဖို့ကတော့ အခြေအနေပေးတတ်ပါတယ်။ အပြောင်းအလဲ တစ်ခုမှာ စီးမျောရတယ် ဆိုတာ အရံသင့် ခူးခပ်ပြီး ထမင်းကို ထစားလိုက်ရုံလိုပါပဲ။ ကြိုက်တတ်ဖို့နဲ့ ၀င်စားလိုက်ဖို့ပဲ လိုတာပါ။
အပြောင်းအလဲဟာ တော်လှန်ရေး မဟုတ်ပါဘူး။ ဥပမာ ပြရရင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာ အပြောင်းအလဲ တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားရေးအတွက် တော်လှန်ရေး မဟုတ်ပါဘူး။ သူမ လွတ်မြောက်အောင် လူအပေါင်းက စွမ်းစွမ်းတမံ ကြိုးစားခဲ့ကြတယ် ဆိုတာရယ် သူမဟာ ဒီလို ဒီမိုကရေစီ ထွန်းကားဖို့ တော်လှန်ရေး တစ်ခုကို ဖြစ်မြောက်အောင် ဦးဆောင်နိုင်သူတွေထဲမှာ ပါဝင်တယ်ဆိုတာရယ် ကလည်း ယုံမှားဖွယ် မရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့ အပြောင်းအလဲထဲမှာ စီးမျောချင်တယ်ဆိုရင်တော့ သူမရဲ့ မြန်မာပြည် ဒီမိုကရေစီ ထွန်းကားရေး ကြိုးပန်းမှုတွေထဲမှာ တစ်တပ်တစ်အား ပါဝင်မှသာ စီးမျောနိုင်မှာပါ။ နေ့စဉ် သတင်းတွေ မလွတ်တမ်း ဖတ်ရုံနဲ့ ဒီလွတ်မြောက်မှုမှာ စီးမျောနေမှာ မဟုတ်ပါဘူး။
အပြောင်းအလဲဟာ တော်လှန်ရေးလောက် မခက်ခဲပါဘူး။ အပြောင်းအလဲတွေဟာ ကိုယ့်မျက်စိရှေမှာတင် ဖြစ်ပျက်နေတာမျိုးပါ။ တော်လှန်ရေး ဆိုတာမျိုးကတော့ ကိုယ်ကိုယ်တိုင် စတင် ပါဝင်မှသာ ဖြစ်နိုင်တာမျိုးပါ။ တော်လှန်ရေးဆိုတဲ့ စကားလုံးဟာ “နိုင်ငံရေး” ဆန်နေလျင် “စီပွားရေး” ဆန်ဆန် စွန့်ဦးတီထွင်ခြင်းလို့လည်း တွေးကြည့်နိုင်ပါတယ်။ အရပ်ဆန်ဆန် အလွယ်ပဲ ပြောရရင်တော့ မြန်မာပြည်က လူငယ်တွေ စင်္ကာပူလို နိုင်ငံတွေကို အလုပ်သွားလုပ်ကြတာ ခေတ်ရေစီးကြောင်း အပြောင်းအလဲ တစ်ခုဖြစ်ပါတယ်။ ဒီလို ခေတ်ရေစီးကြောင်းထဲမှာ စီးမျောဖို့ဟာ ဟိုးအရင်ကတည်း စင်္ကာပူ နာမည်မကြီးခင်ကတည်းက ထွက်သွားတဲ့ သူတွေလောက်တော့ အရဲ စွန့်စရာ မလိုပါဘူး။ ဒါမှမဟုတ် ကိုယ့်လူတွေ သိပ်မသွားသေးတဲ့ နိုင်ငံကို သွားတာလောက် ပူစရာ မလိုပါဘူး။ စင်္ကာပူမှာ ရပ်တည်နိုင်သလား မရပ်တည်နိုင်ဘူးလား ဆိုတာကတော့ ဒီ ခေတ်ရေစီကြောင်းထဲမှာ စီးမျောနိုင်သလား ဆိုတာပါပဲ။
အခုခေတ်ကြီးမှာ လူငယ်တချို့ရဲ့ ထွက်ပေါက် စင်္ကာပူကို ရှိပြီးသား နာမည်နဲ့ ၀ိတ်နဲ့ သုံးပြီး ပိတ်ချင်တာတွေ တွေ့ရတော့ (လွန်ခဲ့တဲ့ နှစ်တွေက အပေါစား ဗွီဒီယိုတွေမှာ) နိုင်ငံတကာ ဘုံသုံး ဘာသာစကား တစ်ခုအနေနဲ့ ပြောဆိုနေတဲ့ အင်္ဂလိပ်စကားကို သင်္ဘောသား ငပေါယောင် သရုပ်ဆောင်ပြီး ဒွတ်ဒပ် ဘွတ်ရှပ် ဘိုလမ်းနီးတယ် ပြောချင်တဲ့ လူပျက်သရုပ်ဆောင်တွေလို ရွံရှာမိပါတယ်။ အပြောင်းအလဲကို ဖုံးကွယ်လို့ မရပါဘူး။ မဖုံးကွယ်ကောင်းပါဘူး။ ဘာနဲ့ တူသွားမလဲ ဆိုရင်တော့ အပျိုဘော် ၀င်စပြုလာတဲ့ သမီးကို နည်းလမ်းမှန်မှန် ပြုစုပျိုးထောင်တာမျိုး မဟုတ်ဘဲ ရွံရှာ စက်ဆုပ်စရာ လူတော မတိုးဝံ့စရာ တစ်ခုအနေနဲ့ ပြောဆိုနေသလို ဖြစ်ပြီး ဖွံ့ဖြိုးသင့်တာတွေ မဖွံ့ဖြိုး ဖြစ်သွားပါမည်။
အပြောင်းအလဲကို ရှုမြင်သုံးသပ်တတ်မှသာ စီးမျောနိုင်ပါတယ်။ ကိုးကွယ်ရာ ဆင်းတုတော် တစ်ဆူကို စကျင်ကျောက်တုံး တစ်တုံး၊ သစ်တုံး တစ်တုံးလို့သာ မြင်နေသေးတာဟာ အတွင်းသဘောကို သိမြင်တယ် ဆိုတာထက် အပြောင်းအလဲကို မမြင်နိုင် လက်မခံနိုင်တာပါ။ ဆင်းတုတော်ကို ကျောက်တုံးတစ်တုံးလို သစ်တုံးတစ်တုံးလို ပြုမူတာ ဘာသာရေး ကျမ်းတစ်ခုကို စာရွက် တစ်ရွက်လို့ပဲ သဘောထားတာ ကိုးကွယ်သူတွေအမြင် မသင့်တော်တာပဲ ဖြစ်သွားပါမည်။ ဆန်ကနေ ထမင်းဖြစ်သွားတယ်။ ထမင်းကို စားလိုက်လို့ မစင်ဖြစ်သွားတယ် ဆိုတယ် အပြောင်းအလဲကို သိမြင်ပြီး ဆန်နဲ့ မစင်ကို မရောထွေးသကဲ့သို့ အရာတစ်ခု လူတစ်ယောက် ခေတ်တစ်ခေတ်ရဲ့ အပြောင်းအလဲကိုလည်း ယခင် အခြေအနေတွေနဲ့ မလိုအပ်ဘဲ မရေးထွေးသင့်ပါဘူး။ သူ့အပြောင်းအလဲမှာ သူ သင့်တင့် လျောက်ပတ်အောင် စီးမျောရပါမည်။
အပြောင်းအလဲကို ဥပက္ခာ ပြုစရာမလိုပါဘူး။ ပြုလို့မရပါဘူး။ ၂၀၁၀ကနေ ၂၀၁၁ ပြောင်းလဲ သွားမှာကို မီပန်းဖေါက် ကြိုဆိုစရာ မလိုပါဘူး ဆိုချင် ဆိုနိုင်ပေမယ့် ရက်စွဲတပ်တဲ့ အခါဖြစ်ဖြစ် လက်ပတ်နာရီ ကိုဖြစ်ဖြစ် သူ့နည်းတူ ပြောင်းလဲနေအောင် လုပ်ပေးရဦးမှာပါပဲ။ အပြောင်းအလဲကို မမြင်ချင်ယောင် ဆောင်သကဲ့သို့ အပြောင်းအလဲ ဖြစ်သွားတာတောင် မသိလိုက်တာမျိုးတွေ ရှိပါတယ်။ မျက်စိစုံလုံး ကွယ်နေသလို ကိုယ်ပတ်ဝန်းကျင်မှာ ဘာတွေ ပြောင်းလဲနေသလဲ မသိ တရေးနိုးထကြည့်တော့ အတော် နောက်ကျနေပြီ ဆိုတာမျိုးတွေလည်း အများသား ကြုံခဲ့ရတာပါ။ မြင်လိုက်လျက်နဲ့ ကိုယ်တိုင် လိုက်ပါ မစီးမျောတာကလည်း ခြေလက်မပါတဲ့သူ သာသာ ဖြစ်တော့မည်။
၂၀၁၀ကနေ ၂၀၁၁ ကိုပြောင်းသွားတော့မည်။ အသက်တွေလည်း ကြီးသထက်ကြီးလာတယ်။ ဒါကိုမှ မကြီးသယောင် ကြီးသယောင်နဲ့ ယောင်တောင်တောင် လုပ်နေလို့ကတော့ ကြောင်တောင်တောင်ပဲ ဖြစ်သွားပါမည်။ အသက်ပြောင်းလဲမှုမှာ စီလျှင်အောင် မစီးမျောနိုင်မျိုးတာတွေလည်း ဖြစ်နိုင်ပါတယ်။ ဖြစ်နေတာပါပဲ။ ဒီပြောင်းလဲမှုဟာ နေ့စဉ်နဲ့အမျှ ဖြစ်နေတာမို့ သင့်တော်အောင် လိုက်ပါ စီးမျောဖို့ နေ့တိုင်း ကြိုးစာရမယ့် အရာတစ်ခု ဖြစ်တော့တယ်။
မှန်ကန် သေချာတဲ့ အပြောင်းအလဲအတွက် လမ်းဆုံ လမ်းခွ မရှိပါဘူး။ လမ်းဆုံး လမ်းခွမှာ ဘယ်လမ်း လိုက်ရမယ်မှန်း ဘယ်ကမ်း ကပ်ရမယ်မှန်း မသိတာဟာ အပြောင်းအလဲ မပီပြင်တာပါ။ ဒီလို မပီပြင်တဲ့ အပြောင်းအလဲတွေမှာ တံလျှပ်ရေထင် ရွှေသမင် အလိုက်မှားတာတွေဟာ ဖြစ်နိုင်တာမို့ မဖြစ်ပေါ်သေးတဲ့ အပြောင်းအလဲကိုလည်း ရှုမြင် သုံးသပ် တတ်ရပါမည်။ ဒါပေမယ့် အရာတိုင်းမှာတော ၂၀၁၀ကနေ ၂၀၁၁ကို ပြောင်းသွားမှာလို ပြက်ပြက်ထင်ထင် မမြင်သာပါဘူး။ စွန့်စားလိုက်ရတာတွေ အပြောင်းအလဲဖြစ်သွားအောင် တွန်းထိုးလိုက်ရတာတွေဟာ မြင်သာတဲ့ အပြောင်းအလဲတွေမှာ စီးမျောခြင်းထက် သာလွန် ခက်ခဲပါတယ်။
လွယ်လွယ်ကူကူ မျက်စိရှေ့မှာ ဖြစ်ပေါ်နေတဲ့ သေချာပေါက် အပြောင်းအလဲတစ်ခုမှာ စီးမျောချင်ရင်တော့ အဲဒီ အပြောင်းအလဲထဲ ခြေစုံပစ်ဝင်ပြီး ကိုယ်တိုင်ပါဝင်မှသာ ဖြစ်နိုင်တော့တယ်။ အပြောင်းအလဲတွေကို သတင်းဖတ်သလို ဖတ်နေရုံနဲ့တော့ အပြောင်းအလဲထဲမှာ စီးမျောမှာ မဟုတ်ဘဲ ကိုယ်သာလျင် နောက်ကျကျန်ခဲ့မှာပဲ။ အပြောင်းအလဲကို မြင်လျက်နဲ့ ကိုယ်စွမ်း ကိုယ်စ မရှိလို့ဘဲ ဖြစ်ဖြစ် နောက်တွန့်လို့ပဲ ဖြစ်ဖြစ် စုံဝင် မစီးမျောရင်လည်း ဒီအပြောင်းအလဲဟာ ကိုယ်နဲ့ မဆိုင် အသုံးမ၀င် ဖြစ်တော့မည်။
အပြောင်းအလဲတွေထဲမှာ မျောပါရင် ပြီးရော ကိုယ်တိုင် အဆင်သင့် မဖြစ်သေးဘဲ စုံခုန်ဝင်ရင်လည်း ရေမကူးတတ်ဘဲ မြစ်ထဲကို ခုန်ချသလိုမျိုးပဲ ဖြစ်သွားပါမည်။ အပြောင်းအလဲတွေထဲမှာ ရေစုန်မျောပြီး နောက်ဆုံး ခွေးသေကောင်ပုတ်လို ကြုံရာ ကမ်းတစ်ခုမှ တင်ပြီး ကျီးစား ငှက်စားနဲ့ ဘ၀ဆုံးရုံသာ ရှိတော့တယ်။ ပတ်ဝန်းကျင်မှာ အပြောင်းအလဲတွေ ဖြစ်ပေါ်နေတာကို သိမြင်ပြီး ကိုယ်လိုချင်တဲ့ အနအထားတစ်ခု ရောက်စေမည့် အပြောင်းအလဲတစ်ခုကို ရွေးချယ်ပြီ အဆင်သင့် ဖြစ်တယ်ဆိုရင်ဖြင့် ပါဝင် ဆင်နွှဲဖို့သာ လိုတော့တယ်။
၂၀၁၁ နှစ်ကူး အပြောင်းအလဲ မှာ အမှန်တကယ် စီးမျောနိုင်ဖို့ ဒီစာကို နှစ်ကူး လက်ဆောင်အဖြစ် ရေးလိုက်ပါတယ်။ အပြောင်းအလဲတွေကို သုံးသပ်ပြီး ဘယ်လို စီးမျောမည် ဆုံးဖြတ်ချင်သူများအတွက် နှစ်ကူး သံဓိဌာန် ချနိုင်ဖို့ နှစ်မကူးမီ ကြိုတင်ပြီး ရေးလိုက်ပါတယ်။
စာဖတ်သူအပေါင်း ၂၀၁၁ မှာ စီးမျောနိုင်ပါစေ။ ။
တခြားဖတ်ရန်
* အပြောင်းအလဲ (ကိုပေါ)
* ၂၀၁၀ အတွက် ဒိန်ချဉ် နောက်တစ်အိုး
Feed တွေကို Subscribe လုပ်ပြီး ဖတ်တဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဒီ Blog မှာ တခြား မြန်မာ Blog တွေက ကောင်းနိုးရာရာ လေးတွေကို Preview လုပ်ထားပါတယ်။ Blog ကို လာလည်ပြီး ဖတ်မယ်ဆို တစ်ထိုင်တည်းမှာ တခြား စိတ်ဝင်စားဖွယ်ရာ Post လေးတွေကိုပါ သွားလည်နိုင်ပါတယ်။ Comment တွေပါ ဖတ်လို့ ရတော့ တခြားသူတွေ ၀င်ရောက် အားပေး ဆွေးနွေးထားတာတွေ၊ အမှား ပြင်ပေးထားတာတွေပါ ဖတ်လို့ ရတယ့် အတွက် အလည်လာဖို့ ဖတ်ခေါ်ပါတယ်။
“အကျယ်ချုပ် ထိန်းသိမ်းခံရစဉ်အတွင်း ရဟန်းတော်များ အိမ်ရှေ့မှ ဖြတ်လျှောက်သွားတဲ့အခါ ခြံဝအထိ ထွက်ပြီး ဖူးမြော်ခဲ့ပါတယ်.. အဲဒီအချိန်က ခြံဝကို ထွက်ပြီး သံဃာတော်တွေကို ဖူးမြော်ခဲ့ပါတယ်.. မျက်ရည်ကျ ငိုတယ်ဆိုတာတော့ မဟုတ်ပါဘူး..တကယ်တော့ မြင်လိုက်ရတဲ့အတွက် အရမ်းကို ပျော်ရွှင်ခဲ့ရပြီး ပြုံးခဲ့တာပါ…တချို့လူတွေနဲ့ သံဃာတော် အချို့ကတော့ ကျမကို မြင်တဲ့အတွက် မျက်ရည်ကျကြပါတယ်…ကျမကတော့ သူတို့ဒီလို လမ်းပေါ် ထွက်လာခွင့်ရတဲ့အတွက် မြင်ရတာနဲ့ကို အရမ်းဝမ်းသာမိတာပါပဲ”
ပြည်သူတွေအများစုက ဘယ်အချိန်ပဲ ဖြစ်ဖြစ် တွေ့မြင်လိုက်တိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်အား “အမေစု”ဟု ခေါ်ဝေါ်တဲ့အပေါ် သူမရဲ့ ခံစားချက်ကို ဖြေကြားတဲ့ အခါ
"ပထမဆုံးအနေနဲ့တော့ ကျမ ဖေဖေ့ရဲ့ အမေ အဘွားကို သတိရစေပါတယ်။ အဘွားရဲ့ ဇာတိမြေ နတ်မောက်တစ်မြို့လုံးက ကျမတို့ အဘွားကို အမေစုလို့ပဲ ခေါ်ကြတယ်လေ။ အိမ်နီးချင်းတွေ အမျိုးတွေတင် မဟုတ်ဘဲ ဘာကြောင့်ရယ်တော့ မသိ တစ်မြို့လုံးက အမေစုလို့ပဲ ခေါ်ကြတယ်။ တခြားတစ်ခုကတော့ အမေရယ်လို့ အခေါ်ခံရတာ ရည်ညွှန်းခံရတာ တာဝန်တွေ ပိုကြီးလာပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အမေတစ်ယောက်ရဲ့ အခန်းကဏ္ဍက အင်မတန် အရေးပါပြီး တာဝန်ဝတ္တရား ပိုကြီးမားလို့ပါ….”
“ကျမအထင် လူတွေက သူတို့လုပ်ချင် ဖြစ်ချင်တဲ့နေရာတွေကို သွားနိုင်ဖို့ ကျမကို ကူညီစေချင်ခဲ့တာပါ..ကျမ သူတို့ကို ကြိုးစားသင်ပေးနေတာကတော့ သူတို့ကိုယ်တိုင်က ကူညီနိုင်တယ်ဆိုတဲ့ အချက်ပါပဲ... ကျမတို့ တူတူ လုပ်ကြမယ်.. သူတို့ ကျမတစ်ယောက်တည်းကို အားကိုးလို့ မရဘူးလေ..တခြား ဘယ်သူတစ်ဦးတစ်ယောက် ပါတီအဖွဲ့အစည်းတစ်ခုကိုလည်း သူတို့ လိုချင်တာကိုရောက်ဖို့ အားကိုးလို့မရပါဘူး...”
“လူတွေကိုယ်တိုင်..အထူးသဖြင့် လူငယ်လေးတွေဟာ ဒီဇာတ်လမ်းမှာ အရေးကြီးတဲ့ သရုပ်ဆောင်တွေပါပဲ…"
မလွှင့်ထုတ်လိုက်ရတဲ့ အင်တာဗျူးတစ်ခုမှ ကောက်နှုတ်ချက်ကို အင်တာဗျူးခဲ့သူ သတင်းထောက်တစ်ဦးမှတဆင့် ပေးပို့လာတာကို ရေးသားချက် ဖြစ်ပါတယ်။ အင်္ဂလိပ်လို ဖြေကြားတဲ့ အပေါ် ဘာသာပြန်ထားတဲ့ အတွက် စကားလုံး အတိအကျမဟုတ်ပါဘူး။
အထက်ပါစာအာလုံး (ဓါတ်ပုံမပါ)ကို မူရင်းအတိုင်း မပြောင်းလဲဘဲ http://wesheme.blogspot.com/2010/12/exclusive-interview-with-mother-su.html အား Credit ပေး၍ ပြန်လည် ဖြန့်ဝေနိုင်ပါသည်။
ဓါတ်ပုံကို မည်သူ ရိုက်မှန်းမသိ၍ Credit မပေးနိုင်တာကို တောင်းပန်ပါတယ်။ ပေးပို့လာသူကိုလည်း (တောင်းဆိုချက်အရ အမည်မဖော်နိုင်သော်လည်း) ကျေးဇူးအထူးတင်ရှိပါတယ်။
Feed တွေကို Subscribe လုပ်ပြီး ဖတ်တဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဒီ Blog မှာ တခြား မြန်မာ Blog တွေက ကောင်းနိုးရာရာ လေးတွေကို Preview လုပ်ထားပါတယ်။ Blog ကို လာလည်ပြီး ဖတ်မယ်ဆို တစ်ထိုင်တည်းမှာ တခြား စိတ်ဝင်စားဖွယ်ရာ Post လေးတွေကိုပါ သွားလည်နိုင်ပါတယ်။ Comment တွေပါ ဖတ်လို့ ရတော့ တခြားသူတွေ ၀င်ရောက် အားပေး ဆွေးနွေးထားတာတွေ၊ အမှား ပြင်ပေးထားတာတွေပါ ဖတ်လို့ ရတယ့် အတွက် အလည်လာဖို့ ဖတ်ခေါ်ပါတယ်။
Feed တွေကို Subscribe လုပ်ပြီး ဖတ်တဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဒီ Blog မှာ တခြား မြန်မာ Blog တွေက ကောင်းနိုးရာရာ လေးတွေကို Preview လုပ်ထားပါတယ်။ Blog ကို လာလည်ပြီး ဖတ်မယ်ဆို တစ်ထိုင်တည်းမှာ တခြား စိတ်ဝင်စားဖွယ်ရာ Post လေးတွေကိုပါ သွားလည်နိုင်ပါတယ်။ Comment တွေပါ ဖတ်လို့ ရတော့ တခြားသူတွေ ၀င်ရောက် အားပေး ဆွေးနွေးထားတာတွေ၊ အမှား ပြင်ပေးထားတာတွေပါ ဖတ်လို့ ရတယ့် အတွက် အလည်လာဖို့ ဖတ်ခေါ်ပါတယ်။
ကမ္ဘာပေါ်က အထင်ကရ မြို့ကြီးတွေ တော်တော်များများမှာ ဌာနေတွေ (Native) တွေ နေတာက တ၀က်လောက်ပဲ ရှိပါတော့တယ်။ ကျန်တာတွေက ပြည်ပကသူတွေ (Foreign Born) တွေ နေကြတယ်။ အဲဒီလို မြို့ကြီးတွေထဲမှ (၂၀၀၅ စစ်တမ်းအရဆိုရင်) အမေရိကားက မိုင်ယာမီက အဆိုးဆုံး။ တ၀က်ကျော်က ကျူးဘားတွေ။ ခိုးဝင်လာတာရော ဗြောင်ဝင်လာတာရော။ အိန္ဒိယက ကုလားတွေကတော့ ပြောမနေနဲ့ ကမ္ဘာအနှံ့က မြို့ကြီးတွေမှာ သူတို့ပဲ။ ကနေဒါက တိုရန်တို၊ ဆွစ်စလန်က ဂျီနီဗာ လိုမြို့မျိုးတွေကနေ UAE က ဒူဘိုင်းလိုမှာထိ သူတို့တွေက ရာခိုင်နှုန်း အတော်များများ ယူထားကြတယ်။ ကနေဒါက ဗန်ကူးဗားကတော့ တရုတ်တွေ အကြိုက်။ ဆစ်ဒနီမှာလည်း ဗြိတိန်ဖွား ၂ သိန်းနီးပါးပြီးရင် တရုတ်တွေက တစ်သိန်းကျော်နဲ့ ဒုတိယ လိုက်တယ်။
စင်္ကာပူနဲ့ ဆစ်ဒနီကတော့ လူဦးရေ စုစုပေါင်းကလည်း ၄သန်းခွဲ ကျော်ကျော်နဲ့ မတိမ်းမယိမ်း။ Foreign Born တွေကလည်း ၃ ယောက်မှာ ၁ ယောက်နှုန်းလောက်နဲ့ သိပ်မကွာပါဘူး။ ဒါဟာ လန်ဒန်နဲ့ ပါရီထက် Foreign Born ရာခိုင်နှုန်း နည်းနည်းပိုများပါသေးတယ်။ စင်္ကာပူက လူတွေ (သူ့နိုင်ငံသားတွေ)က စင်္ကာပူကို ဘာကြောင့် ကြိုက်သလဲလို့ မေးလို့ရှိရင် စည်းကမ်းရှိရှိ တိုးတက်တာ အပြင် ယဉ်ကျေးမှုစုံလို့ Multi-Culture မို့လို့ ကြိုက်တယ် ပြန်ဖြေရင် သိပ်ကြိုက်တာ။ စင်္ကာပူ အစိုးရကလည်း တရုတ်၊ မလေး၊ ကုလား သုံးမျိုး တည့်ပြီး နေနိုင်အောင် စင်္ကာပူကို Multi-Culture ဖြစ်တယ်လို့ ၀ါဒဖြန့်ထားတာလေ။
တကယ်တမ်း တရုတ် ကုလား မရှိတဲ့ မြို့ကြီးဆိုတာလည်း ခပ်ရှားရှား။ တကယ်တမ်း စင်္ကာပူမှာ အထူးအဆန်းဖြစ်တာ စိတ်ဝင်စားစေတာ မလေးတွေနဲ့ သူတို့ရဲ့ အစားအစာပါ။ Peranakan မလေး-တရုတ်တွေ၊ ပီနန်ဖက်က အစားအစာတွေတော့ ပိုကြိုက်တယ်။ စင်္ကာပူမှာ China Town အပြင် Little India ဆိုပြီး သူ့လူမျိုးနဲ့သူ ဆိုင်တွေ စားသောက်ဆိုင်တွေ ကုန်စုံဆိုင်တွေ ဖွင့်ထားတယ်ဆိုတာတော့ အားလုံး သိပြီးလောက်ပဲ။ NYC (New York City) မှာ လူဦးရေ ၈ သန်းကျော် ရှိရာမှာ ၈% ကျော်က အီတာလျံတွေ အီတာလျံ-အမေရိကန်တွေတဲ့။ နယူးရော့ခ်မှာလည်း Little Italy ဆိုပြီး ရှိတယ်။ အီတလီစာ ကောင်းကောင်း စားချင်ရင် အဲဒီဖက်ကို သွားစားကြတယ်။
ဆစ်ဒနီရောက်တော့ တရုတ်၊ ကုလား ယဉ်ကျေးမှု (အဓိကကတော့ ကိုယ်စိတ်ဝင်စားရာ) အစားအစာ အပြင် ဗီယက်နမ်တွေ၊ ကိုရီးယားတွေ၊ လက်ဘနွန်တွေ၊ ပါရှန်းတွေ (အီရန်တွေ)၊ အီတာလျံတွေရဲ့ အစားအစာတွေကိုပါ လက်လှမ်းမီမီ မြည်းစမ်းခွင့် ရလာတယ်။ သူတို့တွေက တစ်မျိုးကို လူဦးရေ ၅သောင်းကျော် ရှိကြတာဆိုတော့ သူတို့ရဲ့ စားသောက်ဆိုင်တွေများသလို သူတို့ အစားအစာတွေလည်း ကုန်စုံဆိုင်တွေမှာ ပုံမှန်ကို ရောင်းချပေးနေတယ်။
ဗီယက်နမ် အမဲပြုတ် ဟင်းရည် (Pho) “ဖာ” ကောင်းကောင်း သောက်ချင်ရင် ဗီယက်နမ်ဆိုင်မှာ စားလို့ရတယ်။ ပိုကောင်းတာ သောက်ချင်ရင် သူတို့တွေ များများစားစား စုနေတဲ့ နေရာကို သွားစားလို့ရတယ်။ အဲဒီက ဟင်းရည်က ဆိုင်ဂုံ(ဟိုချီမင်း)မှာ တစ်ခါ သောက်ခဲ့ဖူးတာထက်တောင် ပိုကောင်းနေသေးတယ်။ ကိုရီးယားတွေလည်း များများစားစား နေတော့ ကိုရီးယား ဘာဘီကျူး၊ ဟော့ပေါ့လည်း ကောင်းကောင်း စားချင်ရင် စားလို့ရတယ်။ ကျွန်တော် လက်ဘနီစ် နံပြားလို့ ခေါ်တဲ့ Lebanese Bread ကလည်း ဆိုင်တိုင်းမှာ ရောင်းတယ်။ အာရပ်စာ ခပတ်ဘ် (Kebab)ဆိုင်တွေလည်း အတော်များများရှိတယ်။ ပြောရမည်ဆို ဆစ်ဒနီက လူမျိုးအတော်စုံပြီး အစားအသောက်လည်း စုံတော့ တစ်မျိုးပြီး တစ်မျိုး မြည်းစမ်းလို့ မကုန်နိုင်သေးပါဘူး။
အဲဒီလိုနဲ့ ပြီးခဲ့တဲ့ အပတ်က အီတာလျံစာ စားချင်တာရယ် ဆစ်ဒနီထဲက ဟိုနား ဒီနား မရောက်ဖူးသေးတဲ့ နေရာ သွားချင်တာနဲ့ အီတာလီတွေ စုနေတဲ့ Leichardt လို့ခေါ်တဲ့ နေရာကို သွားကြတယ်။ အဲဒီမှာ အီတာလျံ စားသောက်ဆိုင်တွေအပြင် Italian Forum လို့ခေါ်တဲ့ အီတလီကမြို့တွေလို ရင်ပြင်နဲ့ အောက်ထပ်က စားသောက်ဆိုင်နဲ့ အိမ်တွေလိုမျိုး လုပ်ထားတဲ့ နေရာကို ကြည့်ချင်တာနဲ့ သွားကြတယ်။ စင်္ကာပူက Bugis Junction မှာ အခုနောက်ပိုင်း Renovate လုပ်ထားတဲ့ လမ်းကျဉ်ထဲမှာ အောက်က စားသောက်ဆိုင်တွေ အပေါ်က အထည်ဆိုင်တွေလိုမျိုးပါ။
Feed တွေကို Subscribe လုပ်ပြီး ဖတ်တဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဒီ Blog မှာ တခြား မြန်မာ Blog တွေက ကောင်းနိုးရာရာ လေးတွေကို Preview လုပ်ထားပါတယ်။ Blog ကို လာလည်ပြီး ဖတ်မယ်ဆို တစ်ထိုင်တည်းမှာ တခြား စိတ်ဝင်စားဖွယ်ရာ Post လေးတွေကိုပါ သွားလည်နိုင်ပါတယ်။ Comment တွေပါ ဖတ်လို့ ရတော့ တခြားသူတွေ ၀င်ရောက် အားပေး ဆွေးနွေးထားတာတွေ၊ အမှား ပြင်ပေးထားတာတွေပါ ဖတ်လို့ ရတယ့် အတွက် အလည်လာဖို့ ဖတ်ခေါ်ပါတယ်။
ဒီနေ့သတင်းတစ်ခုမှာ ကိုယ့်ပါတီဝင်တွေကိုယ်တိုင် ၀ိုင်းပြီး ဖြုတ်ချတာ ခံလိုက်ရတဲ့ သြစတြေးလျက ၀န်ကြီးချုပ်ဟောင်း Kevin Rudd ကို ကိုယ်ချင်းစာတဲ့ အကြောင်း သူလိုပဲ ဖြုတ်ချခံရဖူးတဲ့ ပါတီခေါင်းဆောင်ဟောင်းက ဒီလို ပြောပါတယ်။
I don't just have sympathy. I've got empathy.Sympathy နဲ့ Empathy က ခပ်ဆင်ဆင်ပေမည့် အတွင်း သဘောထားက အတော်လေး ကွာသွားတာကို တွေ့ရပါတယ်။ Sympathy ရဲ့ အဓိပ္ပါယ်ကို မြန်မာ အဘိဓာန်မှာတော့ “ကရုဏာ။ သနားခြင်း။ ကြင်နာခြင်း။ ညှာတာခြင်း။ ထောက်ထားမှု။ စာနာခြင်း။ ထပ်တူ ၀မ်းနည်းကြေကွဲခြင်း။ အမြင်တူခြင်း။ သဘောထားတူခြင်း” လို့ တူမယောင် ကွဲလွဲလေးတွေ ဆိုထားပါတယ်။ Empathy ကတော့ ရှင်းပါတယ်။ “မျှဝေခံစားခြင်း။ စာနာကြည့်ခြင်းလို့” ပဲဆိုထားပါတယ်။ Empathy ကို ခံစားချက်နဲ့ ပတ်သက်ရင်တော့ “တခြားသောသူတစ်ဦး၏ စိတ်ခံစားမှု(Emotion) နှင့် အာရုံခံစားမှု(Feeling) ကို မျှဝေခံစားခြင်း”လို့ ပြောပါတယ်။
(က) - မပူပါနဲ့ကွာ။ ငါတို့လို လူတွေ အတွက် အလုပ်က မရှားပါဘူး။ ခဏနေ ပြန်ရမှာပါ။လို့ ပြန်ပြောရင် (က)နဲ့ (ခ)မှာ ဘယ်ဟာက Sympathy ဘယ်ဟာက Empathy ဖြစ်မလဲ။
(ခ) - ဟင်း.. မင်းတော့ အတော့်ကို ပူပန်နေရမှာပဲ..နော့်
Feed တွေကို Subscribe လုပ်ပြီး ဖတ်တဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဒီ Blog မှာ တခြား မြန်မာ Blog တွေက ကောင်းနိုးရာရာ လေးတွေကို Preview လုပ်ထားပါတယ်။ Blog ကို လာလည်ပြီး ဖတ်မယ်ဆို တစ်ထိုင်တည်းမှာ တခြား စိတ်ဝင်စားဖွယ်ရာ Post လေးတွေကိုပါ သွားလည်နိုင်ပါတယ်။ Comment တွေပါ ဖတ်လို့ ရတော့ တခြားသူတွေ ၀င်ရောက် အားပေး ဆွေးနွေးထားတာတွေ၊ အမှား ပြင်ပေးထားတာတွေပါ ဖတ်လို့ ရတယ့် အတွက် အလည်လာဖို့ ဖတ်ခေါ်ပါတယ်။
အခုတလော လင်မယား ၂ ယောက်စလုံး TV မှာ နေ့တိုင်း ကြည့်ဖြစ်နေတာ MasterChef Series ပါ။ UK က လူတွေကတော့ MasterChef ကို ရင်းနှီးပြီး ဖြစ်မည်။ တခြား TV Show တွေလိုပဲ အပြိုင်အဆိုင်ပေါ့။ သူကတော့ အချက်အပြုတ်ပြိုင်ရတာ။ MasterChef က (Suvivor လို) တခြား TV Show တွေလိုမျိုး Contestant တွေကို အနိုင်ကျင့်တယ်လို့ မခံစားရဘဲ Contestant တွေကို လူလူသူသူ ဆက်ဆံတာ Judge တွေက စော်ကားမော်ကား ပြောတာမျိုး မဟုတ်ဘဲ ထိန်းထိန်းသိမ်းသိမ်းပြောတာတွေကြောင့် ကြည့်ဖြစ်သွားပါတယ်။။ American Idol က Simon Cowell တို့ကျတော့လည်း တည့်တိုးပြောတာ အပြောခံရတဲ့သူတောင် မျက်ရည်နဲ့ မျက်ခွက် ဖြစ်ရပေမည့် ကမ္ဘာကျော်ပြီး သူဌေးဖြစ်နေပြန်ရော။ Gordon Ramsay လောက် အပြောအဆို မဆိုးလျင်ပဲ အပန်းဖြေတဲ့ အချိန်မှာ ကြည့်ရ တော်ပါပြီ။ အခု MasterChef မှာတော့ Judge တွေက အပြောအဆိုလည်း မဆိုးဘူး ပိုကောင်းတာက တစ်ပတ်တစ်ခါ Master Class ဆိုပြီး Contestant တွေကို ချက်ပြတယ် သင်ပေးတယ်။ အဲဒါတွေကြည့်ပြီး ကိုယ်ကြိုက်လောက်မည့် အစာ ချက်နိုင်လောက်တာတွေ လုပ်စားဖြစ်တယ်။ တစ်ခု လုပ်စားဖြစ်တာ အလွယ်ဆုံး Sausage Roll။
ဒီမှာ Sausage Rolls စားကြတာ မြန်မာပြည်မှာ ဘိန်းမုန့်စားသလိုမျိုးပဲ။ မနက်စာ စားကြတယ်။ ဆိုင်တွေမှာလည်း စင်္ကာပူက လက်ဘက်ရည်ဆိုင်တွေ ပေါက်စီ ရောင်းသလိုကို ရောင်းကြတာ။ ရောက်စတုန်းကတော့ ၀ယ်စားသေးတယ်။ နည်းနည်းငန်ပြီး အသားထဲက အဆီများတာနဲ့ ကျန်းမာရေးအတွက် မကောင်းဘူး ဆိုပြီးတော့ မစားဖြစ်တော့ဘူး။ Sausage Roll ဆိုလို့ Sausage ၀က်အူချောင်းလိုမျိုးကို မြင်မိမည်။ တကယ်တော့ အတွင်းမှာ အသားအကြေကို ဌာပနာ လုပ်ထားတာ။ အပြင်က ဆိတ်သားပတ်ဖ်လို Pastry နဲ့ ပတ်ထားတယ်။ နောက်ပိုင်း ၀ယ်မစားဖြစ်တော့ပေမည့် MasterChef မှာ လုပ်ပြတော့မှ မြင်ပြီး အလွယ်လုပ်စားလို့လည်းရ ကိုယ့်ဘာကိုယ် ချက်စားတော့ အဆီ၊ အငန်ကိုလည်း ချိန်လို့ ရတော့ လုပ်စားကြည့်ကြတယ်။
Sausage Roll အတွက် အသားကတော့ ၀က်သားအကြေနဲ့ နွားကလေးသား (Veal) အကြေ ၂၅၀ ဂရမ်စီကို ရောလိုက်ပါတယ်။ Veal က အမဲသားလောက်လည်း မညှီဘူး။ ပိုလည်း နူညံ့တော့ သြော်ဇီရောက်ပြီးတော့မှ စားဖြစ်တယ်။ နို့စား နွားမတွေ နို့လိုက်ဖို့ နှစ်တိုင်း တစ်သား ပေါက်ဖို့လိုတယ်။ တစ်နှစ် တစ်သားမွေးလာတဲ့ နွားပေါက်လေးတွေထဲက အမတွေကိုပဲ နို့စားနွားလုပ်ဖို့ လိုတော့ အထီးတွေကို သိပ်ကြီးအောင် မစောင့်တော့ဘဲ Butcher ဆီပို့လိုက်ရော။ နွားကလေးဆိုတော့ ကြွက်သားတွေက အသားစားနွားတွေလို မမာတော့ စားရတာ နူးညံ့တယ်။ နို့တိုက်ပြီး မွေးထားတဲ့ Veal ဆိုရင် စားရတာ ပိုတောင် နူးညံ့တယ် ဆိုပါတယ်။ Veal အသား Texture နဲ့ အရောင်နဲ့က ၀က်သားနဲ့ အမဲသားကြားမှာ ရှိတော့ ဘယ်လိုရှိမည် ဆိုတာ စိတ်မှန်းကြည့်နိုင်ပါတယ်။
အဲဒီ Show မှာ ပြသွားတာက ကလေးတွေအတွက် လုပ်တာ ဆိုတော့ ကလေးတွေက ဟင်းသီးဟင်းရွက်ဆို ချေးများတတ်တော့ သူတို့ မသိအောင် ဘယ်လို ချက်ရမည် ဆိုတာ ပြသွားပါတယ်။ မုန်လာဥနီ ၂ဥကို အမျှင်တွေရအောင် ခြစ်နဲ့ခြစ်ပြီး ထောပတ် တစ်ဇွန်းလောက်နဲ့ ကြော်လိုက်တယ်။ မုန်လာဥတွေက ပျော်သွားပြီး အနှစ်လိုမျိုး ဖြစ်သွားတယ်။ ကြက်သွန်ဥနီ ၂ဥ ကြက်သွန်ဖြူ ၃-၄တက်ကို လေးစိတ်း သေးသေးလှီးပြီး ဆီနည်းနည်းနဲ့ အပူပေးပြီး မွှေတယ် ဆိုရုံ ကြော်လိုက်တယ်။ အဲဒီအချိန်မှာ Thyme လိုမျိုး အမွှေးအကြိုင် နည်းနည်း ထည့်ကြော်လည်း ရပါတယ်။
Feed တွေကို Subscribe လုပ်ပြီး ဖတ်တဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဒီ Blog မှာ တခြား မြန်မာ Blog တွေက ကောင်းနိုးရာရာ လေးတွေကို Preview လုပ်ထားပါတယ်။ Blog ကို လာလည်ပြီး ဖတ်မယ်ဆို တစ်ထိုင်တည်းမှာ တခြား စိတ်ဝင်စားဖွယ်ရာ Post လေးတွေကိုပါ သွားလည်နိုင်ပါတယ်။ Comment တွေပါ ဖတ်လို့ ရတော့ တခြားသူတွေ ၀င်ရောက် အားပေး ဆွေးနွေးထားတာတွေ၊ အမှား ပြင်ပေးထားတာတွေပါ ဖတ်လို့ ရတယ့် အတွက် အလည်လာဖို့ ဖတ်ခေါ်ပါတယ်။
ညီလင်းဆက်၊ ရီတာ၊ ကိုပေါတို့ ရေးထားတာတွေနဲ့ ပြောင်းပြန်ဆန် ရေးရမှာ ခပ်လန့်လန့်ရယ်။ ဒါပေမယ့် သမိုင်းပေး တာဝန် ရှိလာတော့ (ဘယ်သူမှလည်း ပေးထားတာ မဟုတ်ဘဲနဲ့) ရေးလိုက်ပါဦးမည်။ တကယ်တော့ သူတို့နဲ့ ပြောင်းပြန်ရေးတယ် ဆိုတာထက် တခြား Perspective တစ်ခုကနေ ရေးတာပါ။ သူတို့ရေးထာတာတွေကို အပေါ်ယံ ရှပ်ယူလိုက်မည် ဆိုရင်တော့
ကိုယ့်ဝါသနာ ကိုယ့်ခံယူချက်နဲ့ ကိုယ်ကျိုးအတွက် လုပ်နေတာ ကျေးဇူးကို မျှော်လင့်မနေပါနဲ့လို့ရပါတယ်။ ဒီနေရာမှာ သူတို့က ဒါကို ဆိုလိုချင်တယ် ဆိုတာထက် စာဖတ်သူက ဒီလို ရနိုင်တယ်လို့ ဆိုချင်ပါတယ်။ ကျွန်တော်ကတော့
ကိုယ့်ကို တစ်ခုခု လုပ်ပေးရင် ကျေးဇူးသာ တင်လိုက်ပါလို့ ခပ်ရှင်းရှင်းသာ ဆိုချင်ပါတယ်။
Feed တွေကို Subscribe လုပ်ပြီး ဖတ်တဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဒီ Blog မှာ တခြား မြန်မာ Blog တွေက ကောင်းနိုးရာရာ လေးတွေကို Preview လုပ်ထားပါတယ်။ Blog ကို လာလည်ပြီး ဖတ်မယ်ဆို တစ်ထိုင်တည်းမှာ တခြား စိတ်ဝင်စားဖွယ်ရာ Post လေးတွေကိုပါ သွားလည်နိုင်ပါတယ်။ Comment တွေပါ ဖတ်လို့ ရတော့ တခြားသူတွေ ၀င်ရောက် အားပေး ဆွေးနွေးထားတာတွေ၊ အမှား ပြင်ပေးထားတာတွေပါ ဖတ်လို့ ရတယ့် အတွက် အလည်လာဖို့ ဖတ်ခေါ်ပါတယ်။
သားလေး ထူးမြတ်လင်းဟာ ဒီနေ့ဆို ၂ နှစ်ပြည့်ပါပြီ။ ၂ နှစ်ဆိုတဲ့ အချိန်အတွင်းမှာတောင် ဒုတိယနှစ်မှာ အတော်လေး ပင်ပန်းစွာ ဖြတ်သန်းလာရတယ် ဆိုရပါမယ်။ ဒီလို မိသားစုမှာ ကြီးပြင်းလာရတော့ ဒီလို ငယ်ငယ်ရွယ်ရွယ်နဲ့ ရုန်းကန်ရတာ (Stress ခံစားရတာ) သားလေးအတွက် တွေးမိပြီး စိတ်မကောင်းရပါဘူး။ သားလေးဟာ တစ်နှစ်သား ကျော်တာနဲ့ ကလေးထိန်းကျောင်းကို မသွားချင်ဘဲ သွားရတာတွေ၊ မနက်ဆို အိပ်ရေး၀၀ မအိပ်ရတာတွေကို တွေးကြည့်ရင်တော့ အင်မတန် သနားဖို့ ကောင်းပါတယ်။ မိဘတွေနဲ့ အတူ ရုန်းကန်နေရတာပါလား ဆိုပြီး သားလေးကို ကျေးဇူးလည်း တင်မိပါတယ်။ တဖက်မှာလည်း သားလေးရဲ့ တိုးတက်မှုတွေကို ကြည့်ရတာ အားရစေပါတယ်။ အထူးသဖြင့် Daycare သွားလို့ ပိုပြီး တတ်သိ နားလည်လာတာတွေပါ။ သားရဲ့ တိုးတက်မှုတွေကို ဒီမှာပဲ မှတ်တမ်းတင်ထားလိုက်ပါတယ်။ အထူးသဖြင့်တော့ ဒီ ဒုတိယနှစ်ဟာ ဘာသာစကား နားလည်ပြောဆိုတတ်တဲ့ နှစ်ပါပဲ။
ဒီအရွယ်ကလေးတွေဟာ မျက်နာရိပ် မျက်နာကဲကို အတော်လေး အကဲခတ်တတ်နေပါပြီ။ အထူးသဖြင့် လူကြီးတွေ စိတ်ဆိုးနေတဲ့ မျက်နာကို သိနေတာပါပဲ။ လူကြီးတွေ စိတ်ဆိုးနေရင် သားက လိုက်ချော့တတ်ပါတယ်။ သူ့ကို ဆူပြီး ခဏလောက်နေရင် စကားသာ ကောင်းကောင်း မပြောတတ်သေးတာ စကားရော ဖောရောတော့ လုပ်တတ်ပါတယ်။ အဖေ TV မှာ သတင်းကြည့်နေရင် "ဖေဖေ News .. News" ဆိုပြီး လိုက်ပြောတာမျိုးတွေပါ။ သားနဲ့ သမီးနဲ့ မတူတာက သမီးက အဖေဆူရင် အမေဆီပြေးတယ်။ အမေဆူရင် အဖေ့သမီး လာလုပ်တယ်။ သားကတော့ သူ့ကို သေးသေးမွှားမွှား ဆူလိုက်ရင်တော့ သူကပဲ ဆူတဲ့သူကို ချော့တယ်။ အရမ်း ဆူလိုက်ပြီး ငိုတာ ယိုတာတွေ ဖြစ်ရင်တော့ အဲဒီလို ဆူလိုက်တဲ့သူက ပြန်လာချော့တဲ့ အထိစောင့်တယ်။ နောက်ဆုံး သူကို ပြန်ချော့ ပြန်ချီမှ ဇာတ်လမ်းက ဆုံးတော့တယ်။ အဖေ အမေ တစ်ခုခု အနာတရ ရရင် ဖြစ်ဖြစ် ဗိုက်နာတာမျိုး ခေါင်းကိုက်တာမျိုးဆိုရင်လည်း "မေမေ.. Ouchy?" ဆိုပြီး လူကို လက်ကလေးနဲ့ ကိုင်ပြီး လာမေးတတ်ပါတယ်။ သမ်းတာမျိုးတွေရင်လည်း "ဖေဖေ Sleepy?" ဆိုပြီး မေးတတ်သေးတယ်။
လူကြီးကို ဂရုတစိုက် ရှိတတ်သလို လူကြီးကိုလည်း ဆရာ ပြန်လုပ်လာပါပြီ။ တစ်ခုခုများဆိုရင် "Stop it" ဆိုပြီး မျက်နာကပါ မာန်တွေ ဟန်တွေနဲ့ ဟန့်တားတတ်သေးတယ်။ သူတို့ ရှေ့မှာများ လင်မယားနှစ်ယောက် လက်ကလေး ခြေကလေးတောင် ကိုင်လို့ မရဘူး။ ကျွန်တော်မှာများ ယောက္ခမကြီးရှေ့မှာတောင် သူ့သမီးကို လက်ကလေးဘာလေး ကိုင်လို့ ရပေမယ့် သားသမီးတွေနဲ့ကျမှ ထိလို့တောင်မရဘူး။ အဖေနဲ့ အမေ ရယ်ရယ်မောမော ပြောဆိုနေရင်လည်း "No Funny.." ဆိုပြီး ပြောသေးတယ်။ သူအကြောင်း အဖေနဲ့ အမေက ပြောနေရင် သူက နားလည်ပြီး သူ့ကို အတင်းတုပ်နေတယ်ဆိုပြီး စိတ်ကောက်တတ်သေးတယ်ဗျာ။ သား စိတ်ကောက်ရင် မျက်လုံးက ထောင့်တစ်ဘက်ကို ကပ်ပြီး ကြည့်နေပြီး နှုတ်ခမ်းကလည်း စူနေသေးတယ်။
သားက စကားပြော အတော်လေးရတော့ "No" လို့ပဲ ပြောရုံတင်မဟုတ်ဘဲ "Dont do it" လိုမျိုး အထိ ပြောတတ်နေပါတယ်။ သူ့အစ်မ တစ်ယောက်လုံး ရှိနေတော့ ဒီလောက်အထိ ပြောတတ်တာပါ။ "ဖေဖေ.. dont do it.." လိုမျိုး "မေမေ .. dont do it" ဆိုပြီး အပြည့်အစုံကို ပြောတတ်နေပါတယ်။ သားက သူဘာသူ တစ်ခုခု လုပ်နိုင်သွားရင် ဥပမာ ဖိနပ် ချွတ်တတ်သွားတာမျိုး အင်္ကျီချွတ်တတ်သွားတာမျိုး ဆိုရင်လည်း "Yeah.. I can do it" ဆိုပြီးလည်း ပြောတတ်သေးတယ်။ "Hooray..." ဆိုပြီး သူတို့ကျောင်းမှာလိုလည်း ကြွေးကြော်တတ်သေးတယ်။ လူကြီးတွေက တစ်ခုခုကို ခက်ခက်ခဲခဲ လုပ်ပေးပြီးရင်လည်း "Yay.. you can do it" ဆိုပြီး အားပေးတတ်သေးတယ်။ ဒီနေရာမှာ စကား ပြောတတ်တာထက် လူကြီးကို Appreciate လုပ်တတ်တာကို မှတ်တမ်းတင်ထားချင်ပါတယ်။
Feed တွေကို Subscribe လုပ်ပြီး ဖတ်တဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဒီ Blog မှာ တခြား မြန်မာ Blog တွေက ကောင်းနိုးရာရာ လေးတွေကို Preview လုပ်ထားပါတယ်။ Blog ကို လာလည်ပြီး ဖတ်မယ်ဆို တစ်ထိုင်တည်းမှာ တခြား စိတ်ဝင်စားဖွယ်ရာ Post လေးတွေကိုပါ သွားလည်နိုင်ပါတယ်။ Comment တွေပါ ဖတ်လို့ ရတော့ တခြားသူတွေ ၀င်ရောက် အားပေး ဆွေးနွေးထားတာတွေ၊ အမှား ပြင်ပေးထားတာတွေပါ ဖတ်လို့ ရတယ့် အတွက် အလည်လာဖို့ ဖတ်ခေါ်ပါတယ်။
Reader's Digest ကို ပို့ထားတဲ့ ကိုယ်တိုင်ရေး Joke တစ်ခုပါ။ သူတို့ဆီက ဘာမှ ပြန်မကြားတာနဲ့ ကိုယ့်ဘလော့ပေါ်ပဲ ပြန်တင်လိုက်ပါတယ်။ ကျွန်တော် ရေးပြီး သူမနာမည်နဲ့ ပို့ထားတာပါ။
My hubby has a habit of falling asleep on couch after few minutes of turning TV on. I always have to switch off the light after he has used bathroom. There have been several cases he parks our car leaving headlight on. We often have to jump-start our car with nearby ones. I'm quite unhappy with his habit of turning it on and leaving it on.
Being me on the list is the worst.
Feed တွေကို Subscribe လုပ်ပြီး ဖတ်တဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဒီ Blog မှာ တခြား မြန်မာ Blog တွေက ကောင်းနိုးရာရာ လေးတွေကို Preview လုပ်ထားပါတယ်။ Blog ကို လာလည်ပြီး ဖတ်မယ်ဆို တစ်ထိုင်တည်းမှာ တခြား စိတ်ဝင်စားဖွယ်ရာ Post လေးတွေကိုပါ သွားလည်နိုင်ပါတယ်။ Comment တွေပါ ဖတ်လို့ ရတော့ တခြားသူတွေ ၀င်ရောက် အားပေး ဆွေးနွေးထားတာတွေ၊ အမှား ပြင်ပေးထားတာတွေပါ ဖတ်လို့ ရတယ့် အတွက် အလည်လာဖို့ ဖတ်ခေါ်ပါတယ်။
သူမက ခင်မင်ပြီး သူ့ထက် အသက်သို့မဟုတ် ၀ါကြီးတဲ့ သူတွေနဲ့ စကားပြောတဲ့ အခါ သူ့ကိုသူ "ကျွန်တော်" ဆိုတဲ့ နာမ်စားကို သုံးတတ်လို့ မန္တလေးသူလည်း မဟုတ်ဘဲနဲ့ ဘာလို့များ ဒီလို ပြောရသလဲလို့ ကျွန်တော်က မေးတဲ့အခါ "ကျမ (ကျွန်မ)" လို့ မသုံးချင်လို့လို ပြောပြပါတယ်။ သူမပြောတာ ကျွန်တော်နားလည်ပါတယ်။ "ကျမ" ဆိုတဲ့ နာမ်စားက အရပ်ဆန်သလို စကားပြောတဲ့ တစ်ခါတစ်လေမှာလည်း နည်းနည်း ပြတ်သလိုလို ရိုင်းသလိုလို ခံစားရနိုင်ပါတယ်။ "ကိုယ်" ဆိုတဲ့ နာမ်စားနဲ့ စာရင်တော့ "ကျမ"က အထက်တန်း မဆန်ဘူးလို့ ပြောမယ်ဆို ငြင်းချင်လည်း ငြင်းနိုင်ပါတယ်။ "ကိုယ်" ဆိုတာက အထက်စီး ဆန်တယ်လည်း ခံစားရနိုင်လို့ သူမက မသုံးချင်ဘူးလို့လည်း ပြောပြပါတယ်။
ကျွန်တော်ငယ်ငယ်လေးကတည်းက အမေနဲ့ ခင်တဲ့ ဆရာဝန်မ တစ်ယောက်က သူ့ကိုယ်သူ "ကိုယ်" နဲ့ပြောတာ အမြဲလိုလို ကြားခဲ့ရတော့ "ကိုယ်"လို့ ပြောရင် လူက အလိုလိုကို အထင်ကြီးနေတော့တယ်။ "ကိုယ်ကလေ... " "ကိုယ်တို့တွေ..." လို့ ပြောတာ ပညာတတ်မှ ပြောတာလို့ အစွဲကြီး စွဲပြီး အဲဒီလို ပြောတဲ့သူနဲ့တွေ့ရင် ပညာတတ်ပဲ ဖြစ်မှာဆိုတာ စိတ်ထဲမှာ မှတ်ထားတော့တယ်။ ၁၀တန်း ရောက်တော့လည်း ကျူရှင်မှာ ဆရာမတစ်ယောက်က နိုင်ငံခြား တက္ကသိုလ်တစ်ခုက ဒေါက်တာဘွဲ့ရ တစ်ယောက်နဲ့ သင်ရတော့ သူက ကျွန်တော်တို့လို ကျောင်းသားလေးတွေနဲ့ စကားပြောရင် "ကိုယ်ကလေ" ဆိုပြီး ပြောတာကို အရမ်း သဘောကျခဲ့တယ်။
အရမ်းကို ခင်ရတဲ့ အပေါင်းအသင်းထဲမှာတော့ ဒီလို ပြောတာမျိုး မရှိဘဲ "နင်" နဲ့ "ငါ" နဲ့ပဲ ပြောကြပေမယ့် တစ်ခါတစ်လေတော့လည်း "ကိုယ်" လို့ ပြောတတ်တဲ့ ကောင်မလေးတစ်ယောက်လား နှစ်ယောက်လားနဲ့တော့ ခဏတဖြုတ် ကြုံဖူးပါတယ်။ အရွယ်ရောက်တဲ့ အချိန်ကျမှ မြန်မာ အသိုင်းအ၀ိုင်းကြားမှာ အပြည့်အ၀ မနေရတာကလည်း "ကိုယ်"လို့ ပြောတတ်တဲ့ သူတွေနဲ့ ကြုံဖို့အရေး နည်းပါးသွားတာပါ။
အမျိုးသမီး ဘလောါဂါတွေများတဲ့ မြန်မာ ဘလော့တွေပေါ်မှကျတော့မှ "ကိုယ်" တွေကို ပြင်ပလောကမှာထက် တွေ့နေရပါတော့တယ်။ အမျိုးသား ဘလော်ဂါတွေကတော့ ရှင်းတယ်။ "ကျနော်" နဲ့ "ကျွန်တော်" ကသာ အားလုံးနီးပါး ရှိပါတယ်။ အမျိုးသမီးတွေကတော့ "ကျမ/ကျွန်မ"နဲ့ "ကိုယ်" အချိုးအစားက မတင်မကျ ရှိလာပါတယ်။ "ကျမ/ကျွန်မ" လို့သုံးပေမယ့် အင်မတန် သိမ့်မွေ့တဲ့ စာတွေ၊ အင်မတန်မှ ဖတ်ရတာ နူးညံ့တဲ့ စာတွေလည်း ရှိနေတော့ ဂျူးရဲ့ "ကျွန်မ" လွန်းထားထားရဲ့ "ကျွန်မ" တို့ထက် အင်မတန် မိန်းမ၊ အိမ်ထောင်ရှင်မ၊ မိခင်ဆန်တဲ့ "ကျမ/ကျွန်မ"တွေ နုနုရည်(အင်းဝ)ရဲ့ "ကျွန်မ" ဇာတ်ကောင်တွေထက် ဘ၀မှာ အများကြီး ကံကောင်းတဲ့ "ကျမ/ကျွန်မ"တွေ တွေ့လာရပြီး ကျွန်တော့်အတွက် "ကျမ/ကျွန်မ" နာမ်စားက အများကြီး နူးညံ့လာပါတယ်။ အရပ်ဆန်ဆန်ကိုပဲ ပိုပြီး ထဲထဲဝင်ဝင် ရှိလာတော့မှ နားလည်မှုတွေ ပိုပေးလာနိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ "ကျမ/ကျွန်မ" လိုဆိုတဲ့ ပညာမတတ်တာတွေ၊ စိတ်ကြီးဝင်တာတွေ၊ ယဉ်ကျေးမှု ခေါင်းပါးတာတွေ၊ အရိုးဆန်တာတွေ တွေ့လာရတော့ အဲဒီ နာမ်စားအပေါ်မှာ (Sir နဲ့ Mr လို့) သတ်သတ်မှတ်မှတ် ခွဲခွဲခြားခြား မရှိတော့ဘဲ အထွေအထူး မခံစားရတော့ပါဘူး။
"ကိုယ်" ဆိုတဲ့ နာမ်စား အပေါ်မှာတော့ နည်းနည်း Particular ဆန်နေပါသေးတယ်။ အစမှာတော့ "ကိုယ်" လို့ ကိုယ့်ကိုယ်ကို သုံးတတ်တဲ့ ဘလော့ဂါ တစ်ယောက်က ကျွန်တော့်ဖတ်ခဲ့ရတဲ့ စာတွေ၊ တွေ့ကြုံခဲ့ရတဲ့ သူတွေထဲမှာ အနူးညံ့ဆုံး "ကိုယ်" ပါပဲ။ သူရဲ့စာတွေက အင်မတန်မှ သိမ်မွေ့တယ် မဆိုချင်ပေမယ့် အင်မတန်မှ သန္တရသ ပေးနိုင်စွမ်းတယ်။ ရေခဲမုန့် ချောကလက် အကောင်းစား စားလိုက်ရသလို လူကို ပျော်ရွှင်စေပြီး ဖတ်နေတဲ့ အချိန်တောက်လျှောက် ကြည်နူးစေပါတယ်။ ဒီလိုကြောင့်လည်း စာဖတ်သူအပေါင်းရဲ့ အားပေးမှုကို ခံရပြီး သူ့ရဲ့အောင်မြင်မှုကပဲ ဘလော်ဂါတွေကို "ကိုယ်" ဆိုတဲ့ စကားလုံး သုံးဖို့ အကြောင်းဖန်လာသလား အမျိုးသမီးတွေကပဲ "ကိုယ်" ဆိုတာ သုံးတတ်လို့လားတော့ မသိ၊ နောက်ပိုင်းမှာ "ကိုယ်" တွေ အတော် ထွက်လာပါတယ်။
စင်္ကာပူမှာ နာမည်ကြီးခဲ့တဲ့ ဘလော့တစ်ခုက သူ့စာတွေကို Email တွေနဲ့ ပို့ကြတာ စာအုပ်တွေမှာ စာရေးတဲ့ လူတစ်ယောက်ဆီကို ရောက်သွားပါတယ်။ အဲဒီ Post က သွားရင်းလာရင်း တွေးတောမိတဲ့ အကြောင်းကို ရေးထားတာ ဖြစ်ပြီး အဲဒီ Post ထဲမှာ "ကိုယ်" ဆိုတဲ့ နာမ်စား သုံးထားပါတယ်။ ဘလော့တွေ သိပ်မဖတ်တတ်တဲ့ အဲဒီလူက ကျွန်တော်နဲ့ စကားပြောဖြစ်တော့ အဲဒီစာအကြောင်း ဆွေးနွေးရင်း သူက အဲဒီ စာရေးဆရာမ (သူကတော့ ဘလော်ဂါလို့ မသုံးတတ်တော့ အဲဒီလိုပဲ ပြောပါတယ်) ဆိုးတော့ မဆိုးဘူး။ ဒါပေမယ့် အတွေးအခေါ်က ဘယ်နားမှာ ဘယ်လို ဘယ်နားမှာ ဘယ်လိုဆိုပြီး ကျွန်တော့်ကို ရှင်းပြပါတယ်။
တကယ်တော့ အဲဒီဘလော့က ယောက်ျားက အမည်ခံရေးပေမယ့် ဘလော့ တစ်ခုလုံးမှာ "ကျွန်တော်"တွေ "ကိုယ်" တွေနိုင်အောင် မထိန်းနိုင် ဖြစ်နေပါတယ်။ ပို့စ်တစ်ခုထဲ ဖတ်မိတဲ့ စာရေးဆရာကတော့ ဒီဟာကို ရေးထားတာ အမျိုးသမီးပဲလို့ တထစ်ချ မှတ်ပြီး ကျွန်တော့်ကို လာဆွေးနွေးနေတော့ ကျွန်တော်က စာအကြောင်းပဲ ဆွေးနွေးပြီး ဒီထက်ပိုပြီး မပြောချင်တော့တာနဲ့ အဲဒီ စကားပွဲလေးက အိုးနင်းခွက်နင်းပါပဲ။ အဲဒီ ပို့စ်မှာလည်း "ကိုယ်"အပြင် အမျိုးသမီးတစ်ယောက်ရဲ့ ခံစားချက်တွေ၊ အမြင်တွေပါနေတာလည်း ဖြစ်လို့ ဒီစာဖတ်ပြီး စကားပြောဖြစ်တဲ့ စာရေးဆရာရဲ့ အတိမ်အနက်ကောက်ပုံကို အဲဒီဘလော့ရဲ့ သတိလစ်မှုတွေကို လေ့လာမိပါတယ်။
"ကျမ/ကျွန်မ" နဲ့ အများကြီးဆင်လှတဲ့ "ကိုယ်" တွေကတော့ အများစုပါပဲ။ အဲဒီ နာမ်စားကြောင့် စာဖတ်ရတာ မထောက်စေတာ၊ စာတစ်ပုဒ်လုံးရဲ့ လမ်းကြောင်းကို တခြားဖက် မဆွဲသွားတာ၊ အထွေအထူး ခံစားချက် မပေးတာ တွေပါ။ ဖြစ်သင့်ပါတယ်။ တကယ်တော့ အဲဒီလို နာမ်စားတစ်ခုက စာတစ်ပုဒ်လုံးကို ဖြစ်ဖြစ် စာဖတ်သူကိုဖြစ်ဖြစ် သြဇာသက်ရောက်စေတာ (မလိုအပ်ရင်) မဖြစ်သင့်ဘူးလို့ စာဖတ်သူ တစ်ယောက်အနေနဲ့ ထင်ပါတယ်။ "ကိုယ်" ကိုလိုအပ်လို့ သုံးတာလား၊ သုံးနေကျမို့ သုံးတာလား၊ စတိုင်နဲ့ သုံးတာလား၊ ကိုယ့်ကိုယ်ကို ဆွဲတင်ဖို့ သုံးတာလား စာဖတ်တဲ့ သူတွေက သိလျက်နဲ့ ဖြစ်စေ မသိတသိဖြစ်စေ ခံစားရစေပါတယ်။ စာကို သီအိုရီဆန်ဆန် ရေးတတ်တဲ့ ခုနင်ကလို စာရေးဆရာများကတော့ "ကိုယ်" ဆိုတဲ့ စကားလုံးရဲ့ သက်ရောက်မှုကို ပိုသိမယ် ထင်ပါတယ်။
ကိုယ်သိ ကိုယ်တတ် "ကိုယ်" ကိုလည်း ကြုံရပါတယ်။ ကိုယ်က ဘယ်လောက် သိကြောင်း ဘယ်လောက် ဖတ်ကြောင်း ကိုယ့်ရဲ့ အတွေးအခေါ်တွေ ကိုယ့်ရဲ့ အဆင့်အတန်းတွေက ဘယ်လို၊ ကိုယ်က ဘယ်လို ကြုံခဲ့တာ ကိုယ်က ဘယ်လို လုပ်ခဲ့လိုက်တာတွေမျိုး စသည် စသည်။ အစကတည်းက "ကိုယ်" နဲ့ ကိုယ့်ကိုယ်ကို မောင်းတင်လာပြီး "ကိုယ်"ရည်မွှန်းတဲ့ စာတွေကိုလည်း တခြား ပရိတ်သတ်ကတော့ မသိ ကျွန်တော်က အဲဒီစာတွေကို ဖတ်ပေမယ့် အဲဒီဘလော်ဂါ အပေါ်မှာတော့ အထင်ကြီးခြင်း အကောင်းမြင်ခြင်း ကြိုးစား ထားကြည့်သော်ငြား ဘယ်လိုမှ မအောင်မြင်ပါ။ ဘလော့တွေပေါ်မှာ ကိုယ်ရည်သွေးကြတာ ကျွန်တော်ကိုယ်တိုင် မပါဘူးလို့ မငြင်းနိုင်ပါဘူး။ ဒါပေမယ့် နည်းနည်းတော့ စာဖတ်သူ လက်ခံနိုင်အောင် ဖြစ်စေချင်ပါတယ်။
တကယ်တော့ ကျွန်တော်ဟာ နာမ်စား တစ်ခုရဲ့ လွှမ်းမိုးမှုကို မခံရသင့်ပါဘူး။ "ကျမ/ကျွန်မ" လို့ သုံးထားရင် ဘလော့ရေးသူ နာမ် သို့မဟုတ် စာရဲ့ အကြောင်းအရာကိုသာ အလေးပေးသင့်သလို "ကိုယ်" ဆိုတဲ့ နာမ်စားက စာရေးသူ နာမ်ကို လွှမ်းမိုးသွားလို့ ကျွန်တော်လို့ စာဖတ်သူရဲ့ စိတ်/ကောက်ချက်ကို မဆိုင်တဲ့ တခြားဖက်ကို ဆွဲချသွားစေတာ ကျွန်တော့်ရဲ့ လိုအပ်ချက် တစ်ခုလည်း ဖြစ်နိုင်ကောင်းပါတယ်။ "ကိုယ်" နာမ်စား သုံးသုံး "ကျွန်မ" နာမ်စား သုံးသုံး စာရေးသူ နာမ်ရဲ့ ပေးချင်တဲ့ Message ကိုသာ ယူဖို့ စာဖတ်သူ တစ်ယောက်အနေနဲ့ ကြိုးစားရဦးမှာ ဖြစ်သလို နာမ်စား တစ်ခုကြောင့် စာဖတ်သူတွေရဲ့ လမ်းကြောင်း မပြောင်းသွားအောင်လည်း ဘလော့ရေးနေသူ တစ်ဦးအဖို့ ဆင်ခြင်ရပါဦးမည်။ ။
တခြားဖတ်ရန်
Context
တိမ်လာတဲ့ အနက်
Feed တွေကို Subscribe လုပ်ပြီး ဖတ်တဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဒီ Blog မှာ တခြား မြန်မာ Blog တွေက ကောင်းနိုးရာရာ လေးတွေကို Preview လုပ်ထားပါတယ်။ Blog ကို လာလည်ပြီး ဖတ်မယ်ဆို တစ်ထိုင်တည်းမှာ တခြား စိတ်ဝင်စားဖွယ်ရာ Post လေးတွေကိုပါ သွားလည်နိုင်ပါတယ်။ Comment တွေပါ ဖတ်လို့ ရတော့ တခြားသူတွေ ၀င်ရောက် အားပေး ဆွေးနွေးထားတာတွေ၊ အမှား ပြင်ပေးထားတာတွေပါ ဖတ်လို့ ရတယ့် အတွက် အလည်လာဖို့ ဖတ်ခေါ်ပါတယ်။
ဟင်းချက်နည်းတွေ မတင်တာ ကြာလို့ ပုစွန် Receipe အသစ်၃ခု နဲ့ အဟောင်း၃ခုကို တခါတည်း စုတင်လိုက်ပါတယ်။ ပထမ တစ်ခုကတော့ ပုစွန်ချည်းပဲ မဟုတ်ပါဘူး။ ပုစွန်နဲ့ Seafood ရောရာပါ။ ပုစွန်ပါတယ်၊ ပြည်ကြီးငါးပါတယ်၊ ဂဏန်းနည်းနည်း၊ ငါးအသား၊ ဂုံးနဲ့ ယောက်သွား (Mussle) ပါတယ်။ ကျွန်တော်တို့ ၀ယ်တဲ့ အထုပ်က Marina Mix ဆိုပြီး နာမည်ပေးထားပေမယ့် ဘယ်လို Seafood ရောရာနဲ့ မဆို ချက်လို့ ကောင်းပါတယ်။ Frozen လုပ်ထားတာတဲ့ အထုပ်ပါ။ Frozen တွေ ထားတဲ့ နေရာမှာ အအေးခံပြီး ရှာကြည့်ရင် တွေ့နိုင်ပါတယ်။ ဒီမှာလည်း လတ်လတ်ဆတ်ဆတ် ၀ယ်လို့ရတာတွေ ရှိပါတယ်။
Frozen လုပ်ထားတာဆို အချိန်ရရင် အပြင်မှာ အရည်ဖျော်ထားပါ။ မရရင်တော့ Microwave နဲ့သတိထားပြီး ရေခဲ ဖျော်ထားလိုက်ပါတယ်။ လေးယောက်စာ Seafood ရောရာ ၅၀၀ဂရမ်စာ ချက်ပါတယ်။ ၀ယ်လို့မရရင်တော့ ပုစွန်၊ ပင်လယ်ငါး၊ ပြည်ကြီးငါး ၂၀၀ ဂရမ်စီ ရောချက်လည်း ရနိုင်မည် ထင်ပါတယ်။ ကြက်သွန်ဖြူ ခပ်များများ အကြီး ၁၀ တက်လောက်၊ ငရုတ်သီးစိမ်း ၁၀ တောင့် ၁၅တောင့် ခပ်များများ ကြက်သွန်နီ ဥသေးသေးတစ်လုံး ကြီးရင် တစ်ဝက်ကို စက်ထဲမှာ ကြိတ်ထားလိုက်ပါတယ်။ ခရမ်းချဉ်သီး သေးသေး ၂ လုံး ကြီးရင် တစ်လုံးကို သေးသေးလှီးစိတ်ထားပါတယ်။ ပင်စိမ်းရွက် (Basil) ကို ရေဆေးပြီး တစ်ရွက်စီ ထွင်ထားပါတယ်။ သေးသေးလှီးထားလည်း ပိုကောင်းပါတယ်။
Feed တွေကို Subscribe လုပ်ပြီး ဖတ်တဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဒီ Blog မှာ တခြား မြန်မာ Blog တွေက ကောင်းနိုးရာရာ လေးတွေကို Preview လုပ်ထားပါတယ်။ Blog ကို လာလည်ပြီး ဖတ်မယ်ဆို တစ်ထိုင်တည်းမှာ တခြား စိတ်ဝင်စားဖွယ်ရာ Post လေးတွေကိုပါ သွားလည်နိုင်ပါတယ်။ Comment တွေပါ ဖတ်လို့ ရတော့ တခြားသူတွေ ၀င်ရောက် အားပေး ဆွေးနွေးထားတာတွေ၊ အမှား ပြင်ပေးထားတာတွေပါ ဖတ်လို့ ရတယ့် အတွက် အလည်လာဖို့ ဖတ်ခေါ်ပါတယ်။
သူများကလေးများဆို ၁ နှစ် ၁နှစ်ပြည့်သွားတာ သိပ်မြန်တာပဲလို့ စာဖတ်သူတွေ ခေါင်းစဉ်ဖတ်မိတာနဲ့ တွေးမိမှာပဲ။ ကျွန်တော်တို့လည်း အဲဒီလိုပဲ တွေးပေမယ့် ကိုယ့်ကလေး ဆိုရင် တစ်နှစ် တစ်နှစ် ကြီးပြင်းအောင် အတော် ပင်ပင်ပန်းပန်း မွေးယူရတယ်ဆိုတာတော့ ကိုယ်တွေ့မှပဲ ကြုံရတော့တယ်။ အထူးသဖြင့် မိဘဆွေမျိုး အကူအညီကို များများစားစား မရဘဲ အလုပ်တစ်ဘက်နဲ့ဆိုတော့ တစ်ရက် တစ်ရက်က အားရတယ်ကို မရှိပါဘူး။ ဒီလိုနဲ့ပဲ သမီးလေးမြတ်နိုးလည်း ၃ နှစ်ပြည့်လာတယ်။
ဒီတစ်ခေါက် သမီးမွေးနေ့ အတွက်တော့ သူတို့ ကျောင်းမှာပဲ သူ့သူငယ်ချင်းတွေနဲ့ လုပ်ပေးလိုက်တယ်။ ကျောင်းမှာဆိုတော့ ကလေး ကလေးချင်းလည်းဖြစ်တယ်။ အိမ်မှာလုပ်ရင်တော့ ကိုယ်က မလုပ်တတ်ရင် ကလေးပွဲ မဖြစ်ဘဲ လူကြီးပွဲပဲ ဖြစ်သွားမယ်။ ကျောင်းမှာတော့ ကလေးတိုင်း စားနိုင်တဲ့ ကိတ်မုန့်လေး ၃-၄ လုံး ၀ယ်သွားပြီး သူတို့လက်အပ်လိုက်ရုံပါပဲ။ အထွေအထူး မကုန်ကျပေမယ့် သူတို့က ပျော်ရတယ်။
သမီးက ကံကောင်းတယ်။ သူ့မွေးနေ့ဆိုရင် အိမ်မှာ ပွဲမလုပ်ဖြစ်ပေမယ့် အလှူလုပ်ဖြစ်တယ်။ စင်္ကာပူမှာတုန်းကတော့ ဘုန်းကြီးကျောင်း သွားပြီး ဆွမ်းတွေ ဘာတွေ ကိုယ်တိုင် ချက်ပြုတ်ပြီး ကပ်နိုင်တယ်။ ပြီးခဲ့တဲ့ နှစ်တုန်းကလည်း ၂ နှစ်ပြည့်အတွက် ဆစ်ဒနီက ဘုန်းကြီးကျောင်းမှာ ဆွမ်းတွေ ဘာတွေမဟုတ်ပေမယ့် သွားလှူပြီး ဘုန်းကြီးက ပရိတ်တွေ ဘာတွေ ရွတ်ပေးလိုက်သေးတယ်။ ဒီနှစ်တော့ ကိုယ်တိုင်ကိုယ်ကျလည်း မလုပ်နိုင်တာရယ်ကြောင့် မြန်မာပြန်က မိဘတွေကိုပဲ အလှူလုပ်ပေးဖို့ အကူအညီတောင်းရတယ်။ ဘိုးဘွားတွေကလည်း လူကြီးတွေဆိုတော့ အလှူများလုပ်ရရင် ဘုန်းကြီးကို ဆွမ်းတွေ ဘာတွေ ကပ်ရရင် ၀မ်းမြောက် ၀မ်းသာရှိကြ တက်တက်ကြွကြွ ရှိကြတာဆိုတော့ ကိုယ်လိုချင်တာမျိုးထက်တောင် ပိုပြီး လှူတတ် တမ်းတတ်သေးတယ်။ အဲဒါနဲ့ အဘိုးအဘွားတွေက အိမ်နားက ဘုန်းကြီးကျောင်းမှာ ဆွမ်းချက်ပြီး နေ့ဆွမ်း လှူပေးတယ်။ ရွှေတိဂုံ ဘုရားမှာလည်း သွားလှူပေးဦးမည်တဲ့။ နောက်ပြီး ကိုယ့်ကလေးတွေကတော့ ကောင်းကောင်းမွန်မွန် မိဘနဲ့ နေရတာ ဆိုတော့ မိဘမဲ့ကလေးတွေ အတွက်လည်း လှူဖို့ ပြောထားတယ်။ နိုင်ငံခြားမှာ ရှာပြီး မြန်မာပြည်မှာ လှူရတာလောက် တန်တာ မရှိဘူး။ တစ်သိန်း ဆိုရင်တောင် နိုင်ငံခြားက လူတွေအတွက် အသေးအဖွဲပေမယ့် မြန်မာပြည်မှာတော့ အတော်လေး လှူလို့ကောင်းသေးတယ်။
သမီးကတော့ ၃ နှစ်ပြည့်တယ်သာ ပြောတယ် အခုကတည်းက အ၀တ်အစား ဖက်ရှင်တွေ စိတ်ဝင်စားနေပြီ။ အခုမွေးနေ့အတွက် ၀တ်စုံကလည်း သူ့ဘာသူ ရွေးဝယ်တာ။ Mall မှာ သူများ ကြိုက်ရင်တော့ လက်က မချတော့ဘူး။ မကြိုက်ရင်လည်း ဘယ်လိုမှ ၀တ်ပေးလို့ကို မရဘူး။ မနက်မနက် ကလေးထိန်းကျောင်း သွားခါနီးဆို ရှူတင်သွားဖို့ ကျနေတာပဲ။ Daycare ရောက်ရင် သူ့ကို ဆရာမတွေက ဟယ်... မြတ်နိုးက လှလိုက်တာ.. မြတ်နိုး အင်္ကျီလေး ဖိနပ်လေးက လှလိုက်တာ ပြောပြောကြတာကို အင်မတန် ကြည်နူးနေတာလေ။
သမီးက ၃ နှစ်မှာ ၁၄.၂ ကီလို (၃၁ ပေါင်ကျော်) ရှိနေပြီ။ အဲဒါ ပေါင်တစ်ရာ မရှိတဲ့ သူ့အမေရဲ့ ၃ ပုံ ၁ ပုံ နီးပါးပါပဲ။ အရပ်ကတော့ ၉၁ စင်တီမီတာ ရှိပါတယ်။ ၃ ပေနီးပါးဆိုတော့ သူ့အမေ ချီထားရင် ကလေးနဲ့ အမေနဲ့ မမျှတော့ဘူး။ အမေမပြောနဲ့ အဖေတောင် ကြာကြာမချီနိုင်တော့ဘူး။ ဒါလည်း သူတို့ကတော့ ခပ်တည်တည်ပဲ။ လူပေါ်ကကို မဆင်းဘူး။ သမီးနဲ့ သားက ပြောင်းပြန်။ သမီးက အိမ်စာ ကြိုက်တယ်။ ဗမာစာ ကြိုက်တယ်။ ခရမ်းချဉ်သီးချက်နဲ့ ထမင်းနဲ့မျိုး ဆိုရင်လည်း ကြိုက်တယ်။ အစပ်တော့ မဟုတ်ဘူးပေါ့။ သမီးက ထမင်း မစားရရင် မနေနိုင်ဘူး။ သားကတော့ ထမင်းဆိုရင် လှည့်တောင် မကြည့်ဘူး။ သားက ကျောင်းမှ ကျွေးတာတွေကို ပိုကြိုက်တယ်။ အိမ်ရောက်ရင် အမေနို့ပဲ စို့တော့တယ်။ သမီးကတော့ အိမ်ရောက်ရင် ထမင်းလည်း စား နွားနို့လည်း သောက်ဆိုတော့ အစားအသောက်တွက် စိတ်ချရတယ်။
သမီးက စကားကတော့ အင်္ဂလိပ်လိုရော မြန်မာလိုရော ပြောတယ်။ ဘိုလိုပြောရင် ပိုသဘောကျပြီး ပြောပြောဆိုဆို ရှိတယ်။ အင်္ဂလိပ်လိုကတော့ I တွေ You တွေပါ မှန်အောင် ပြောတတ်နေပြီ။ Social ကတော့ သိပ်မကောင်းသေးဘူး။ လူစိမ်း ပတ်ဝန်ကျင်စိမ်းဆိုရင်လည်း ကြောက်တတ်တယ်။ တွေ့နေကျသူတွေတောင် မတွေ့တာ ကြာရင် ဖြစ်ဖြစ် တွေ့တွေ့ချင်းဆိုရင် ဖြစ်ဖြစ် အနေစိမ်းသေးတယ်။ ကျောင်းမှာဆိုရင်လည်း သူဘာသူ နေရတာ သဘောကျတယ်။ ဒါမျိုးက အနည်းငယ်တော့ စိုးရိမ်ရပေမယ့် သိပ်ရဲလွန်းတဲ့ ကလေးလိုမျိုး ပြောမနိုင် ဆိုမနိုင် ဖြစ်မှာတော့ မပူရဘူး။ သမီးက ပြောရင် နားလည်တယ်။ အရိပ်အကဲ သိတတ်တယ်။ သားကတော့ ငယ်လို့ မသိတာကို မဟုတ်ဘူး။ နားလည်လျက်နဲ့ ယောက်ျားလေးဆိုတော ယောက်ျားလေး အထာပေါ့။ မိဘကို ဂရုစိုက်တာ မဟုတ်ဘူး။ ပေါ့ပေါ့ပဲ။ ကိုယ်လုပ်ချင်တာပဲ သိတယ်။ ကျွန်တော်တော့ ၀ဋ်လည်တာပေါ့လေ။
သမီးက ဒီတစ်နှစ်မှာတော့ အတော်လေး သိသိသာသာ တိုးတက်လာပါတယ်။ ၂ နှစ်အထိကတော့ ပီဘိကလေးပဲ။ အခုတော့ လူကြီးစိတ်လေးတွေ ၀င်လာပြီ။ အ၀တ်အစားကြိုက်တတ်တာတို့။ အပြုအမူ အပြောအဆိုတို့။ သူ့အမေ အလှပြင် ပစ္စည်းတွေဆို အကုန် စိတ်ဝင်စားတယ်။ အပြင်သွားလို့ နှုတ်ခမ်းနီလေး စိတ်ကျေနပ်ရုံ ဆိုးပေး တို့ပတ်လေး ရိုက်ပေးရင်တော့ သူ့အမေကို ကျေးဇူးတင်လို့ မဆုံးဘူး။ သူ့အမေ ဘယ်လို ၀တ်လည်း ဘယ်လို အလှပြင်လည်းကိုလည်း ရုံးက တခြား လုပ်ဖော်ကိုင်ဖက်တွေလို သူကလည်း စောင့်ကြည့် အကဲခတ်တဲ့ အထဲပါနေပြီ။ သူ့အမေ အ၀တ်အသစ်ဝတ်လည်း သိတယ်။ လှလှပပ ပြင်ထားရင်လည်း အဖေ့သမီးက အမေ့ဆီ တန်းရောက်သွားတာပဲ။
ပြီးတော့ သီချင်းတွေ ဘာတွေလည်း ကြိုက်တတ်တယ်။ YouTube ကြည့်ပြီး လိုက်ဆိုတယ်။Hi5 တို့ဘာတို့ ကြည့်တော့တဲ့ အရွယ် မဟုတ်တော့ဘူး။ Taylor Swift ဆို အသည်းစွဲပဲ။ Taylor Swift ရဲ့ Love Story ဆိုရင်လည်း Princess ... Princess ဆိုပြီး ကြိုက်တယ်။ Fifteen သီချင်းကိုလည်း ၁၅ နှစ်သမီးလို သူကြိုက်စရာကျနေတာပဲ။ Guy Sebastian ဆိုတဲ့ Australian Idol ယောက်ျားလေး အဆိုတော်ကိုလည်း ကြိုက်တယ်။ Lady Gaga ကြိုက်တယ်။ သူ့ကိုသူများ မြီးကောက်ပေါက်ကျနေတာပဲ။ အဖေနဲ့လည်း ရုပ်ရှင်တွေလိုက်ကြည့်တယ်။ Transformer တို့ Terminator တို့ကို ကြောက်ကြေက်နဲ့ ပြီးတဲ့ အထိ ကြည့်တယ်။ ၃ နှစ် ၃နှစ် ကလေးပေါက်စ မဟုတ်တော့ဘူး။ အတော်လေး ခံစားတတ်နေပြီ။ သြော်ပြီးတော့ So You Think You Can Dance ကိုလည်းကြိုက်တယ်။
1-10 Numbering ရပြီး ရေတွက်တဲ့ နေရာမှာ သုံးမှန်း သိပေမယ့် ပစ္စည်းတွေကိုတော့ တိတိပပ Count မလုပ်တတ်သေးဘူး။ အကြီး အသေး သိတယ်။ မြန်မာလိုတော့ မဟုတ်။ Big one နဲ့ Tiny one နဲ့ ဆိုပြီးတော့။ စာတွေ ဘာတွေတော့ မသင်ပေးသေးဘူး။ ၄ နှစ်ပြည့်ပြီးရင်တော့ တစ်ခုခု စသင်ပေးမလားပဲ။ အခုတော့ ငယ်ပါသေးတယ်။
ကျွန်တော်လည်း မအားတာနဲ့ အသေအချာ မရေးနိုင်တော့ဘူး။ ဒါပေမယ့် အခုတောင် အရင်တုန်းက ကလေးတွေ အကြောင်း ကိုယ့်စာကိုယ် ပြန်ဖတ်ပြီး အမှတ်ရရတယ် ဆိုတော့ လောလောဆယ် မှတ်မိသလောက် ရေးထားလိုက်မယ်။ နောက်လည်း ကိုယ်ကိုယ်တိုင်ပြန်ဖတ်လည်း ကြည်နူးရပါတယ်။
လောလောဆယ်တော့ သမီးလေး မွေးနေအလှူတွေကို ရေးမှတ်ထားပြီး အမျှဝေလိုက်ပါတယ်။
ဟောဒါကတော့ သူတို့ ကျောင်းမှာ ဒီနေ့ လုပ်တဲ့ Birthday Party လေးပါပဲ။
Feed တွေကို Subscribe လုပ်ပြီး ဖတ်တဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဒီ Blog မှာ တခြား မြန်မာ Blog တွေက ကောင်းနိုးရာရာ လေးတွေကို Preview လုပ်ထားပါတယ်။ Blog ကို လာလည်ပြီး ဖတ်မယ်ဆို တစ်ထိုင်တည်းမှာ တခြား စိတ်ဝင်စားဖွယ်ရာ Post လေးတွေကိုပါ သွားလည်နိုင်ပါတယ်။ Comment တွေပါ ဖတ်လို့ ရတော့ တခြားသူတွေ ၀င်ရောက် အားပေး ဆွေးနွေးထားတာတွေ၊ အမှား ပြင်ပေးထားတာတွေပါ ဖတ်လို့ ရတယ့် အတွက် အလည်လာဖို့ ဖတ်ခေါ်ပါတယ်။
ဟုတ်ပါတယ်။ ၆၀ ပါ။ Statcounter အရ ဆိုရင်တော့ ဟစ် ၆ သိန်းပါ။ ပို့စ် ၂၄၅ ခုကို အချိန် ၃ နှစ် အတွင်းမှာ ရေးပြီး ဟစ် ၆ သိန်း ရလာတယ်ဆိုတာ ကျွန်တော် မယုံချင်ပါဘူး။ ဒီလောက် မထူးဆန်းတဲ့ အတွေ့အကြုံတွေ ဒီလောက် Cliche ဖြစ်တဲ့ စာတွေ၊ ဒီလောက် စွဲမက်ဖွယ်ရာ မရှိတဲ့ ရေးဟန်တွေနဲ့ ဒီလို ဟစ်တွေ ရတယ်ဆိုတော့ ကျွန်တော်လို ဘလော်ဂါအတွက်တော့ တန်ပါတယ်။ တစ်ဘက်ကလည်း Management စကားနဲ့ ဆိုရရင်တော့ ပို့စ်နည်းနည်းနဲ့ ဟစ်များများ ရတာ Efficiency ကောင်းတယ် ပြောရမည်။ ထားပါတော့။ ကျွန်တော့် ဘလော့က ရောင်းကောင်းတယ်။ ဟစ်ကောင်းတယ်။ ဒါပေမယ့် ဒီဘလော့က စာတွေ ဖတ်ပြီး လူတွေရော တကယ် အကျိုးရှိရဲ့လား ဆိုတာကတော့ ကိုယ့်ဘာကိုယ်အတွက် မေးစရာ တစ်ခုဖြစ်လာပါတယ်။ Efficiency တော့ ကောင်းပါတယ်။ Effective ဖြစ်ရဲ့လားပေါ့။ အဲဒီလို Effective ဖြစ်တဲ့ စာတွေ၊ ထိတဲ့ စာတွေကိုသာ ရေတွက်ကြည့်မည်ဆိုရင် ကျွန်တော်မှာ Hit ဖြစ်တာ ၆၀ တောင် ရှိပါ့မလား တွေးတောမိပါတယ်။
ကျွန်တော်ရေးတာတွေက သတ်သတ်မှတ်မှတ် ရှိပါတယ်။ တကယ်တော့ ဒီလိုဆိုတာ ကြားကောင်းအောင် ပြောတာပါ။ တကယ်တော့ ကျွန်တော့် ဗဟုသုတတွေက Limited သိပ်ဖြစ်လှပါတယ်။ ဒါကြောင့် ကျွန်တော် ရေးတာတွေက ကလေးတွေအကြောင်း ဟင်းချက်နည်း သြစတြေးလျအကြောင်းနဲ့ ITနဲ့ သက်ဆိုင်တာ နည်းနည်းပါးပါးပါ။ ဒီအကြောင်းအရာတွေထဲမှာ ဟင်းချက်နည်း ပို့စ်က Effective အဖြစ်ဆုံး ဖြစ်နေတာ ၀မ်းနည်း ၀မ်းသာ ကိုယ့်ကိုယ်ကို ရိပ်စားမိလိုက်ပါတယ်။ ဘာကြောင့် ဟင်းချက်နည်း ပို့စ်တွေက သြစတြေးလျအကြောင်းတို့ ကလေးအကြောင်းတို့ထက် Effective ဖြစ်တယ် ထင်ရသလဲဆိုတာ ရှင်းပြပါရစေ။
Feed တွေကို Subscribe လုပ်ပြီး ဖတ်တဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဒီ Blog မှာ တခြား မြန်မာ Blog တွေက ကောင်းနိုးရာရာ လေးတွေကို Preview လုပ်ထားပါတယ်။ Blog ကို လာလည်ပြီး ဖတ်မယ်ဆို တစ်ထိုင်တည်းမှာ တခြား စိတ်ဝင်စားဖွယ်ရာ Post လေးတွေကိုပါ သွားလည်နိုင်ပါတယ်။ Comment တွေပါ ဖတ်လို့ ရတော့ တခြားသူတွေ ၀င်ရောက် အားပေး ဆွေးနွေးထားတာတွေ၊ အမှား ပြင်ပေးထားတာတွေပါ ဖတ်လို့ ရတယ့် အတွက် အလည်လာဖို့ ဖတ်ခေါ်ပါတယ်။
မြန်မာ စကားတစ်ခုရှိတယ်။ သားဦး အရူးတဲ့။ တကယ်တော့ သားဦး သမီးဦးဆို မိဘတွေက အရူးအမူး ချစ်တတ်ကြလို့ သားဦး အရူးလို့ ပြောကြတယ်ဆိုပဲ။ သားသမီးဦး ရလာတဲ့ မိဘတွေ အရူးအမူး ဖြစ်ကြပြီး ကလေးကို မလုပ်သင့် တာတွေလုပ် မပြုသင့်တာတွေ ပြုနေတာမျိုးတွေ တွေ့နေရရင်တောင် မိဘတွေကို သားဦးအရူးမို့ ဖြစ်နေတာပါဆိုပြီး အပြစ်မဆိုရက်ကြပါဘူး။ ကြည့်ပါဦး သူ့ကလေးကို ချစ်လိုက်တာ ဆိုပြီး မိဘကိုတောင် ချီးကျူးတတ်ပါသေးတယ်။ ဒီစကားကိုပဲ တခြား နောက်တစ်မျိုး အဓိပ္ပါယ် ယူပြီး ပြောကြတာလည်း ရှိသေးတယ်။ သားအကြီးဆုံး သမီးအကြီးဆုံးများဖြစ်ရင် သားဦးအရူး ဆိုပြီးတော့။ ကျွန်တော့် အထက်မှာ အစ်ကိုတစ်ယောက် ရှိတယ်။ အိမ်မှာများ သူပေါက်ကရတစ်ခု လုပ်ပြီဆို အမေကနေစပြီး ကျန်တဲ့ ညီအစ်ကိုတွေက ဆွမ်းကြီး ၀ိုင်းလောင်းကြတယ်။ သားဦး အရူးလေ ဆိုပြီးတော့။
နောက်ပြီး ကျွန်တော် တွေ့ကြုံခဲ့ရတဲ့ မိသားစုတွေ အားလုံးကို ပြန်သုံးသပ်ကြည့်လိုက်တော့ များသောအားဖြင့်က သားဦး သမီးဦးတွေက အငယ်တွေလောက် မဖြစ်ထွန်းကြပါဘူး။ (ကိုယ်တွေ့ဖူးတဲ့ အထဲက ပြောတာပါ။ ယေဘုယျအားဖြင့် သဘာဝအားဖြင့် မှန်ချင်မှလည်း မှန်မယ်လေ။)အိမ်မှာလည်း သမီးကြီးနဲ့ သားအငယ် ရှိတာ အသက်ကသာ ကွာတာ သားက သမီးလုပ်သမျှ သမီးပြောသမျှကို အကုန်လိုက်ပြောနိုင်တယ် အကုန် လိုက်လုပ်နိုင်တယ်။ နောက်ဆို သမီးကတောင် နောက်ကောက်ကျသွားနိုင်တယ်။ သားက အရမ်းသွက်တယ်။ အလွန်အကင်းပါးတယ်။ စကားဆိုလည်း အတော်လေးကို ပြောတတ်နေပြီ။ သမီး သားအရွယ်ကနဲ့ စရင် သားက အများကြီးသာတယ်။
ပြောရမည်ဆိုရင်တော့ သားက သမီးထက် အစစ အရာရာ ပိုပြီး ဖွံ့ဖြိုးတိုးတက်တယ်။ ကျွန်တော်တို့ တွေးမိတယ်။ သိပ္ပံနည်းကျတော့ မှန်ချင်မှ မှန်မည်။ သားကို ကိုယ်ဝန်ဆောင်တော့ အမေဗိုက်က ချောင်ချောင်ချိချိ ဖြစ်နေပြီ။ သမီးကို ကိုယ်ဝန်ဆောင်ပြီးသားဆိုတော့ မိခင်က အစစအရာ ကမ္မဇီဝအားဖြင့် ပြောင်းလဲထားပြီးပြီဆိုတော့ သားအတွက် ပိုပြီး အဆင်ပြေစေတယ်။ အဲဒီလိုနဲ့ သားက မိခင်ဆီက အဟာရတွေ သွေးတွေ ကောင်းကောင်း ရထားလို့များ သားအငယ်က သမီးကြီးထက် ပိုပြီး ဖွံ့ဖြိုးတိုးတက်ရတာများလားပေါ့။ ပြောလို့မရဘူး ဒီအကြောင်းကို ဆေးဘက်ဆိုင်ရာတွေက စစ်တမ်းတွေ ကောက်ပြီး လုပ်ချင်လည်း လုပ်ကြမလားပဲ။ ဥပမာ မိခင် ဆေးလိပ်သောက်တဲ့ သားသမီးတွေက တိုးတက်မှု နည်းတာတို့ ကိုယ်ဝန်ဆောင်စဉ်မှာ အဟာရချို့တဲ့သော အိုင်အိုးဒင်း ချို့တဲ့သော မိခင်တွေရဲ့သားသမီးတွေက ဉာဏ်ရည်သိပ်မကောင်းတာတို့ ဘာတို့တောင် ဒီလိုပဲ စစ်တမ်းတွေကောက် စစ်ဆေးပြီး စူးစမ်းထားကြသေးတာပဲ။
နောက်တစ်ချက် ဖြစ်နိုင်တာက မိဘတွေက ပထမဆုံး ကလေးမှာတော့ မလုပ်တတ် မကိုင်တတ်နဲ့ ဖြစ်ပြီး နောက်ကလေးတွေကျတော့ အတွေ့အကြုံရှိထားတော့ ပိုကောင်းအောင် ပြုစု ပျိုးထောင်နိုင်တာလည်း ဖြစ်မည်။ ဥပမာ ကျွန်တော်ငယ်ငယ်က ဘယ်ဘက်လက်နဲ့ စာရေးတော့ ကျွန်တော့် အစ်ကိုတုန်းကလို အတင်း မလုပ်တော့ဘဲ ပေးရေးတာမျိုး။ အထူးသဖြင့် ပညာရေး ကျန်းမာရေးနဲ့ ပက်သက်ရင် မိဘတွေက ပထမဆုံး ကလေးမှာတော့ အသေအချာ ရေရေရာရာ မသိထားရင်တောင် နောက်ကလေးတွေဆို ပိုပြီး ဗဟုသုတ ပြည့်ဝနေတော့ နောက်မှ ရောက်တဲ့ ကလေးအတွက် အစစ အရာရာ ပိုကောင်းနေတတ်တယ်။ ပထမကလေးမှာ ပထမဆုံးအကြိမ် အပြင်းအထန်ဖျားလို့ ကိုယ်အပူချိန် အရမ်းများနေတာကို မိဘတွေ အနေနဲ့ အပူချိန် အရမ်း မတက်သွားအောင် ရေပတ် တိုက်ပေးရကောင်းမှန်း မသိပေမယ့် နောက်အကြိမ်တွေ နောက်ကလေးတွေမှာတော့ ဒီလိုမျိုး ထပ်မဖြစ်နိုင်တော့တာမျိုး။ သားသမီး အကြီးတွေ ပညာရေးအတွက် ဘယ်ကျောင်းထားရမလဲ ဘယ်စာကို ဘယ်လို သင်ပေးရမယ်မှန်း မသိပေမယ့် နောက်ကလေးတွေမှာတော့ အတော်များများကို မိဘတွေက သိနေတာမျိုးတွေက သာဓကတွေပါပဲ။
နောက်တစ်မျိုး တွေးကြည့်တာကတော့ ကလေးအငယ်တွေက ကိုယ့်ထက် အကြီးကို လိုက်ကြည့်ထားပြီး သင်ယူလို့ အငယ်တွေက အကြီးတွေထက် ပိုပြီး ဖြစ်ထွန်းတာလည်း ဖြစ်နိုင်တယ်။ သားကဆို သမီးလုပ်သမျှ အကုန် လိုက်ကြည့်ထားတယ်။ မှတ်ထားတယ်။ ပြီးတော့ ရှောင်သင့်ရင် ရှောင်တယ်။ ဘယ်စကားလုံးကို ဘယ်အချိန်မှာ ပြောလိုက်လည်း ရှေ့ကတစ်ယောက် ပြောတာကို ကြည့်ထားပြီး သူ့ဘာသူ စကားပြောသင်တယ်။ ကျွန်တော်တို့ကတောင် အထူးတလည် သင်ပေးနေစရာ မလိုဘူး။ သူ့အစ်မဆီကနေ သူ့ဘာသူ ကြည့်ပြီး သင်ယူသွားတယ်။ တစ်ခါတစ်လေ သူ့ဘာသာပြောတဲ့ စကားလုံးတွေကိုတောင် သမီးက လိုက်တုပပြီး ပြောနေသေးတယ်။ ဘယ်ကနေ ဘယ်လို ရသွားလဲ မသိဘူး။ သားက သူ မကြိုက်တာ ကျွေးရင်ပဲဖြစ်ဖြစ် တစ်ခုခု မကြိုက်တာဆိုရင် ကယ်..ကယ်နဲ့ ပြောရော အဲဒါကို သမီးက လိုက်တုပြီးပြောတယ်။ သမီးကလိုက်ပြောတာ ဆိုက်ကိုလည်း ပါတယ်။ သားက တစ်ခုခု လုပ်ပြ ပြောပြရင် လူကြီးတွေက ၀ိုင်းချီးကျူးကြ ၀ိုင်းချစ်ကြဆိုတော့ သမီးက သူကျန်ခဲ့မှာ စိုးလို့ လိုက်လုပ်တာ။
တကယ်တော့ ကလေးတွေ အတွက် အကောင်းဆုံး မြင်ဆရာကတော့ သူတို့ အရွယ်ကလေးတွေပါပဲ။ တချို့ အပိုင်းတွေဆို လူကြီးတွေက သင်ပေးမိချင်မှ သင်ပေးမိမည်။ သူတို့ အချင်းချင်း တစ်ယောက်ဆီက တစ်ယောက် သင်ယူတာက ပိုပြီးတော့လည်း အတတ်မြန်တယ်။ လူကြီးသင်ပေးတာထက်လည်း အလွယ်တကူ လက်ခံတယ်။ လူကြီးက အကောင်း ပြောရင်တောင် ကလေးတွေက လက်ခံချင်မှ လက်ခံတာ။ သူတို့ အချင်းချင်းဆိုရင်တော့ ဟုတ်နေတာပဲ။ သားနဲ့ သမီးကို ကလေးထိန်းကျောင်း ပို့ထားတာ ဒီလိုမျိုး အတွက်တော့ ကောင်းတယ်။ ဒီအရွယ်ကလေးတွေမှာ ဘာတွေ တတ်နေပြီလဲ ဘာတွေ လုပ်တတ်ရမှာလည်း ဘယ်လို Activity တွေ ရှိရမည်ဆိုတာ ကလေးထိန်းကျောင်းမှာ သူ့ဘာသူ ဖြစ်သွားတယ်။ ကလေးကို အိမ်မှာ တစ်ယောက်တည်း ထားမှ ကိုယ်က တခြားကလေးတွေနဲ့ တန်းတူ ဖြစ်အောင် မျက်ချည်မပြတ် လိုက်ကြည့်ပြီး တစ်ခုမကျန်အောင် အသေအချာ လိုက်လုပ်ပေးနေရမည်။ နောက်ပြီးတော့ အကြီးတွေက အငယ်တွေကို တွဲခေါ်တယ်။ သင်ပေးတယ်။ ပြောပြတယ်။ အဲဒီတော့ အငယ်တွေက အမှားကို အကြီးတွေလောက် မလုပ်မိတော့ဘူး။ သမီးဆို အသက်သာ သုံးနှစ် မပြည့်သေးတယ်။ သူ့မောင်လေးကို ပြုစု စောင့်ရှောက်ပုံများကတော့ တကယ့်အစ်မကြီးပဲ။ အမကြီးတော့လည် အမိအရာ အစ်ကိုကြီးတော့လည်း အဖ အရာပေါ့။ သူ့မောင်လေး တစ်ခုခု မဟုတ်တာ လုပ်နေရင် ကျွန်တော်တို့ကို လာပြောတယ်။ သူ့မောင်လေးကိုလည်း မလုပ်ရဘူး ပြောပြတယ်။ သူ့မောင်လေး ပါးစပ်ထဲကို မဟုတ်တာ တစ်ခုခု ထည့်နေမလား။ သောက်စရာ အရည်တွေ မှောက်ချထားမလား ပူစရာမလိုရဘူး။ သမီးက အစအစ အရာရာ တကယ့် အစ်မကြီး တစ်ယောက်လိုပဲ။ သူ့မောင်လေး လူကြီးတွေ ဆူလိုက်လို့ဖြစ်ဖြစ် လိုချင်တာ မရလို့ဖြစ်ဖြစ် ငိုနေပြီ ဆိုရင်လည်း သမီးက သူ့စောင်လေးနဲ့ မျက်ရည် သုတ်ပေးတယ်။ ခေါင်းတွေဘာတွေ စောင့်မိလို နာပြီး ငိုနေရင်လည်း မြတ်နိုးက မိဘတွေထက် ဦးအောင် သူ့စောင်လေးနဲ့ ကျတ်ပူထိုးပေးတယ်။ အသက် ဘယ်လောက်ငယ်ငယ် အကြီးတွေကတော့ အကြီးလိုပါပဲ။ အငယ်တွေကိုဆိုရင် ပြုစု စောင့်ရှောက်ပေးတယ်။ အဖော်လုပ်ပေးတယ်။ အခါများစွာမှာလည်း အကြီးတွေက စွန့်လွှတ် အနစ်နာခံပေးလိုက်လို့ အငယ်တွေရဲ့ ဘ၀က ပိုမို ကောင်းမွန်သွားစေတယ်။
အလယ်မို့လို့ လပ်တယ် အလယ်အလတ်ဆိုပြီး အလတ်ကောင်တွေ အတွက် စကားရှိတယ်လေ။ သားဦးသမီးဦးလေးဆိုလည်း ရူးနေအောင် ချစ်လိုက်ရ။ အငယ်ဆုံး အထွေးဆုံး သားသမီးဆိုရင်လည်း အလိုလိုက်ရ ချစ်လိုက်ရနဲ့ အလယ်က သားသမီးတွေ မိဘတွေရဲ့ မေတ္တာကို ငတ်မွတ်တယ်ဆိုပြီး ခံစားကြတယ်။ အဲဒီလိုမျိုးပဲ သားလေးကို သမီးလေးနဲ့ ကပ်လျှက်မွေးလိုက်တော့ သမီးလေးကို ဂရုမစိုက်နိုင် ဖြစ်မှာစိုးလို့ သူ့အမေ သားငယ်ထူးကို ဂရုစိုက်နေချိန်မှာ ကျွန်တော်က သမီးလေးမြတ်နိုးကို ပိုပြီး ဂရုစိုက်ရ အလိုလိုက်ရရော။ အဲဒီလို လုပ်တော့လည်း သူ့အမေက ဒီသားလေးက မမျှော်လင့်ဘဲ ရလာတာမို့ Plan မဆွဲဘဲ ရလာတာမို့ ကျွန်တော်က မချစ်ဘူး တွေးထင်ပြီး ခံစားနေမှာ စိုးလို့ သားလေးကိုလည်း ကျွန်တော်မှ ချစ်ပြလိုက်ရတာ။ တကယ်လည်း ချစ်ပါတယ်။ ဒါပေမယ့် အဲဒီလို မခံစားရအောင် Assure လုပ်ရတော့ ကျွန်တော့်မှာ သားနဲ့ သမီးကို လိုအပ်တာထက်တောင် ပိုချစ်နေသေးတယ်။ စာဖတ်ပရိတ်သတ် တချို့ကလည်း သမီးလေးတုန်းက Post တွေ အများကြီး ရေးတယ်နော်။ သားလေး အကြောင်းကနည်းတယ်တဲ့။ တကယ်တော့ နှစ်ယောက်စလုံးကို ချစ်ပါတယ်။ အခု နှစ်ယောက် ရှိလာတော့ အလုပ်ပိုရှုပ်လာပြီး သူတို့ အကြောင်းတွေကို အသေအချာ မမှတ်ထားမိလို့ သားလေး မွေးပြီးတဲ့ နောက်ပိုင်းမှာ ကလေးအကြောင်း Post တွေက နည်းသွားတာပါ။ နောက်ပြီး ကလေးတွေက ကလေးထိန်းကျောင်းသွား မိဘတွေက ရုံးတက်နဲ့ ဆိုတာကြောင့်လည်း နည်းနည်းပါပါတယ်။ သမီးကိုလည်း သားဦး အရူးပေါ့ အရူးအမူးချစ်ရ။ သားကိုလည်း အငယ်လေး မို့လိုချစ်ရနဲ့။ ဘယ်လိုပဲ အဓိပ္ပါယ် ယူယူ သားဦး အရူးဆိုသလိုမျိုး မဖြစ်ရအောင် သမီးလေးနဲ့ သားလေးနဲိ့မိဘဆီက မေတ္တာရည် အတူအမျှ သောက်ရနိုင်အောင်ရယ် သူတို့လေးတွေ တတ်နိုင်သမျှ အတူတူ ဖွံ့ဖြိုး တိုးတက်အောင်ကတော့ ကျွန်တော်တို့ နှစ်ယောက်စလုံးရဲ့ အဓိက Concern ပါပဲ။
ု
Feed တွေကို Subscribe လုပ်ပြီး ဖတ်တဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဒီ Blog မှာ တခြား မြန်မာ Blog တွေက ကောင်းနိုးရာရာ လေးတွေကို Preview လုပ်ထားပါတယ်။ Blog ကို လာလည်ပြီး ဖတ်မယ်ဆို တစ်ထိုင်တည်းမှာ တခြား စိတ်ဝင်စားဖွယ်ရာ Post လေးတွေကိုပါ သွားလည်နိုင်ပါတယ်။ Comment တွေပါ ဖတ်လို့ ရတော့ တခြားသူတွေ ၀င်ရောက် အားပေး ဆွေးနွေးထားတာတွေ၊ အမှား ပြင်ပေးထားတာတွေပါ ဖတ်လို့ ရတယ့် အတွက် အလည်လာဖို့ ဖတ်ခေါ်ပါတယ်။
တစ်နေ့တော့ အိမ်ကို သူငယ်ချင်း မိသားစု တစ်စု လာလည်ပါတယ်။ သူတို့ကလည်း ကလေးရှိ၊ ကျွန်တော်တို့ကလည်း ကလေးရှိတော့ တွေ့လို့ရှိရင် ကလေးတွေ အကြောင်း ပြောဖြစ်ကြတယ်။ သမီးလေးက အတော် ကြီးနေပြီနော် သားလေးကရော အမေနို့စို့တုန်းပဲလား နို့ပြတ်သွားပြီလား မေးတော့ သူမ ပြန်ဖြေပုံကိုလည်း ကြည့်ပါဦး
ကလေးတွေကတော့ ပြတ်သွားပါပြီ...
Feed တွေကို Subscribe လုပ်ပြီး ဖတ်တဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဒီ Blog မှာ တခြား မြန်မာ Blog တွေက ကောင်းနိုးရာရာ လေးတွေကို Preview လုပ်ထားပါတယ်။ Blog ကို လာလည်ပြီး ဖတ်မယ်ဆို တစ်ထိုင်တည်းမှာ တခြား စိတ်ဝင်စားဖွယ်ရာ Post လေးတွေကိုပါ သွားလည်နိုင်ပါတယ်။ Comment တွေပါ ဖတ်လို့ ရတော့ တခြားသူတွေ ၀င်ရောက် အားပေး ဆွေးနွေးထားတာတွေ၊ အမှား ပြင်ပေးထားတာတွေပါ ဖတ်လို့ ရတယ့် အတွက် အလည်လာဖို့ ဖတ်ခေါ်ပါတယ်။
အမျိုးသမီးတွေ အတွက်တော့ အိမ်ထောင်ပြုတာကြောင့်ပဲ ဖြစ်ဖြစ် ကလေး မွေးတာကြောင့်ပဲ ဖြစ်ဖြစ် ဘ၀လမ်းကြောင်းက အများကြီး ပြောင်းလဲသွားနိုင်ပါတယ်။ များသောအားဖြင့်တော့ ကလေး မွေးလိုက်ရင် အလုပ်အကိုင်ဘက်မှာ အများကြီး ထိခိုက်သွားနိုင်ပါတယ်။ ကလေးမွေးဖို့ အနည်းဆုံးတော့ ခွင့် ၃လလောက်တော့ ယူရတာပဲ။ ခွင့် ၃ လယူတာဟာ စင်္ကာပူလို နိုင်ငံက တိုက်တိုက်တွန်းတွန်း ခိုင်းတဲ့ ကုမ္ပဏီတွေမှာတော့ ဘော့်စ်က မကြည်ဖြူတာကနေ အလုပ်ပြုတ်သွားတာမျိုးအထိ ရှိတာတွေ ကြားနေရပါတယ်။ သြစတြေးလျလို အမေရိကားလိုနိုင်ငံတွေမှာလည်း ကလေးအမေတွေဟာ ယေဘုယျ အားဖြင့် လခနည်းတယ်၊ အထက်ကို တမ်းလှမ်းဖို့ အခွင့်အရေး နည်းနေတာတွေ ရှိနေသေးတာပဲ။
Feed တွေကို Subscribe လုပ်ပြီး ဖတ်တဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဒီ Blog မှာ တခြား မြန်မာ Blog တွေက ကောင်းနိုးရာရာ လေးတွေကို Preview လုပ်ထားပါတယ်။ Blog ကို လာလည်ပြီး ဖတ်မယ်ဆို တစ်ထိုင်တည်းမှာ တခြား စိတ်ဝင်စားဖွယ်ရာ Post လေးတွေကိုပါ သွားလည်နိုင်ပါတယ်။ Comment တွေပါ ဖတ်လို့ ရတော့ တခြားသူတွေ ၀င်ရောက် အားပေး ဆွေးနွေးထားတာတွေ၊ အမှား ပြင်ပေးထားတာတွေပါ ဖတ်လို့ ရတယ့် အတွက် အလည်လာဖို့ ဖတ်ခေါ်ပါတယ်။